အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တက္ကဆပ်ပြည်နယ်ထဲ နို့စားနွားခြံတစ်ခြံ ပေါက်ကွဲပြီး ကောင်ရေ ၁၈၀၀၀ သေဆုံး

တက္ကဆပ်ပြည်နယ်ထဲ နို့စားနွားခြံတစ်ခြံ ပေါက်ကွဲပြီး ကောင်ရေ ၁၈၀၀၀ သေဆုံး

အမေရိကန်တောင်ပိုင်း တက္ကဆပ်ပြည်နယ်ထဲက နို့စားနွားမွေးမြူရေးခြံတစ်ခြံမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး နို့စားနွားမကောင်ရေ ၁၈၀၀၀ သေဆုံးကာ ခြံဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုပါတယ်။

"ဒါဟာ တက္ကဆပ်ပြည်နယ်သမိုင်းမှာ နွားတွေ သေဆုံးမှုအများဆုံး ပေါက်ကွဲမှုကြီး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးနဲ့ ခြံရှင်းလင်းရေးကို အချိန်ယူ ဆောင်ရွက်သွားရပါမယ်" လို့ တက္ကဆပ်ပြည်နယ်စိုက်ပျိုးရေးကော်မရှင်နာ Sid Miller က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲမီးလောင်ကျွမ်းမှုဟာ တက္ကဆပ်ပြည်နယ် ဒင်းမစ်မြို့အနီးက Southfork နို့စားနွားမွေးမြူရေးခြံမှာ တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

မီးသတ်သမားနဲ့ ရဲတပ်သားတွေ အခင်းဖြစ်ရာကို အလျင်အမြန် ရောက်လာခဲ့ကြပြီး ခြံထဲမှာ ပိတ်မိနေသူတစ်ယောက်ရှိကြောင်း သိခဲ့ရတယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့ရုံးက Facebook မှာ ထုတ်ပြန်ထားပါတယ်။ ပိတ်မိနေသူကို ကယ်ထုတ်ပြီး လက်ဘော့မြို့ရှိ ဆေးရုံတစ်ရုံကို ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပေါက်ကွဲမှုနဲ့ မီးလောင်ကျွမ်းမှု ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကို မသိရသေးကြောင်း၊ ဖြစ်စဉ်ဟာ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း Miller က ပြောပါတယ်။

"ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အဓိကအကြောင်းအရင်းနဲ့ အချက်အလက်တွေ ရရှိတာနဲ့ အများပြည်သူထံ အသိပေးသွားမှာပါ။ ဒါမှဟာ နောင် ဒီလိုဖြစ်ရပ်ဆိုးတွေကို ရှောင်ကြဉ်နိုင်မှာပါ" လို့ ၎င်းက ပြောပါတယ်။

ဒေသဆိုင်ရာအုပ်ရေးအကြီးအကဲ Sal Rivera ကတော့ မွေးမြူရေးခြံထဲက နွားချေးတွေကို ရှင်းလင်းပေးတဲ့ စနစ်တစ်ခု အပူလွန်လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ CBS ရုပ်သံသတင်းဌာနကို ပြောဆိုပါတယ်။

ခြံအတွင်းရှိ မီသိန်းဓာတ်ငွေ့တွေက ဒီဖြစ်ရပ်ကို အစပြုပေးပြီး ပေါက်ကွဲမှုနဲ့ မီးလောင်ကျွမ်းမှုတွေကို ခြံလုံးပြန့်စေခဲ့တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် စုံစမ်းစစ်ဆေးပြီးမှသာ အကြောင်းရင်း အတိ အကျကို အတည်ပြုနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

"ခြံတွေအနေနဲ့ မီးဘေးအန္တရာယ်အကာအကွယ်တွေ ထားရှိပြီး တိရစ္ဆာန်တွေရဲ့ အသက်ကို ကယ်တင်နိုင်အောင် ပိုမိုလုပ်ဆောင်ရပါမယ်" လို့ အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းရင့် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်း Animal Welfare Institute က တက္ကဆပ်ပြည်နယ်ဖြစ်ရပ်ကို ရည်ညွှန်းပြီး တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: 'Horrific' explosion and fire kill 18,000 cows at Texas dairy farm - AFP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။