တစ်ပတ်အတွင်း လယ်ယာသီးနှံဈေးကွက် သုံးသပ်ချက်
(၁၁.၁.၂၀၂၁ မှ ၁၅.၁.၂၀၂၁) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
မတ်ပဲ
မတ်ပဲကတော့ ဈေးထပ်ပြီး ကျဆင်းနိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက သုံးသပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲလိုအပ်ချက်သိပ်မရှိတဲ့အတွက်ကြောင့် အိန္ဒိယကုန်သည်များက ပဲအဟောင်းအစား ပဲအသစ်ကို ဝယ်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပဲဈေးတက်နိုင်ခြေရှိသေးတယ်ဆိုပြီး အတက်ဈေးကို မျှော်နေတဲ့ တောင်သူများအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း ကုန်သည်များက သုံးသပ်ပါတယ်။ ပြည်တွင်းမှာလည်း ပဲ လက်ကျန်က တစ်သိန်းကျော်ကျန်ရှိနေသေးတဲ့အတွက် မတ်ပဲဈေးက တက်နိုင်ခြေမရှိတော့ဘူးလို့သိရပါတယ်။ ပဲအသစ်ပေါ်ချိန်မှာတော့ အနည်းငယ်ဈေးတက်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။
လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၉၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် သုံးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁၀၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို လေးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။
မန္တလေးမှာတော့ ပဲအဟောင်းတွေကဈေးကွက်အတွင်း အရောင်းအဝယ်မရှိပဲ အသစ်သာအရောင်းအဝယ် ရှိနေပါတယ်။ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၇၀၀ကျပ် ဈေးကျဆင်း သွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက ပြီးခဲ့တဲ့နှစ်က အထွက်နည်းတဲ့အတွက် ဈေးကောင်းရရှိခဲ့ပေမယ့် အိန္ဒိယဝယ်ယူမှုလျော့နည်းတဲ့အတွက် ဈေးကပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။
ပုံမှန် အိန္ဒိယနိုင်ငံက လာမယ့် ဧပြီ၊ မေလမှာ တင်ပို့ဖို့အတွက် ပြင်ဆင်မှုတွေရှိပေမယ့် ယခုနှစ်မှာတော့ လက်ရှိအချိန်ထိ ဝယ်ယူမှုနဲ့ပတ်သတ်ပြီး အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ပဲအသစ်တွေကလည်း ဈေးကွက်အတွင်း ထွက်ရှိနေပြီး ဈေးကတော့ ပြည်တွင်းဝယ်ယူမှုနဲ့ အတက်အကျအနည်းငယ်ရှိနေပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ ပဲမျိုးစုံထွက်ရှိမှာ ဖြစ်တဲ့အတွက် ပဲစင်းငုံနီက ယခုဈေးထပ်ပိုပြီး ဈေးကျဆင်းနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီ(၂၀၂၁)က တစ်တန်ကို ၇၆၀၀၀၀ နဲ့ အရောင်းအဝယ် ရှိနေပြီး တစ်တန်ကို ထောင်ဂဏန်းလောက်သာ အတက်အကျရှိနေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ပဲအသစ်တွေကလည်း ဈေးကွက်ထဲကို ရောက်နေပြီး ပြည်ပဝယ်ယူမှုကလည်း မရှိတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ လာမယ့် လာမယ့် ပဲမျိုးစုံ အသစ်တွေ ထွက်ရှိလာတော့မှာဖြစ်လို့ ကုလားပဲက ယခုထပ် ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
လက်ရှိအခြေအနေကတော့ ပြည်ပတင်ပို့မှုရှိတဲ့အတွက် ကုန်သည်တွေကဈေးချဝယ်ယူမှုကြောင့်ဈေးကွက်အတွင်းဈေးက ပိုကျဆင်းနေတာလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးက တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါ တယ်။ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ် ဈေးကျဆင်းပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၁၈၀၀ ကနေ ၁၉၀၀ ထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင်တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ၉၂၉ ကတော့ တစ်အိတ်ကို ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ v2 ကတော့ တစ်အိတ်ကို ၈၄၅၀၀မှ ၈၅၅၀၀ ပါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ v7 ကတော့ တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၂၅၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ ၉၂၉ က တစ်တင်းကို ၂၆၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂၆၃၀ ကနေ ၂၆၈၅ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက သုံးတင်းဝင် တစ်အိတ်ကို ၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက ဆက်တိုက်ဈေးတက်နေခဲ့ပြီး ဇန်နဝါရီလ ၂၀၂၁ ဒုတိယအပတ်မှာတော့ ပြန်ပြိး ဈေးကျဆင်းသွားပါတယ်။
စားအုန်းဆီထုတ်လုပ်တဲ့နိုင်ငံတွေမှာ ကိုဗစ်ကြောင့်ထုတ်လုပ်မှုကျဆင်းခဲ့ပြီး တင်ပို့မှုလျောနည်းသွားတဲ့အတွက် ဈေးက ဆက်တိုက်တက်လာ ခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီက လက်ရှိမှာ အမြင့်ဆုံးဈေးရောက်ရှိသွားခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။
စားအုန်းဆီဈေးတွေ တက်လာတဲ့အတွက်ကြောင့် အစိုးရက အရန်ဆီတွေ ထုတ်ရောင်းမှုကြောင့် ဈေးက ပြန်လည် ကျဆင်းသွားတာ ဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာ စားအုန်းဆီက တစ်ပိဿာကို ၂၅၆၀ ကနေ ၂၅၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
ပဒေသာ
လွန်ခဲ့သော ၅ နှစ် ကဒီတစ်ပတ်မှာသိသိသာသာပြောင်းလဲတဲ့ သီးနှံတေအနေနဲ့ဖော်ပြချက်တေပါတာပါ လေ့လာရသလောက်ဆိုရင် ပဲတီစိမ်းက အပြောင်းအလဲသိပ်မဖြစ်လို့ ဒီတစ်ပတ်အနေနဲ့မပါတဲ့ပုံစံမျိုးပေါ့
ဒေါ်ခင်စန်းဉီး
လွန်ခဲ့သော ၅ နှစ် ကပဲတိစိမ်းစျေးနူံလေးသိချင်ပါတယ်ရှင့်
ဒေါ်ခင်စန်းဉီး
လွန်ခဲ့သော ၅ နှစ် ကွ
စဇော်မျိုးထက်
လွန်ခဲ့သော ၅ နှစ် ကပဲဒီစိမ်းဈေးကွက်လေးသိချင်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026