မြို့ပြကိုစွန့်ပြီး လယ်သမားဘဝ ခံယူလာနေကြတဲ့ ကိုးရီးယားလူငယ်များ
အစိုးရကလည်း သူတို့ကို အားပေးပြီး ကျေးလက်ဒေသကို ပြန်လည်အားသစ်လောင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
ကင်မ်ဂျီအန်တစ်ယောက် ဆိုးလ်မြို့တော်မှာ နေစဉ်တုန်းက အလုပ်ကောင်းကောင်း ရရှိရေးနဲ့ နေရာကောင်းကောင်းမှာ နေထိုင်နိုင်ရေးကိုသာ စိတ်ပူခဲ့ရပါတယ်။ အခုတော့ သူမ ပူပင်နေရတာက ခေါင်လွန်းတဲ့မိုးကြောင့် သူမရဲ့ အာလူးနဲ့ ပြောင်းဖူးတွေ ပျက်စီးကုန်မလား ဆိုတာကိုပါ။
အသက် ၂၃ နှစ်ရှိ ကင်မ်ဂျီအန်နဲ့ ညီမဖြစ်သူတို့ဟာ တောင်ပိုင်းချွန်ချောင်ပြည်နယ်၊ နန်းစန်မြို့မှာ မနှစ်ကစပြီး စိုက်ခြံတစ်ခြံ ထူထောင်ခဲ့ပါတယ်။ ပထမဆုံး စိုက်တဲ့တစ်သီး အောင်မြင်မှု ရရှိခဲ့ပြီး ပဲပုပ်နက်တွေက စတော်ဘယ်ရီထက်တောင် ပိုဖြစ်ထွန်းခဲ့လို့ အံ့သြခဲ့ရပါသေးတယ်။
ကင်မ်တို့ ညီအစ်မဟာ ကိုးရီးယားလို 'kwichon' လို့ခေါ်တဲ့ ကျေးလက်ဘဝ ပြန်လည်အခြေချနေထိုင်မှု ဖြစ်စဉ်အတွင်း ပါဝင်နေတာပါ။ ဒီ 'kwichon' ဆိုတဲ့ ဝေါဟာရဟာ ထောင်စုနှစ်တစ်ခုလောက်အကြာက စီးပွားရေတွေ ကျပ်တည်းခဲ့ကြစဉ် ပေါ်ထွန်းလာခဲ့တာပါတဲ့။
အဲဒီကာလတုန်းက မြို့နေလူထုတွေဟာ စီးပွားရေးကျပ်တည်းလွန်းတာကြောင့် နယ်မြို့တွေကို မလွှဲမရှောင်သာ ပြန်လာကြပြီး လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ကြရပါတယ်။ ဒီနေ့ခေတ်မှာလည်း ကပ်ရောဂါကြီး ဖြစ်ပြီးနောက်ပိုင်း အရင်က တောမှာ တစ်ခါမှ မနေဖူးတဲ့ ကင်မ်တို့လို လယ်သမားသစ်တွေ အများကြီး ပေါ်လာပါတယ်။
အစိုးရကလည်း သူတို့ကို အားပေးပါတယ်။ ဒါဟာ တောကနေ မြို့တော် ဆိုးလ်ကိုသာ တက်လေ့ရှိတဲ့ တောင်ကိုးရီးယားအစဉ်အလာကို ရိုက်ပုတ်လှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်။ 'kwichon' ဖြစ်စဉ်ကို လူနေ တတိတိလျော့နည်းလာနေတဲ့ ကျေးလက်ဒေသတွေ ပြန်လည်အသက်သွင်းရေး နည်းလမ်းတစ်ခုအဖြစ်လည်း ရှုမြင်ကြပါတယ်။
ယနေ့အချိန် ကျေးလက်တောနယ်တွေမှာ တောင်သူလူငယ်တွေကို မြေတောင်မြှောက် စိုက်ပျိုးလိုက်ခြင်းအားဖြင့် နောင်အနာဂတ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူး ရိတ်သိမ်းနိုင်မယ်လို့ အစိုးရက မျှော်လင့်နေပါတယ်။
ဒီအစီအစဉ်က အလုပ်ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ လူဦးရေ ၃၈၀၀၀၀ နီးနီး ကျေးလက်ကို ပြောင်းရွှေ့လာခဲ့တာဆိုတော့ ၂၀၁၅ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းပါပဲ။ အဲဒီထဲက တစ်ဝက်လောက်နီးပါး (စံချိန်တင်အရေအတွက်) ဟာ အသက် ၄၀ အောက် လူငယ်တွေဖြစ်ကြပါတယ်။
မျိုးဆက်သစ်တွေဟာ Hyundai လို၊ Samsung လို တောင်ကိုးရီးယားရဲ့ ဂုဏ်သတင်းကြီးမားလှတဲ့ လုပ်ငန်းကြီးတွေမှာ အလုပ်ရဖို့ကိစ္စကို အရင်မျိုးဆက်တွေလောက် ဂရုမစိုက်ကြတော့ပါဘူး။ တချို့ဆိုရင် သူတို့ဖခင်တွေလို "အလုပ်မှ အလုပ်" ဖြစ်နေတဲ့ ဘဝမျိုးကို မလိုလားကြဘူးလို့ တောင်ပိုင်းချွန်ချောင်ပြည်နယ်၊ ယိုနန်တက္ကသိုလ်က ပါမောက္ခ ချေဆန်ဂွန်က ပြောပါတယ်။
တချို့ကျတော့လည်း အနာဂတ်အပေါ် ဝေဝေဝါးဝါး ရှုမြင်ပြီး သူတို့ ဘယ်တော့မှ သူတို့ဖခင်တွေလို အောင်မြင်မှာ မဟုတ်ဘူးလို့ တွက်ထားကြတာပါတဲ့။
ဒစ်ဂျစ်တယ်နည်းပညာနဲ့ ယဉ်ပါးတာကလည်း လူငယ်တောင်သူတွေကို တစ်ပန်းသာစေတယ်လို့ Beginning Farmer’s Centre တောင်သူပညာပေးအဖွဲ့ရဲ့ ဒါရိုက်တာ ချိုကျန်ဂီက ပြောပါတယ်။

အစိုးရလက်အောက်ခံအဖွဲ့ ဖြစ်တဲ့ Beginning Farmer’s Centre ဟာ ဆိုးလ်မြို့ အထင်ကရနေရာ ဂန်းနန်းခရိုင်အတွင်း ရုံးတွေ စိုက်ထားပြီး ကျေးလက်ရွှေ့ပြောင်းလိုသူတွေကို တောင်သူပညာပေးနေတာပါ။ သူတို့အဖွဲ့က လတ်ဆတ်အသီးအနှံတွေကို Instagram နဲ့ တောင်ကိုးရီးယားရဲ့ အကြီးဆုံး search engine ဝက်ဘ်ဆိုက် Naver မှာ တင်ရောင်းနေပါတယ်။
ဒီအဖွဲ့က တောင်ကိုရီးယားလူငယ်တွေနဲ့ ရင်းနှီးမှုနည်းတဲ့ လယ်ထွန်စက် ဘယ်လိုသုံးသလဲ၊ အစိုက်သင့်ဆုံးသီးနှံ ဘယ်လိုရွေးချယ်သလဲ စတဲ့ နည်းစနစ်တွေကိုပါ သင်ပေးပါတယ်။ နောက်ပြီး ကျေးလက်မှာ အစမ်းနေကာလ စီစဉ်ပေးပြီး အဲဒီအတောအတွင်း တောင်သူလုပ်မယ့်လူငယ်တွေက သမ္ဘာရင့်တောင်သူကြီးတွေရဲ့ အသင်အပြကို ခံယူကာ လုပ်ကိုင်ကြရပါတယ်။
အားနဲ့ခွန်နဲ့ ပင်ပင်ပန်းပန်း လုပ်ရတဲ့အလုပ်ကို နေထွက်ကနေ နေဝင်ထိ ဘယ်လို လုပ်ကိုင်သလဲ လေ့လာစေပါတယ်။ ဒီလို အစမ်းကာလဟာ လုပ်ငန်းအပြောင်းအလဲ ချောမွေ့ဖို့ အခွင့်အလမ်း ပိုများစေတယ်လို့ မစ္စတာချိုက ပြောပါတယ်။
ဒီသင်ရိုးအစီအစဉ်မှာပါတဲ့ အဓိကအကျဆုံးသင်ခန်းစာကတော့ တောသူတောင်သားတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပေါင်းသင်းရမလဲဆိုတာပါ။
ကျေးလက်ဘဝမှာက သူ့ဟာကိုယ့်ဟာ ခွဲခြားလေ့ သိပ်မရှိတာကြောင့် ရောက်ခါစလူငယ်တွေအနေနဲ့ မြို့ပြရဲ့ နေထိုင်မှုပုံစံတွေကို စွန့်ပစ်ထားခဲ့ဖို့ လိုပါတယ်။ အိမ်ရှေ့ တံမြက်စည်း လှည်းရင်တောင် ကိုယ်အိမ်ရှေ့လေးတင် ကွက်မလှည်းပဲ အိမ်နီးချင်းရဲ့ တံခါးဝကိုပါ လှည်းကျင်းပေးရတာမျိုးရှိပါတယ်။ ရွာခံတွေကိုလည်း လူသစ်တွေအပေါ် အထူးသဖြင့် လူငယ်တွေအပေါ် ဘယ်လို ဆက်ဆံရမယ်ဆိုတာကို သီးခြားအစီအစဉ်တွေနဲ့ ပညာပေးပါတယ်။
ဒီအပိုင်းမှာတော့ အောင်မြင်မှု ပြည့်ပြည့်ဝဝ မရရှိသေးပါဘူး။ ကင်မ် က သူမအိမ်နီးချင်းဟာ သုန်သုန်မှုန်မှုန် အမြဲနေတတ်တယ်လို့ ပြောပါတယ်။
"အဘိုးကြီးအဘွားကြီးတွေ အိမ်ရှေ့ ပေါက်ချလာတတ်ပြီး ဘာတွေမှန်းမသိတဲ့ အကြံဉာဏ်တွေ ပေးတတ်တယ်။ ကျွန်မ ဘယ်တော့မှ စိုက်တတ်ပျိုးတတ်မှာ မဟုတ်ဘူးလို့လည်း ပြောသေးတယ်" လို့ သူမက ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ ပဲပုပ်နက်သီးနှံတွေကတော့ အိမ်နီးချင်းတွေရဲ့ အထင်အမြင်မှားယွင်းကြောင်း ငြင်းဆန်ပြနေပါတယ်။ ကင်မ် နဲ့ တောင်ကိုးရီးယားအစိုးရတို့ကလည်း ပြောင်းဖူး၊ အာလူးသီးနှံတွေ ဖြစ်ထွန်းမှုကတစ်ဆင့် ဒီငြင်းခုံပွဲကို အပြီးအပိုင် ငြိမ်းအေးသွားစေဖို့ မျှော်လင့်နေကြပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Young Koreans are moving to the countryside to farm - The Economist
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....