တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂၂.၁၁.၂၀၂၁) မှ (၂၆.၁၁.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း အတက်အကျသိပ်မရှိပါဘူး။ ငွေကြေးအပြောင်းအလဲပေါ်မူတည်နေပြီး တစ်တန်ကို ၁၄ သိန်းပတ်ချာလည်ရှိနေပြီး ၁ သောင်းလောက်သာ အတက်အကျရှိနေသည်။
အိန္ဒိယမှာတော့ ပဲအဝယ်နည်းလို့ မတ်ပဲ ဈေးက အနည်းငယ် ကျဆင်းနေတယ်လို့သိရသည်။ ငွေကြေးဈေးသိသာစွာပြောင်းလဲမှသာ ပြည်တွင်းပဲဈေးက တက်လာနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလကုန်ထိတော့ ပဲဈေးက ငြိမ်နေဦးမယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
မတ်ပဲ (FOC) ဈေးက တစ်တန်ကို ဒေါ်လာ ၈၀၀ ကနေ ၈၂၀ ကြား ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်အနည်းငယ်တော့ ဈေးတက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁၄ သိန်း ၂ သောင်းနီးပါးပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၃ သောင်းနီးပါးဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၅၀၀၀ ပေါက်ဈေးရှိနေပြီး ၃၀၀၀ ဈေးတက်ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၇၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက် ဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်တစ်ပတ်လုံး ဈေးအပြောင်းအလဲမရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဈေး အနည်းငယ် ပြန်တက်လာခဲ့သည်။ ပြည်တွင်းပဲအဝယ်များလာလို့ ဈေးအနည်းငယ် ပြန်တက်လာတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီတွေ အဝင်များနေပြီး လာမယ့် ဒီဇင်ဘာလအတွင်း အသစ်တွေပေါ်မှာ ဖြစ်လို့ ပဲစင်းငုံနီက လက်ရှိပေါက်ဈေးထက် ကျဆင်းနိုင်တယ်လို့ အိန္ဒိယ ပဲသတင်းတွေအရ သိရသည်။
ပဲစင်းငုံနီ (FOC) ဈေးက တစ်တန်ကို ၆၆၀ ဒေါ်လာကနေ ၆၈၀ ပေါက်ဈေးရှိပြီး အနည်းငယ်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၈ သောင်း ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို တစ်သောင်းခွဲလောက်ဈေး တက်လာပါတယ်။
မန္တလေးမှာတော့ လက်ရှိအချိန်ထိ ဈေးဖွင့်ခြင်းမရှိသေးပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာ တရုတ်တင်ပို့မှု အနည်းငယ်ရှိနေပြီး ဒေသအချို့မှာ ပဲလက်ကျန်မရှိတော့တဲ့အတွက် ဈေးက တက်လာလာလို့သိရပါတယ်။ ပဲတီစိမ်းက တရုတ်အပြင် အိန္ဒိယကိုလည်း တင်ပို့မှုရှိနေတာဖြစ်လို့ လက်ရှိအရောင်းအဝယ်ကတော့ သွက်နေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)က ၂၅၀၀ ကနေ ၂၅၈၅ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။ ပဲခူးရွှေဝါကလည်း ၂၂၆၅ ကနေ ၂၃၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ) ကတော့ ၂၅၀၀ ကနေ ၂၅၈၅ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၃၀၀၀၀ အထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (ရှမ်း) ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေခဲ့ပြီး ဒီတစ်ပတ်မှာလည်း ထပ်ကျဆင်းသွားပါတယ်။ ပစ္စည်းတွေ များနေပြီး အဝယ်နည်းတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ (ရှမ်း၊အောင်ပန်း) က တစ်ပိဿာကို ၁၅၀၀ ကနေ ၃၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၂၇၀၀ ကနေ ၃၄၀၀ ရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ၃ ပတ်လောက်ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွား ပါတယ်။ အဝင်များလို့ ဈေးတွေကျဆင်းသွားတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ၄၇၀၀ ကနေ ၅၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်မှာတော့ တစ်ပိဿာကို ၄၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
သကြား
သကြားက ပြီးခဲ့တဲ့အပတ်က ငွေကြေးဈေးအပြောင်းအလဲကြောင့် ဈေးကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြန်တက်လာပါတယ်။ လက်ကျန်လျော့နည်းပြီး အဝယ်များလို့ ဈေးက ပြန်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းမှ သကြားဝင်ရောက်မှုကလည်း လျော့နည်းသွားပါတယ်။
သကြားကတော့ လာမယ့် ဒီဇင်ဘာလမှာ သကြားအသစ်တွေ ထွက်မှာဖြစ်တဲ့အတွက် သကြားဈေးက ကျဆင်းနိုင်ခြေရှိတယ်လို့ သကြားကုန်သည်အသင်းက ဆိုထားပါတယ်။
ရန်ကုန်ဘုရင့်နာင်ဈေးကွက်မှာ သကြား (ပြည်တွင်း)က တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
သကြား(ယိုးဒယား)ကလည်း တစ်ပိဿာကို ၁၉၅၀ ကနေ ၁၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....