ဖိလစ်ပိုင်မှာ ကြက်သွန်ဈေးက အသားဈေးထက် ပိုကြီးနေတာ ဘာကြောင့်လဲ..
ဖိလစ်ပိုင်နိုင်ငံမှာ ကြက်သွန်နီဈေးတွေ မိုးထိုးတက်နေတာကြောင့် စိုက်ပျိုးရေးအာဏာပိုင်တွေက မတတ်သာတဲ့အဆုံး မတ်လမတိုင်ခင် ကြက်သွန်တန်ချိန် ၂၂၀၀၀ ဝန်းကျင် တင်သွင်းပြီး ပြည်တွင်းရောင်းအားပြတ်လပ်မှုနဲ့ ဈေးမြင့်တက်မှုကို ထိန်ချုပ်ဖြေရှင်းသွားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အားလပ်ရက်မှာ ထုတ်ပြန်ကြေညာလိုက်ရပါတယ်။

ကြက်သွန်နီဟာ အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်ဟင်းလျာတွေမှာ မပါမဖြစ်အမယ်တစ်မျိုး ဖြစ်ပြီး ရံဖန်ရံခါ ကြက်သွန်ဖြူ ရောနှောထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။ နိုင်ငံရဲ့ လစဉ် ကြက်သွန်နီလိုအပ်ချက်ဟာ တန်ချိန် ၁၇၀၀၀ ဝန်းကျင် ရှိပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့က ဖိလစ်ပိုင်ပြည်တွင်း ကြက်သွန်နီ (အဖြူမျိုး/အနီမျိုး) ဈေးတွေဟာ တစ်ကီလိုဂရမ်ကို ၆၀၀ ပီဆို (၁၀ ဒသမ ၈၈ ဒေါ်လာ) အထိ တစ်နည်းအားဖြင့် တစ်ပေါင်ကို ငါးဒေါ်လာနှုန်းအထိ ပေါက်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားတဲ့ မနီလာဈေးကွက်ပေါက်ဈေးတွေအရ သိရပါတယ်။
ဒီနှစ်ဈေးနှုန်းဟာ ကြက်သားဈေးထက် သုံးဆပိုများပြီး ဝက်သားနဲ့ အမဲသားဈေးထက် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပိုများနေတယ်လို့ ဝန်ကြီးဌာနရဲ့ ဈေးနှုန်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကြက်သွန်နီတစ်ကီလိုဈေးနှုန်းဟာ ဖိလစ်ပိုင်နိုင်ငံ တစ်ရက်စာ အခြေခံလုပ်ခလစာထက် ပိုမိုကြီးမြင့်နေပါတယ်။
ကြက်သွန်နီဈေး ဘာကြောင့်တက်
ဖိလစ်ပိုင်ဥပဒေပြုအမတ်တွေဟာ ကြက်သွန်ဈေးကြီးမြင့်စေတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးလိုနေကြပါတယ်။ ဒီလိုဈေးတက်လာရခြင်းအတွက် စိုက်ပျိုးရေးအတွင်းဝန်အဖြစ်ပါ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်သမ္မတ ဖာနန်ဒိုမားကို့စ်ဂျူနီယာမှာ “အဓိကတာဝန်ရှိတယ်” လို့ အမတ်တွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်။
ဈေးနှုန်းမြင့်တက်မှုရဲ့ အကြောင်းရင်းခံတစ်ချို့ကတော့ ဖိလစ်ပိုင်ဘက်က ထိန်းချုပ်လို့မရတဲ့အရာတွေပါ။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ကုန်စီးဆင်းမှုကွင်းဆက်ပြတ်တောက်တာနဲ့ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုတွေကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာ ကုန်စည်ဈေးနှုန်းမြင့်တက်တာက နေရာအနှံ့မှာရှိတဲ့ စားသောက်ကုန်ဈေးတွေအပေါ် ရိုက်ခတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုဟာ ဒီဇင်ဘာလအတွင်းမှာ ၁၄ နှစ်တာအတွင်း အမြင့်ဆုံးအထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။ ကုန်စည်းဈေးတွေ ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့အနက် ကြက်သွန်နီဈေးက ရာခိုင်နှုန်းမှတ် (percentage point) သုည ဒသမ ၃ ပါဝင်ခဲ့တယ်ဝင်ခဲ့တယ်လို့ National Statistician Dennis Mapa စာရင်းအင်းအဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ကြက်သွန်ဈေးတက်တာဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်ချည်းတော့ မဟုတ်ပါဘူး။
စီးပွားရေးလုပ်ငန်းတွေကတော့ အရင်နှစ်ကတည်းက သတိအတန်တန် ပေးထားရက်နဲ့ တိကျတဲ့ ကြက်သွန်ရောင်းလိုအားခန့်မှန်းချက် ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကို အပြစ် တင်ပါတယ်။ ကြက်သွန်ရောင်းကုန် ပြတ်လာနိုင်ခြေရှိကြောင်းကို တစ်ကီလို ၁၄၀ ပီဆို (၂ ဒသမ ၅၄ ဒေါ်လာ) လောက် အများဆုံး ရှိခဲ့စဉ် ယခင်နှစ် သြဂုတ်လလောက်ကတည်းက စိုက်ပျိုးရေးဌာနတာဝန်ရှိသူတွေကို သတိပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက လက်ရှိရောင်းအားနဲ့တင် လုံလောက်မယ်လို့ ဆိုပြီး ကြက်သွန်မတင်သွင်းဘဲ တင်းခံနေခဲ့ပါတယ်။ အဲဒီတုန်းက အားလပ်ရက်ရာသီရောက်ရင် ကြက်သွန်စားသုံးအား မြင့်တက်လာမှာ ဖိလစ်ပိုင်တောင်သူတွေက သတိပေးခဲ့ပါသေးတယ်။
စိုက်ပျိုးရေးဌာနတာဝန်ရှိသူတွေကတော့ ကြက်သွန်နီဈေး ကစားတာလိုမျိုး အခြားပြည်တွင်းကိစ္စရပ်တွေကြောင့်လည်း ကြက်သွန်ဈေးတွေ မိုးထိုးလာတာလို့ သံသယရှိနေကြပါတယ်။ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုက ဥပဒေကို ချိုးဖောက်ကာ ကြက်သွန်ပမာဏများစွာ လှောင်ထားတယ်လို့ ဌာနက ယုံကြည်နေပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
အစိုးရရဲ့ တုံ့ပြန်မှု
ဒီဇင်ဘာလ ၃၀ ရက်မှာ ဖိလစ်ပိုင်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ ကြက်သွန်လက်လီဈေးကို တစ်ကီလို ၂၅၀ ပီဆို (၄ ဒသမ ၅၃ ဒေါ်လာ) နှုန်းထက် မပိုစေဘဲ အရောင်းအဝယ်ပြုလုပ်ဖို့ သမ္မတအမိန့်နဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်နှုန်းထားထက် ပိုရောင်းသူတွေကို ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဆိုပေမယ့် ဥပဒေသက်ရောက်ဖို့တော့ မလွယ်ကူပါဘူး။ အမြင့်ဆုံးဈေးနှုန်းကို သတ်မှတ်ထားပေမယ့်လည်း ကြက်သွန်ဈေးက ကြီးမြင့်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း အကောက်ခွန်အာဏာပိုင်တွေဟာ မုန့်ပုံးတွေထဲ ထည့်ကာ မှောင်ခိုတင်သွင်းလာတဲ့ ကြက်သွန်နီ (အနီမျိုး) ဒေါ်လာ ၃၆၂၀၀၀ ဖိုးနဲ့ အဝတ်အထည်ကွန်တိန်နာတွေထဲမှာ ထည့်သွင်းသယ်ဆောင်လာတဲ့ ကြက်သွန်နီ (အဖြူမျိုး) ဒေါ်လာ ၃၀၉၀၀၀ ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။
သမ္မတမားကို့စ်က အစိုးရအနေနဲ့ ဖမ်းမိထားတဲ့ ခိုးသွင်းကြက်သွန်တွေကို ဥပဒေနဲ့အညီ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပြီး ကုန်ပြတ်လပ်မှုကို ဖြေရှင်းဖို့ နည်းလမ်းရှာဖွေနေတယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြောဆိုပါတယ်။ ဒါပေမယ့် ခိုးသွင်းကြက်သွန်အချို့ဟာ အရည်အသွေးမမီဘဲ စားသုံးဖို့ မသင့်တော်ဘူးလို့ သိရပါတယ်။ အဲဒီကြက်သွန်တွေထဲ ဘက်တီးရီးယားပိုးတွေနဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ တွေ့ရှိတာကြောင့် စွန့်ပစ်ရလိမ့်မယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ GMA က ရေးသားထားပါတယ်။
စိုက်ပျိုးရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Rex Estoperez က လောလောလတ်လတ် ကြေညာထားတဲ့ ကြက်သွန်တင်သွင်းခွင့်ဟာ ယာယီဖြေရှင်းချက်တစ်ခုသာ ဖြစ်ကြောင်း၊ ဖေဖော် ဝါရီ ပထမပတ်မတိုင်ခင် ရောင်းကုန်သစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာဖြစ်ပြီး ဒီနောက် မတ်နဲ့ မေလကြားမှာ ပြည်တွင်းကြက်သွန် လှိုင်လှိုင်ပေါ်တော့မှာ ဖြစ်ကြောင်း Bloomberg သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောဆိုပါတယ်။
ဖိလစ်ပိုင်ဟာ မကြာသေးခင်က တရုတ်နိုင်ငံနဲ့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။ အဲဒီပူပေါင်းဆောင်ရွက်မှုမှာ ကြက်သွန်နီတင်သွင်းရေး ပါဝင်ခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။
ဝေယံဟိန်း (B.Ag)
Ref: In the Philippines, Onions Are Now More Expensive Than Meat. Here’s Why - TIME
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023