တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂၆.၇.၂၀၂၁ မှ ၃၀.၇.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်စပါး
ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေကတော့ လက်ရှိမှာ ဆန်ကောင်း မှ ရောင်းရနေတဲ့အနေအထားရှိပြီး ဈေးတွေကတော့ ငြိမ်နေပါတယ်။ ကိုဗစ်ကြောင့် ကုန်စည်ဒိုင်အများစု ပိတ်ထားရတဲ့အခြေအနေလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ကျပ်၊ဒေးဒရဲကြားပျံရှယ်က တစ်အိတ်ကို ၄၁၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန် နဲ့ ဒေးဒရဲပေါ်ဆန်းတို့က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၉၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကိ ၃၁၅၀၀ မှ ၃၃၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၅၀၀၀ မှ ၂၆၀၀၀၊ ငစိန်ဆန်က တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ပေါက်ဈေး အသီးသီး ရှိပါတယ်။ ဧရာဝတီတိုင်းမှာတော့ လက်ရှိ အရောင်းအဝယ်တွေကနားထားပြီး ဈေးတွေကလည်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ ပေါ်ဆန်း(ဆန်သား၈၀)က တစ်အိတ်ကို ၃၉၄၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်၊ ဆန်သား၉၀ က တစ်အိတ်ကို ၄၁၆၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၈၀ )က တစ်အိတ်ကို ၃၂၉၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဆန်သား ၉၀ က တစ်အိတ်ကို ၃၄၄၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဧည့်မထ(ဆန်သား ၈၀)က တစ်အိတ်ကို ၂၅၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဆန်သား ၉၀ က တစ်အိတ်ကို ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မတ်ပဲ
မြန်မာတစ်နိုင်ငံလုံးနီးပါးက ကုန်စည်ဒိုင်တွေအကုန် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့အခြေအနေမှာ ဈေးကွက် တစ်ခုလုံးရပ်တန့် လုနီးပါးဖြစ်ခဲ့ပါတယ်။ မတ်ပဲကတော့ လက်ရှိ အရောင်းအဝယ်က မရှိပေမယ့် ဈေးတွေကတော့ တက်နေပါတယ်။ ကုန်သည်များအကြား ဖုန်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေရတယ်လို့ သိရပါတယ်။
ဇူလိုင်လ အစမှာ အိန္ဒိယက ပဲသိုလှောင်ခွင့်နဲ့ပတ်သတ်ပြီး ကန့်သတ်ခဲ့တဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေ က ကျဆင်းသွားခဲ့ပြီး ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ ပြန်လည်ဖြေလျော့ပေးခဲ့တဲ့အတွက် ပဲဈေးတွေက ပြန်လည်တက်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက် နဲ့ မန္တလေးဈေးကွက်အပါအဝင် မြို့အများစု မှာ ပဲဈေးကွက်မဖွင့်ပေမယ့် မော်လမြိုင်ဈေးကွက်မှာတေ့ာ တစ်တင်းကို ၃၉၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မြန်မာပြည်တွင်းမှာသာ အရောင်းအဝယ်ရပ်တန့်ထားတဲ့အတွက်ကြောင့် ဈေးကွက်ပေါက်ဈေးကို တိတိကျကျမသိရပေမယ့် အိန္ဒိယမှာတော့ မြန်မာမတ်ပဲဈေးတွေ သိသိသာသာဈေးတက်လာပြီးတော့ သင်္ဘောတင် မတ်ပဲ CNF ဈေးတွေက တစ်တန်ကို ၉၀၀ ကနေ ၁၀၀၀ ကြား ထိ ပေါက်ဈေးရှိလာခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့ ကုန်စည်ဒိုင်ဈေးတွေ ပြန်ဖွင့်လာမယ့်အချိန်မှာတော့ မတ်ပဲက အတက်ဈေးနဲ့ ပြန်ဖွင့်နိုင်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ပဲစင်းငုံနီ
ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ အရောင်းအဝယ်ကလည်း မရှိပါဘူး။ ပဲစင်းငုံနီက အကျဈေးနဲ့ ပဲ ဈေးကွက်က ပိတ်ထားခဲ့ရပြီး ပိတ်ထားရတဲ့ ၂ ပတ်အတွင်းမှာ ဈေးတွေ အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။
အိန္ဒိယရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်က တန် ၂၀၀ အစား တန် ၅၀၀ လို့ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အတွက် အိန္ဒိယကုန်သည်တွေ အဝယ်လိုက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် သိုလှောင်ခွင့် သတ်မှတ်တဲ့အချိန်တုန်းက ပဲအမြောက်အများ သင်္ဘောအဝင်တွေ ရှိနေတာဖြစ်တဲ့အတွက် ပဲစင်းငုံနီက ထင်သလောက် တက်ဖို့ မရှိနိုင်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်မှုတွေ ပြုလုပ်ထားကြောင့် အိန္ဒိယ စိုက်ပျိုးရေး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန် ၊မန္တလေးအပါအဝင်မြို့အများစု ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ ဈေးကွက်က လတ်တလောမရှိပေမယ့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။
မြန်မာ့ပဲစင်းငုံနီကတော့ လက်တလော ပဲလက်ကျန်ကလည်း မရှိတဲ့အတွက် ဈေးကွက်စဖွင့်တဲ့အချိန် အနည်းငယ် တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ရန်ကုန်ဈေးကွက်မှာ ပိတ်ထားတဲ့အတွက်ဈေးကတော့ လက်တလော မသိရပါဘူး။ ဈေးကွက်ပိတ်ချိန်မှာတော့ အတက်ဈေးနဲ့ ပဲ ဈေးငြိမ်နေခဲ့တာပါ။
ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် လက်လီဈေးကွက်မှာတော့ ဈေးတွေက မြင့်တက်နေခဲ့ပါတယ်။ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ကနေ ၅၀၀၀ ကြားအထိ ဈေးမြင့်တက်နေခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ထူး၊၄၊၅)ကတစ်ပိဿာကို ၂၃၀၀ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....