ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ဈေးညှိနှိုင်းမြှင့်တင်သွားဖို့ ထိုင်း၊ ဗီယက်နမ် သဘောတူ
ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးကို ပူးပေါင်းမြှင့်တင်သွားဖို့ သဘောတူညီမှု ရယူခဲ့ကြပြီဖြစ်ကြောင်း ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၉ ရက် တနင်္လာနေ့က ပြောခဲ့ပါတယ်။ နှစ်နိုင်ငံဟာ ကျေးလက်ဒေသဝင်ငွေ တိုးမြှင့်ရေး ရည်ရွယ်ချက်နဲ့ ဆန်ဈေးကို ပူးပေါင်းမြှင့်တင်ဖို့ ဆွေးနွေးလာတာ လအနည်းငယ် ကြာခဲ့ပြီ ဖြစ်ပါတယ်။

"ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးကို ပူးပေါင်းမြှင့်တင်သွားကြဖို့ ထိုင်းနဲ့ ဗီယက်နမ် သဘောတူညီခဲ့တာ ဒီတစ်ခါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်" လို့ ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးရဲ့ အကြံပေး Alongkorn Ponlaboot က ဗီယက်နမ်တာဝန်ရှိသူတွေနဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ ယခုပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မေလကတည်းက ဆွေးနွေးမှု စတင်ခဲ့ကြတာပါ။ ရည်ရွယ်ချက်ကတော့ ဆန်တင်ပို့ဈေး မြှင့်တင်ရေး၊ ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းပိုကောင်းလာရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေ တိုးမြင့်စေရေးတို့ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက ထိုင်းဘက် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဒီနှစ်နိုင်ငံပေါင်းဟာ ကမ္ဘာ့ဆန် စုစုပေါင်းအနက် ၁၀ ရာခိုင်နှုန်းဝန်းကျင် ထုတ်လုပ်နေပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၂၆ ရာခိုင်နှုန်းခန့် ရောင်းချပေးနေတယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
ဆန်ဈေးနှုန်းမြှင့်တင်မှုတွေ ဘယ်အချိန်မှာ စတင်သက်ရောက်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Alongkorn က နောက်ဆုံးတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုအနှစ်ချုပ်ကို ပြောဆိုခဲ့ပြီး ဆန်ဈေးပူးပေါင်းမြှင့်တင်မှုအတွက် အကြံပြုချက်တွေကို ရက်စွဲတစ်ခုခုမှာ နှစ်ဘက်နိုင်ငံက စိုက်ပျိုးရေးဝန်ကြီးတွေထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။
"ဒီရည်မှန်းချက် အထမြောက်မလား၊ အထမမြောက်ဘူးလား ကျွန်တော် မဖြေနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်တို့ စိုက်ပျိုးရေးကဏ္ဍ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်သူတွေအဖြစ် ပထမဆုံးခြေလှမ်းကို စလှမ်းနိုင်ခဲ့ပါပြီ" လို့ Alongkorn က ပြောပါတယ်။
ဗီယက်နမ်စားနပ်ရိက္ခာအသင်းနဲ့ ဗီယက်နမ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ဟာ ယခု ပူးပေါင်းဆောင်ရွက်မှုနဲ့ စပ်လျဉ်းပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ဝေယံဟိန်း (B.Ag)
Ref: Thailand, Vietnam to cooperate in raising rice price in global market: Official - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကမြန်မာနိုင်ငံကော ဆန်စပါးဈေးအကြောင်းလေသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 1 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023