ဝက်ကောင်ရေခြောက်သိန်း တပြိုင်တည်း မွေးမြူသွားမဲ့ တရုတ်ပြည်က မွေးမြူရေးမိုးမျှော်တိုက်ကြီး
တရုတ်ကုမ္ပဏီ Hubei Zhongxin Kaiwei Modern Farming ဟာ တစ်နှစ်ကို ဝက်ကောင်ရေ ၁ ဒသမ ၂ သန်း မွေးမြူထုတ်လုပ်သွားဖို့ ရည်ရွယ်ပြီး အထပ် ၂၆ ထပ်ပါ မိုးမျှော်တိုက်ကြီးတစ်လုံး တည်ဆောက်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ အသစ်တည်ဆောက်လိုက်တဲ့ ဒီမိုးမျှော်တိုက်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံး ဝက်မွေးမြူရေးအဆောက်အအုံကြီး ဖြစ်လာတယ်လို့ ဂါးဒီယန်းသတင်းစာက ရေးသားထားပါတယ်။
ဒီမိုးမျှော်တိုက်ကြီးဟာ အီဇူးမြို့ တောင်ပိုင်း ဆင်ခြေဖုံးအရပ်မှာ တည်ရှိပြီး နိုင်ငံရဲ့ ကြီးထွားလာတဲ့ ဝက်သားဝယ်လိုအားကို ဖြေရှင်းဖို့ ရည်ရွယ်တည်ဆောက်ထားတာလို့ သိရပါတယ်။

လက်ရှိ ကမ္ဘာမှာ ထုတ်လုပ်သမျှ ဝက်သားတွေအနက် ထက်ဝက်ကို တရုတ်တစ်နိုင်ငံတည်းက စားသုံးနေတာလို့ ဂါးဒီးယန်းသတင်းစာက အရင်တစ်ခါ ရေးသားခဲ့ဖူးပါတယ်။
ဒီမွေးမြူရေးမိုးမျှော်တိုက်ကြီးပေါ်မှာ ဝက်ကောင်ရေ ခြောက်သိန်း တပြိုင်နက်တည်း မွေးမြူသွားနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ WeChat အကောင့်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီမိုးမျှော်တိုက်ကြီး တည်ဆောက်ရာမှာ တရုတ်ယွမ်ငွေ လေးဘီလျံ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၅၅၇ သန်း ကုန်ကျခဲ့ကြောင်း သိရပါတယ်။
စတုရန်းပေ ၂ ဒသမ ၆ သန်းကျယ်ဝန်းတဲ့ ဒီမွေးမြူရေးခြံမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားကြောင်း၊ ဝက်တွေကို အစာကျွေးရာမှာ ဗဟိုထိန်းချုပ်ခန်းကနေ စက်ခလုတ်နှိပ်ပြီး အလိုအလျောက် ကျွေးမွေးသွားမှာဖြစ်ကြောင်းနဲ့ ဝက်တွေရဲ့မစင်ကို စွမ်းအင်ထုတ်လုပ်ဖို့ အသုံးပြုသွားမှာဖြစ်ကြောင်း ဂါးဒီးယန်းက ရေးသားထားပါတယ်။
ဒီလုပ်ငန်းကြီး ထူထောင်တဲ့ Hubei Zhongxin Kaiwei Modern Farming ကုမ္ပဏီက မွေးမြူရေးတိုက်ကြီးဆီကို ဝက်သားပေါက် ၃၇၀၀ ပေးပို့ထားပြီးဖြစ်ကြောင်း ဂါးဒီးယန်းသတင်းဌာနက ရေးသားထားပါတယ်။
မိုးမျှော်တိုက်အနီး နေထိုင်တဲ့ မွေးမြူရေးသမားတစ်ယောက်ကတော့ ဒီလုပ်ငန်းကြီးနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို ယခုလို ပြောပြပါတယ်။ "ဘယ်လိုမှ လိုက်မမီတော့ဘူးဗျာ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကဆိုရင် ကျွန်တော်တို့ ဝက်မွေးတယ်ဆိုတာ အိမ်နောက်ဖေး ဝက်ခြံမှာ နှစ်ကောင်၊ သုံးကောင်လောက်ပဲ ရှိခဲ့တာ" လို့ ပြောပါတယ်။
"ကျွန်တော် ကြားတာတော့ ဒီလိုခြံကြီးတွေမှာ မွေးတဲ့ဝက်တွေဟာ လပိုင်းနဲ့တင် ရောင်းလို့ရပြီတဲ့။ ဟိုးတုန်းကတော့ ဝက်တစ်ကောင် ဖြစ်ဖို့ တစ်နှစ်လောက် ကြာတယ်။ နည်းပညာ မြင့်လာတာနဲ့အမျှ နောင်အနာဂတ်မှာ ဒီပုံစံအတိုင်း ဖြစ်သွားမှာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
ကူးစက်ရောဂါ ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ WeChat ထုတ်ပြန်ချက်ထဲမှာ ဝန်ထမ်းတွေကို ဆေးစစ်တာနဲ့ ပိုးသတ်တာ အထူးတလည် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဝန်းထမ်းတွေဟာ လုပ်ငန်းခွင်မှာ တစ်ကြိမ်ကို တစ်ပတ်ကြာ နေထိုင်သွားရမှာ ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ဂါးဒီးယန်းသတင်းက ဆိုပါတယ်။
တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၊ တိမွေးကုပညာဌာနက ပါမောက္ခ Zhu Zengyong က "ဝက်မွေးမြူရေးလုပ်ငန်းဟာ ပိုမိုအဆင့်မြင့်မားတဲ့ အလိုအလျောက်စနစ်၊ ဉာဏ်ရည်မြင့်စနစ်တွေဆီကို ဦးတည်နေပါပြီ။ အကျိုးဆက်အနေနဲ့ မွေးမြူရေးတောင်သူတွေ လိုက်နာကျင့်သုံးရမဲ့ စံချိန်စံညွှန်းနဲ့ သတ်မှတ်ချက်တွေလည်း လိုက်ပါမြင့်တက်လာပါလိမ့်မယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ ပညာရှင်အချို့ကတော့ ကူးစက်ရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်နေကြပါတယ်။
"မွေးမြူရေးအဆောက်အအုံ ကြီးမားလွန်းတဲ့အတွက် အိမ်မွေးတိရစ္ဆာန်အများအပြားကို တောရိုင်းတိရစ္ဆာန်တွေ၊ ရောဂါတွေနဲ့ ထိတွေ့မှု နည်းအောင် လျှော့ချနိုင်စေပါတယ်။ ဒါပေမဲ့ ဒီအဆောက် အအုံထဲကို ကူးစက်ရောဂါဝင်လာပြီဆိုရင်တော့ ရောဂါဟာ တောမီးပမာ ပြန့်ပွားသွားပါလိမ့်မယ်" လို့ နယူးယောက်တက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင်လေ့လာမှုဆိုင်ရာ လက်ထောက်ပါမောက္ခ Matthew Hayek က ဂါးဒီးယန်းသတင်းဌာနကို ပြောပါတယ်။
ဟောင်ကောင်ရှိ မြို့တော်တက္ကသိုလ် One Health ဌာနရဲ့ ပါမောက္ခ Dirk Pfeiffer ကလည်း "တိရစ္ဆာန်တွေကို သိပ်သိပ်သည်းသည်း ထားရှိလေလေ၊ ကူးစက်ရောဂါ ဆတိုးပြန့်ပွားဖို့နဲ့ ရောဂါပိုး မျိုးသစ်ထွန်းဖို့များလေလေ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: A 26-story pig skyscraper in China will slaughter 1 million animals a year, report says - Business Insider
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုအောင်သန်းအေး
လွန်ခဲ့သော ၃ နှစ် ကအလွန်အကျွမ်လို့ဆိုပေမဲ့နည်းစနစ်တွေကိုတော့လေ့လာသင့်တယ်
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....