တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁.၁၁.၂၀၂၁) မှ (၅.၁၁.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးငြိမ်နေရာမှ သောကြာနေ့မှာတော့ ဒေါ်လာဈေးတက်လာတဲ့အတွက် ဈေးတက်လာပါတယ်။ အိန္ဒိယမှာ ပွဲတော်ကာလမို့ ဈေးတွေတက်နေပေမယ့် ပြည်တွင်းမှာတော့ ငွေလဲလှယ်နှုန်းဈေးကြောင့် ကျဆင်းနေခဲ့ပါတယ်။
အိန္ဒိယက ပြီးခဲ့တဲ့ ၂ လလောက်က ဖြေလျော့ပေးလိုက်တဲ့ ပဲသိုလှောင်ခွင့်အကန့်အသတ်က အောက်တိုဘာလမှာအပြီးသတ်သွားပေမယ့် သက်တမ်းတိုးတာကို ဆက်လက်လုပ်ဆောင်တာမျိုးမရှိလို့ ပဲကုန်သည်တွေက စောင့်ကြည့်နေတဲ့အတွက် ဈေးက ကျဆင်းနိုင်ခြေလည်းရှိနေတယ်လို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားပါတယ်။
ပြည်တွင်းမှာလည်း ပဲလက်ကျန်လျော့နည်းတာရော ဈေးတွေဆက်တိုက်ကျဆင်းသွားတာကြောင့်ရော ပဲရောင်းဝယ်မှုကို စောင့်ကြည့်နေတဲ့အနေအထားရှိတယ်လို့လည်း ပဲကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၄ သိန်းကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅၀၀၀ လောက်ဈေးတက်လာပါတယ်။
မန္တလေး ဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၃၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်တော့ ၁၀၀၀၀ လောက်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အဝယ်လျော့နည်းလို့ ဈေးတွေ ကျဆင်းသွားလို့ သိရပါတယ်။
ထို့ပြင် ပဲသိုလှောင်ခွင့်ကန့်သတ်ချက်ကို သက်တမ်းမတိုးပေးသေးတဲ့အတွက် ဝယ်ယူရေးကို စောင့်ကြည့်နေလို့ ဈေးက လတ်တလောမှာ အကျဘက်ကိုဦးတည်နေပါတယ်။ ကန့်သတ်ချက်က လာမယ့်အပတ်အတွင်း ဖြေလျော့မှုတစ်စုံတစ်ရာရှိလာရင်တော့ ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံကတော့ ပဲတင်သွင်းမှုက လာမယ့်ဒီဇင်ဘာလအထိ တင်သွင်းရမှာဖြစ်လို့ ပြည်တွင်းငွေကြေးအပြောင်းအလဲပေါ်မူတည်ပြီးသာ ဈေးအတက်အကျက အပြောင်းအလဲများစွာဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်းအောက်လျော့ကျသွားပြီး တစ်တန်ကို ၁၁ သိန်း ၆ သောင်းခွဲပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် ၂၀၀၀၀ ကျော်လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးမှာတော့ ဈေးမဖွင့်ပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆၀၀၀ လောက်ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာဈေးတွေကျဆင်းသွားပါတယ်။ ငွေကြေးပြောင်းလဲတာ ဈေးကအဓိက ကျဆင်းနေတာဖြစ်ပြီး မျိုးပဲတွေသာအရောင်းအဝယ်ရှိနေတာဖြစ်လို့ လက်ကျန်မရှိတော့တဲ့ ပဲတွေက ဈေးကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၉၆၅ မှ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၁၆၅ မှ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းကတော့ ၂၆၅၀ ကနေ ၂၇၂၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးမှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၀၅၀၀၀ကနေ ၁၀၆၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ကုလားပဲ(V2) ကတော့ ၁၁၇၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ ကုလားပဲ(V7)က တစ်အိတ်ကို ၁၁၄၀၀၀ကနေ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပြောင်းဆံ
ပြီးခဲ့တဲ့အပတ်ကအထိ ဈေးဆက်တိုက်ကျဆင်းနေတဲ့ ပြောင်းဆံကတော့ ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ဝယ်ယူမှုများတဲ့အတွက် တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၆၄၀ ကနေ ၆၆၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၃၀၅၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေတာဖြစ်ပါတယ်။ ပြည်ပဝယ်ယူသူမရှိ၍လျော့နည်းသွားတဲ့အတွက်ကြောင့် ဈေးက ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊ပုခုက္ကူ)တို့က တစ်ပိဿာကို ၂၀၀ မှ ၈၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၅၀ မှ ၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026