အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အင်တာနက်ဆိုတာ ဘာလဲဗျ?

အင်တာနက်ဆိုတာ ဘာလဲဗျ?

Green Way
Green Way • Greenovator • 18/05/2020

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အိုင်စီတီ (သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခု တစ်ပတ်မှာတော့ အင်တာနက် အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

 

တောင်သူ ဦးလေး ဒေါ်လေးတို့ အသုံးပြုနေကြတဲ့ အင်တာနက်အကြောင်း သိကြလားခင်ဗျ။ “အင်တာ” (Inter) ဆိုတဲ့ စကားလုံးက အတွင်းပိုင်း၊ အပြန်အလှန် စသည်ဖြင့် ဆိုလိုပါတယ်။ “နက်” (net) ဆိုတာကတော့ ပိုက်ကွန်လို၊ ပင့်ကူအိမ်လို ချိတ်ဆက်ခြင်း သဘောကိုဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီတော့ အင်တာနက်ရဲ့အဓိပ္ပာယ်ကို ဘာသာပြန်ဆိုလိုက်ရင် ကွန်ယက်အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုများလို့ အလွယ်ခေါ်ဆိုနိုင်ပါတယ်။ အမြဲဖွင့်ထားတဲ့ Server (ဆာဗာ) ကွန်ပျူတာကို ချိတ်ဆက်ထားပြီးအပြန်အလှန် စီးမြောနေတဲ့ နည်းပညာလို့လည်း မှတ်သားထားနိုင်ပါတယ်။ 

တစ်နည်းအားဖြင့် အင်တာနက် ဆိုတာ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာကဲ့သို့  နီးစပ်မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးကို အင်တာနက်ပေါ်ကနေ လှည့်ပတ်ကြည့်ရှုနိုင်သလို ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေတာတွေကိုလည်း အချိန်နဲ့ တပြေးညီ သိရှိနိုင်ပါတယ်။ ကိုယ်မသိသေးတဲ့ အရာတွေ၊ သိချင်တဲ့ အရာတွေကိုလည်း ရှာဖွေစူးစမ်း လေ့လာနိုင်ပါသေးတယ်။ ဒါ့အပြင် စာတစ်စောင်ကို မိနစ်ပိုင်းအတွင်း ကမ္ဘာ့အစွန်းတစ်ဖက်မှနေပြီး နောက်တစ်ဖက်ကိုလည်း ပေးပို့နိုင်ပါတယ်။ အင်တာနက်ဟာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ သုတေသန စသည့်ဖြင့် နယ်ပယ်နေရာမျိုးစုံမှာ ပါဝင်လျက်ရှိနေပါတယ်။  ဒါကို Network (ကွန်ယက်) အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကိုတော့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုထားတဲ့ ပစ္စည်း ကိရိယာ (ဖုန်း၊ ကွန်ပျူတာ) စတာတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

အပတ်စဥ် တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။ ယခင်တစ်ပတ်က အိုင်စီတီ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ICT(အိုင်စီတီ)ဆိုတာ ဘာလဲ

နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြပါဦးစို........

 

 

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။