ယူကရိန်းက စစ်ပွဲလက်ကျန်အဆိပ်သင့်မြေဆီလွှာများ(၂)
ပထမကမ္ဘာစစ်ရဲ့ ပဲ့တင်ထပ်သံလား…
ယူကရိန်းအစိုးရက ဖွဲ့စည်းထားတဲ့ မြေဆီလွှာသိပ္ပံပညာရှင်အဖွဲ့ခန့်မှန်းချက်အရ ယူကရိန်းမြေယာတွေပေါ်က မိုင်းတွေအားလုံးရှင်းလင်းဖို့နဲ့ မြေဆီလွှာကို ယခင်အတိုင်း ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ ကန်ဒေါ်လာ ၁၅ ဘီလျံအထိ ကုန်ကျနိုင်ကြောင်း သိရပါတယ်။

ဒီလိုမြေဆီလွှာပြုပြင်ရေးလုပ်ငန်းဟာ အနည်းဆုံးသုံးနှစ်ကနေ မြေဆီလွှာပျက်စီးမှုအခြေအနေကိုလိုက်ပြီး နှစ်ပေါင်း ၂၀၀ ကျော်အထိတောင် ကြာမြင့်နိုင်တယ်လို့ Baliuk က ပြောပါတယ်။
မြေယာပျက်စီးမှုဟာ ပထမကမ္ဘာစစ်တုန်းကလိုသာ ဖြစ်ခဲ့မယ်ဆိုရင် တချို့ဧရိယာတွေက ဘယ်တော့မှ ပြန်ကောင်းလာနိုင်တော့မှာမဟုတ်ပါဘူး။
အမေရိကန်လူမျိုး ပညာရှင်နှစ်ဦးဖြစ်တဲ့ Joseph Hupy နဲ့ Randall Schaetzl တို့က စစ်ပွဲတွေကြောင့် မြေဆီလွှာထိခိုက်ပျက်စီးမှုကို ဖော်ပြဖို့ "bombturbation" ဆိုတဲ့ ဝေါဟာရသစ်ကို တီထွင်ခဲ့ကြပါတယ်။ သတိမူမိဖို့မလွယ်ကူတဲ့ ထိခိုက်မှုတွေထဲတစ်ခုဟာ မြေလွှာအောက်က ကျောက်သားတွေအတွင်း ဗုံးပေါက်ကွဲတာကြောင့် မြေအောက်ရေအနက် ပြောင်းလဲလာနိုင်တာဖြစ်ပြီး အပင်တွေ ရေတိမ်တိမ်နဲ့ စုပ်ယူလို့မရနိုင်ဖြစ်စေတယ်လို့ သူတို့က ရေးထားပါတယ်။
ပြင်သစ်နိုင်ငံ၊ ဗာဒန်မြို့အနီးက ပထမကမ္ဘာစစ်ရဲ့ စစ်တလင်းဟောင်းတစ်ခုမှာ စစ်မတိုင်မီတုန်းက ကောက်ပဲသီးနှံနဲ့ စားကျက်ခင်းတွေ စိုက်ပျိုးဖြစ်ထွန်းခဲ့ရာကနေ စစ်ကြီးအပြီးမှာတော့ လက်နက် ကြီးပေါက်ကွဲရာ ကျင်းချိုင့်တွေနဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေ ရှိနေတာကြောင့် မစိုက်မပျိုးဘဲ ထားခဲ့ရတာ ရာစုနှစ်တစ်ခုကျော်နေပြီဖြစ်ကြောင်း Remi de Matos-Machado နဲ့ Hupy တို့ရဲ့ ၂၀၀၈ ခုနှစ် သုတေသနစာတမ်းတစ်ခုက ဖော်ပြထားပါတယ်။
ယူကရိန်းရဲ့ စိုက်ပျိုးမြေဧရိယာတချို့လည်း မြေညစ်ညမ်းမှုနဲ့ မြေမျက်နှာသွင်ပြင်ပြောင်းလဲမှုတို့ကြောင့် သီးနှံစိုက်ပျိုးလို့ရတဲ့အခြေအနေကို ပြန်ရောက်လာနိုင်တော့ဖွယ်မရှိကြောင်း Hupy က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ တခြားစိုက်ပျိုးမြေများစွာဟာလည်း မြေပြန့်ညီအောင် မြေသားရွှေ့ပြောင်းပြင်ဆင်တာ အများအပြားလုပ်ဖို့ လိုအပ်မှာဖြစ်သလို မိုင်းရှင်းလင်းရေးကိုလည်း ကြီးမားကျယ်ပြန့်စွာပြုလုပ်ရမယ်လို့ Hupy က ပြောပါတယ်။
Canterbury Christ Church တက္ကသိုလ်က မြေဆီလွှာသိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အကြီးတန်းကထိကတစ်ဦးဖြစ်သူ Naomi Rintoul-Hynes က ပထမကမ္ဘာစစ်အပြီး မြေဆီလွှာညစ်ညမ်းမှုကို လေ့လာခဲ့ပြီး ယူကရိန်းစစ်ပွဲကလည်း အလားတူ ပြန်လည်ပြုပြင်လို့မရနိုင်တဲ့ ထိခိုက်ပျက်စီးမှု ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။
“အခြေအနေ ဘယ်လောက်အထိ ဆိုးဝါးပြင်းထန်တယ်ဆိုတာကို အရှိအတိုင်း နားလည်ဖို့ အလွန်တရာ အရေးကြီးပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဥပမာ ခဲဒြပ်စင်ဟာ ထက်ဝက်သက်တမ်း နှစ် ၇၀၀ နဲ့အထက် ရှိတာကြောင့် မြေဆီလွှာအတွင်း ညစ်ညမ်းပြီဆိုရင် ထက်ဝက်ပမာဏ လျော့နည်းဖို့ အဲဒီလောက် နှစ်ကာလ ကြာမြင့်နိုင်တဲ့သဘောပါ။ ဒီအဆိပ်အတောက်ဓာတ်တွေ ရှိတဲ့နေရာမှာ သီးနှံစိုက်ပျိုးရင် အပင်ထဲ ဓာတ်ကြွင်းတွေ ပါဝင်လာနိုင်ပြီး လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း Rintoul-Hynes က ပြောပါတယ်။
ပထမကမ္ဘာစစ်ဟာ လေးနှစ်အထိ ကြာမြင့်ခဲ့ပြီး ယခုယူကရိန်းစစ်ပွဲကတော့ တစ်နှစ်သာ ရှိသေးတာပါ။ ဒါပေမဲ့ ယနေ့ခေတ်ခဲယမ်းပစ္စည်းအများစုမှာလည်း ခဲဒြပ်စင်က အဓိက အစိတ် အပိုင်းအဖြစ် ပါဝင်နေဆဲဖြစ်ကြောင်း Rintoul-Hynes က ပြောပါတယ်။
မိုင်းရှင်းလင်းရေးစိန်ခေါ်ချက်
မိုင်းနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေဟာ ယူကရိန်းစိုက်ပျိုးမြေတွေရဲ့ ၂၆ ရာခိုင်နှုန်းပေါ်မှာ ရှိနေတယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ထားပြီး ဒါတွေကို ရှင်းလင်းဖယ်ရှားဖို့ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု လက်နက်ခဲယမ်းဖယ်ရှားရေးရုံးရဲ့ ဥရောပအစီအစဉ်မန်နေဂျာ Michael Tirre က ပြောပါတယ်။
ယူကရိန်းအရှေ့တောင်ပိုင်းရှိ စိုက်ပျိုးမွေးမြူရေးတောင်သူ Andrii Pastushenko ရဲ့ နွားစာနဲ့ နေကြာစိုက်ပျိုးရာ မြေတွေပေါ်မှာ လက်နက်ကြီးရာတွေနဲ့ ရုရှားကတုတ်ကျင်းတွေက ကျောက်ပေါက်မာတွေလို ဖြစ်နေပါတယ်။
ယူကရိန်းက အဲဒီဒေသကို နိုဝင်ဘာလအတွင်း ပြန်သိမ်းပိုက်ထားနိုင်ပေမယ့် ရုရှားတပ်တွေဟာ ဒီနီပရိုမြစ် ဟိုဘက်ကမ်းကနေ သူ့စိုက်ခင်းရှိရာဆီ လက်နက်ကြီးနဲ့ ပုံမှန်ပစ်ခတ်လေ့ရှိတာကြောင့် အခင်းတွေထဲမှာ ကျင်းချိုင့်အသစ်တွေ ဖြစ်ပေါ်ပြီး မပေါက်ကွဲသေးတဲ့ခဲယမ်းတွေလည်း ပြန့်ကျဲလျက်ရှိတယ်လို့ ၎င်းတောင်သူက ပြောပါတယ်။
“အကုန်လုံး ရှင်းလင်းပြီး အလုပ်ဆက်လုပ်နိုင်ဖို့ လပေါင်းများစွာ အချိန်ယူရနိုင်တယ်။ မတော်ရင် နှစ်ပေါင်းများစွာတောင် ကြာသွားနိုင်တယ်” လို့ ၃၉ နှစ်အရွယ် တောင်သူ Pastushenko က ပြောပါတယ်။ “ကျွန်တော်တို့က ရှေ့တန်းစစ်မြေပြင်နေရာဆိုတော့ အကူအညီလည်း မရပါဘူး။ စစ်ပွဲဇုန်ဖြစ်နေသရွေ့ ဘယ်သူမှလာပြီး ကူညီရှင်းလင်းမပေးရဲပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
ပြန်သိမ်းပိုက်နယ်မြေ ခါဆန်ဒေသမှာ မိုင်းရှင်းလင်းရေး ကျွမ်းကျင်ပညာရှင်နည်းပါးတာကြောင့် ရှင်းလင်းရေးစတင်နိုင်ခြင်းမရှိသေးကြောင်း ခါဆန်ဒေသစ်ရေးကွပ်ကဲရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Oleksandr Tolokonnikov က ပြောပါတယ်။
အကူအညီရရှိနိုင်မှု နည်းပါးတာကြောင့် သီးနှံကုမ္ပဏီကြီး Nibulon ကတော့ နိုင်ငံတောင်ပိုင်းက သူတို့စိုက်ပျိုးမြေတွေပေါ်မှာ မိုင်းရှင်းလင်းရေးရည်ရွယ်ကာ ဌာနငယ်တစ်ခု ဖွဲ့စည်းဆောက်ရွက်နေပြီး ဒီလုပ်ငန်းဟာ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်တယ်လို့ ကုမ္ပဏီ လက်ထောက်ဒါရိုက်တာ Mykhailo Rizak က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ဒါဟာ Nibulon လုပ်ငန်းအတွက် အလွန်ကြီးမားတဲ့ပြဿနာတစ်ရပ်ပါ” လို့ Rizak က ပြောပါတယ်။
စစ်မဖြစ်မီက ယူကရိန်းဂျီဒီပီ ရဲ့ ၁၀ ရာခိုင်နှုန်း အထောက်အပံ့ပြုခဲ့တဲ့ ယူကရိန်းစိုက်ပျိုးရေးကဏ္ဍအတွက် ရေရှည်ပြဿနာ နောက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကားလမ်း၊ ရထားလမ်းနဲ့ တခြားအခြေခံအဆောက်အအုံတွေ လက်ရှိ တွက်ချက်ထားရသလောက် ဒေါ်လာ ၃၅ ဒသမ ၃ ဘီလျံဖိုးလောက် ပျက်စီးသွားတာ ဖြစ်တယ်လို့ ကီးယက်စီးပွားရေးပညာကျောင်း က အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။
“လူတွေက ငြိမ်းချမ်းရေးရပြီးတာနဲ့ တပြိုင်နက် စားနပ်ရိက္ခာအကျပ်အတည်း ပြေလည်သွားလိမ့်မယ် ထင်နေကြတယ်” လို့ ဝါရှင်တန်မြို့ရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာလေ့လာမှုဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံးရေး ဒါရိုက်တာ Caitlin Welsh က ပြောပါတယ်။ “အခု ယူကရိန်းကိစ္စက အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ပြုပြင်ဖို့ တစ်ခုတည်းတင် ကာလအကြာကြီး အချိန်ယူရလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။
တောင်သူလယ်သမားတွေရဲ့ ငွေရေးကြေးရေးအခြေအနေကလည်း အလွန်အမင်း စိုးရိမ်စရာဖြစ်နေကြောင်း ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ HarvEast ရဲ့ အမှုဆောင်ချုပ် Dmitry Skornyakov က ပြောပါတယ်။
တောင်သူအများစုဟာ စစ်မတိုင်ခင်က အထွက်ကောင်းကောင်း ရိတ်သိမ်းရရှိခဲ့သီးနှံက ဝင်ငွေကြောင့် ဒီတစ်နှစ်တော့ ရှင်သန်ရပ်တည်နိုင်ကြောင်း၊ ဒါပေမဲ့ စစ်ပွဲက ၂၀၂၄ အထိ ဆက်ဖြစ်နေဦးမယ်ဆိုရင် တောင်သူထက်ဝက်လောက် ငွေကြေးပြဿနာ ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ခန့်မှန်းလိုက်ပါတယ်။
"လက်ရှိအနေအထားအရ ရှေ့လာမဲ့အနာဂတ်ဟာ မှိုင်းရာကနေ မှောင်နေတယ်" လို့ ၎င်းက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Soils of war: The toxic legacy for Ukraine's breadbasket - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023