အယ်နီညိုကြောင့် အာရှသီးနှံတွေ ပူပြင်းခြောက်သွေ့မှု ကြုံရနိုင်
ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း အယ်နီညိုရာသီဥတု ဖြစ်ထွန်းလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတာကြောင့် အာရှတိုက်ထဲက နှံစားနဲ့ ဆီထွက်သီးနှံတွေဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

အကျိုးဆက်အနေနဲ့ သီးနှံရောင်းလိုအားတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမယ့်အပေါ်လည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
အယ်နီညိုဖြစ်ထွန်းနိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော် အခွင့်အလမ်းရှိနေပြီး သြစတြေးလျ၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ လယ်ယာမြေပေါင်းများစွာဟာ ပိုမိုမြင့်မားတဲ့အပူချိန်ကို ကြုံတွေ့ရနိုင်ကာ မြောက်အမေရိကနဲ့ တောင်အမေရိကဒေသတချို့မှာတော့ သီးနှံနဲ့ သင့်တော်တဲ့ရာသီဥတုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းကြတာဖြစ်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ကိုဗစ်ကာလအတွင်း ရောင်းအားပြတ်တောက်မှုတွေကြောင့် ၂၀၂၂ ခုနှစ်ရဲ့ သီးနှံနဲ့ စားသုံးဆီဈေးတွေ စံချိန်တင် အမြင့်ဆုံးထိ ရောက်ရှိမြင့်တက်ခဲ့ပါတယ်။ ယခုတစ်ခါလည်း ခြောက်သွေ့တဲ့ရာသီဥတုဟာ အာရှတိုက်ရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို ခြိမ်းခြောက်လာပြန်ပြီဖြစ်ပါတယ်။
“လက်ရှိ ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်ဟာ ဘေးကျပ်နံကျပ်အဖြစ်ဆုံးအခြေအနေကို ရောက်နေတာပါ။ ဒီတော့ သီးနှံရောင်းအားဘက်မှာ အဆင်မပြေတစ်ခုခု ဖြစ်လိုက်တာနဲ့ ဈေးတွေ ရုတ်တရက်ထောင်တက်သွားတာမျိုး ဖြစ်နိုင်ပါတယ်" လို့ လန်ဒန်မြို့၊ Fitch Solutions လုပ်ငန်းရဲ့ ကုန်စည်ဈေးကွက်သုတေသီ Charles Hart က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"ကိုဗစ်ကာလရိုက်ခတ်မှုနဲ့ ၂၀၂၂ ခုနှစ် သီးနှံအထွက်ကျဆင်းမှုတွေရဲ့ ဒဏ်ကို ၂၀၂၃ ကျော်လွန်တဲ့အထိ ခံစားရပါလိမ့်မယ်။ အဲဒီအတောအတွင်း သီးနှံကုန်လက်ကျန်စာရင်းတွေကို ဖြည်းဖြည်းချင်း ဖြည့်တင်းသွားရမှာပါ" လို့ ၎င်းက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အီကွေတာပိုင်း တမူထူးခြားစွာ အေးမြမှုကြောင့် ဖြစ်ပေါ်တဲ့ လာနီညာရာသီဥတုက အဆုံးသတ်သွားပြီဖြစ်ကာ ပစိဖိတ်အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပူနွေးမှုဖြစ်စဉ် အယ်နီညိုရာသီဥတုကတော့ မြောက်ကမ္ဘာခြမ်းနွေကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေအတွင်း ဖြစ်ထွန်းလာလိမ့်မယ်လို့ အမေရိကန်နဲ့ ဂျပန်မိုးလေဝသခန့်မှန်းရေးပညာရှင်တွေက ပြောပါတယ်။
လာနီညာဖြစ်ပေါ်ရင် အာရှဒေသတွေမှာ အေးမြပြီး စွတ်စိုတဲ့ရာသီဥတု ကြုံတွေ့ရပြီး အယ်နီညိုဆိုရင်တော့ အာရှတိုက်မှာ အပူလွန်ကဲတာ၊ ခြောက်သွေ့တာတွေ ကြုံတွေ့ရတတ်ပါတယ်။ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တို့မှာတော့ အယ်နီညိုဖြစ်ပေါ်နေရင် သီးနှံနဲ့ သင့်တော်တဲ့မိုးလေဝသတွေ ဖြစ်ထွန်းတတ်ကြောင်း သိရပါတယ်။
သြစတြေးလျနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတို့မှာ ခြောက်သွေ့တဲ့ဆောင်းရာသီကို ကြုံလာရနိုင်ပြီး ကမ္ဘာ့ဂျုံတင်ပို့မှု ဒုတိယအများဆုံး သြစတြေးလျရဲ့ ဂျုံသီးနှံထုတ်လုပ်ရေးအပေါ် ထိခိုက်မှုရှိလာနိုင်ပါတယ်။
သြစတြေးလျဟာ လာနီညာရာသီဥတု ဖြစ်ပေါ်ခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မိုးရေချိန် ပုံမှန်ထက် ပိုမိုရရှိခဲ့ပြီး ဂျုံတွေ စံချိန်တင်ပမာဏ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။
"သြစတြေးလျ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ပူနွေးခြောက်သွေ့တဲ့ ဆောင်းရာသီ ကြုံလာရမယ်လို့ ခန့်မှန်းထားတာ ရှိပါတယ်" လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Maxar လုပ်ငန်းရဲ့ မိုးလေဝသပညာရှင် Chris Hyde က ပြောပါတယ်။ "အယ်နီညိုဟာ ယခုခန့်မှန်းထားတာထက် ပိုစောပြီး ဖြစ်ပေါ်ခဲ့ရင် ခြောက်သွေ့ပူနွေးမှုဟာ ပိုမိုပြင်းထန်ပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။
စားအုန်းဆီနဲ့ ဆန်စပါးတင်ပို့မှုမှာ အခရာကျတဲ့ အရှေ့တောင်အာရှဒေသမှာတော့ ဇွန်လကနေ သြဂုတ်လအတွင်း မိုးရွာသွန်းမှု ပုံမှန်ထက် အနည်းငယ်လျော့နည်းနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင်အာရှဒေသမှာ ပြီးခဲ့တဲ့လတွေတုန်းက မိုးကြီးတွေ ရွာသွန်းထားခဲ့တာကြောင့် မြေအစိုဓာတ်များစွာ ကျန်ရှိနေသေးတယ်လို့ ၎င်းတို့က ပြောပါတယ်။
"ခြောက်သွေ့ရာသီက အရှေ့တောင်အာရှရဲ့ စားအုန်းဆီနဲ့ ဆန်စပါးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်ဖို့ အချိန်ယူရပါဦးမယ်" လို့ Hyde က ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာတော့ အခုကတည်းက မြေအစိုဓာတ်ခန်းခြောက်မှု ကြုံနေရသလို ဒုတိယနှစ်ဝက်မှာလည်း အယ်နီညိုကြောင့် မိုးရေချိန် ပုံမှန်ထက် လျော့နည်းတာကို ကြုံရမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။
"အိန္ဒိယအလယ်ပိုင်းနဲ့ ပါကစ္စတန်အထိ သွားဆက်တဲ့ မြောက်ပိုင်းဒေသတွေမှာ လက်ရှိအခြေအနေက အရှေ့တောင်အာရှနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အဲဒီဒေသတွေမှာ လက်ရှိ မိုးခေါင်မှု ကြုံနေရပြီး မိုးရေချိန် ပုံမှန်ထက် အနည်းငယ်နည်းတာနဲ့ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Asian crops face El Nino threat, deepens food inflation worries - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023