ကြက်ထောင်ချီ သေအောင်ခြောက်လှန့်လို့ ထောင်ဒဏ်ချခံလိုက်ရတဲ့ တရုတ်အမျိုးသား
တရုတ်အမျိုးသားတစ်ယောက်ဟာ အိမ်နီးချင်းအပေါ် ရန်ငြိုးပြီး အိမ်နီးချင်းခြံထဲက ကြက်ကောင်ရေ ၁၁၀၀ သေဆုံးအောင် ခြောက်လှန့်ခဲ့တဲ့ပြစ်မှုအတွက် ထောင်ဒဏ်ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။
စိတ်ဝင်စားစရာ ဒီအမှုစဖြစ်ခဲ့တာက ပြီးခဲ့တဲ့နှစ် ဧပြီလကပါ။ ယခု ထောင်ဒဏ်ကျခံရသူ Gu ဆိုတဲ့ အမျိုးသားဟာ အိမ်နီးချင်း Zhong ဆိုသူက ၎င်းပိုင်သစ်ပင်ကို အသိမပေးဘဲ ခုတ်ချိုင်ခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ရာကနေ စတင်ခဲ့တာပါ။
ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်တောင်ပိုင်း ဟူနန်ပြည်နယ်ထဲက Hengyang ကောင်တီသား Gu ဟာ ညဘက်တွေမှာ အိမ်နီးချင်း Mr Zhong ရဲ့ ကြက်ခြံထဲကို အကြိမ်ကြိမ် ခိုးဝင်ခဲ့ပါတယ်။
အိမ်နီးချင်းကြက်ခြံထဲကို Gu ဝင်ရောက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရပေမဲ့ Hengyang ကောင်တီတရားရုံးရဲ့ ကြားနာစစ်ဆေးချက်အရ ဒီအမျိုးသားဟာ တစ်ညမှာ လက်နှိပ်ဓာတ်မီး ထိုးပြီး ကြက်တွေကို ခြောက်လှန့်ခဲ့တယ်လို့ တွေ့ရှိကြောင်း တရုတ်အစိုးရသတင်းစာ China Daily က ရေးသားထားပါတယ်။

အဲဒီလို ခြောက်လှန့်မှုကြောင့် ကြက်တွေဟာ ခြံထောင့်တစ်ခုသို့ စုပြုံတိုးဝှေ့ထွက်ပြေးကြပြီး တစ်ကောင်အပေါ် တစ်ကောင် ဖိမိကာ ကောင်ရေ ၄၆၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုအတွက် Gu ကို ဖမ်းဆီးခဲ့ပြီး Mr Zhong ထံ လျော်ကြေးငွေ ယွမ် ၃၀၀၀ (၄၃၉ ဒေါ်လာ) ပေးဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီလို ပြစ်ဒဏ်ချလိုက်မှ Mr Gu ဟာ ပိုမို ဒေါသထွက်သွားပြီး Mr Zhong ခြံထဲကို နောက်တစ်ကြိမ် ပြန်လည်ခိုးဝင်ကာ ကြက်တွေကို ခြောက်လှန့်ခဲ့ပြန်ရာ ဒီတစ်ခါ ကောင်ရေ ၆၄၀ ထပ်မံသေဆုံးစေခဲ့ပြန်ပါတယ်။
တရုတ်အစိုးရအာဏာပိုင်တွေက သေဆုံးသွားတဲ့ ကြက်ကောင်ရေ ၁၁၀၀ ဟာ ယွမ်ငွေ ၁၃၈၄၀ တန်ဖိုးရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အင်္ဂါနေ့မှာတော့ ကောင်တီတရားရုံးက Mr Gu လုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု ဖြစ်တာကြောင့် ထောင်ဒဏ်ခြောက်လနဲ့ ခံဝန်ချုပ်တစ်နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: China jails man for scaring 1,100 chickens to death - The Straits Times
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023