သရက်တစ်ပင်တည်းကနေ သရက်မျိုး ၃၀၀ ကျော် သီးစေသူ
အသက် ၈၀ ကျော် အိန္ဒိယအဘိုးကြီး ကာလမ် အူလာခန်းဟာ နေ့စဉ် မနက်ဝေလီဝေလင်းတိုင်း အိပ်ယာကထ၊ ဘုရားရှိခိုး၊ ပြီးရင် သက်တမ်း နှစ် ၁၂၀ ရှိတဲ့ သူ့သရက်ပင်ကြီးဆီ အေးအေးလူလူ လမ်းလျှောက်သွားလေ့ရှိတယ်။ ဒီအပင်ကြီးဟာ သရက်မျိုးပေါင်း ၃၀၀ ကျော်လောက် သီးလာအောင် သူ နှစ်ရှည်လများ ပြုစုယုယလာခဲ့တဲ့ အပင်ကြီးပါ။
အပင်ကြီးနဲ့ နီးလာတာနဲ့အမျှ သူ့ ခြေလှမ်းတွေ ပိုသွက်လာတယ်။ သရက်ကိုင်းတွေကို သူ့မျက်မှန်ကတစ်ဆင့် စူးစိုက်ကြည့်နေချိန်ဆိုရင် သူ့မျက်လုံးတွေ အရောင်တောက်လာတယ်။ ဒီနောက်တော့ အရွက်တွေကို ပွတ်သပ်ကြည့်လိုက်၊ အသီးတွေ မှည့်မမှည့် နမ်းကြည့်လိုက်နဲ့။
"ဒါကတော့ နေပူခေါင်ခေါင်မှာ ဆယ်စုနှစ်များစွာကြာအောင် ကြိုးစားပမ်းစား လုပ်ကိုင်လာခဲ့တဲ့အတွက် ရရှိလာတဲ့ ဆုလာဘ်ပါ" လို့ အသက် ၈၂ နှစ်ရှိ အဘိုးကြီးက မာလီဟာဘတ်မြို့ငယ်လေးရှိ သူ့ခြံတွင်းက သရက်ပင်ကြီးကို ရည်ညွှန်းပြောတယ်။
"သာမန်မျက်စိနဲ့ ကြည့်ရင် ဒါဟာ သစ်ပင်တစ်ပင်ထက် မပိုပါဘူး။ ဒါပေမဲ့ စိတ်မျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာ သစ်ပင်ဆိုလည်း ဟုတ်၊ သစ်သီးခြံဆိုလည်း ဟုတ်၊ ကမ္ဘာမှာ အကြီးဆုံးသော သရက်သီးပညာကောလိပ်ကျောင်းကြီးဆိုလည်း ဟုတ်ပါတယ်"
သူ ကျောင်းထွက်ချိန်မှာ ဆယ်ကျော်သက်သာ ရှိသေးပြီး အဲဒီကတည်းက သရက်ကိုင်းကူးကိုင်းဆက်ကို ပထမဆုံးအကြိမ် စမ်းသပ်ကာ သရက်မျိုးသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။
သူဟာ သရက်တစ်ပင်တည်းကနေ မျိုးသစ် ခုနစ်မျိုး သီးအောင် ပြုစုခဲ့ပေမဲ့ အဲဒီအပင်ဟာ မုန်တိုင်းထဲ ပါသွားခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၈၇ ခုနှစ်ကစလို့ ယခု သက်တမ်း ၁၂၀ ရှိနေပြီဖြစ်တဲ့ သရက်ပင်ကြီးနဲ့ပဲ ပျော်မွေ့နေခဲ့ပြီး ဒီအပင်ကြီးကနေ အရသာ၊ အရောင်အသွေး၊ အရွယ်အစား မတူညီတဲ့ သရက်မျိုး ၃၀၀ ကျော် သီးလာအောင် ပြုစုခဲ့ကြောင်း သူ ပြောပြတယ်။
အစောဆုံး စပ်ခဲ့တဲ့ မျိုးတွေထဲက တစ်မျိုးကို ဘောလိဝုဒ်နာမည်ကျော်မင်းသမီး၊ ၁၉၉၄ ခုနှစ်ရဲ့ ကမ္ဘာ့အလှမယ် Aishwarya Rai ကို ဂုဏ်ပြုတဲ့အနေနဲ့ Aishwarya လို့ အမည်ပေးခဲ့တယ်။ ယနေ့အချိန်ထိလည်း အဲဒီသရက်မျိုးဟာ သူဖန်တီးသမျှအနက် အကောင်းဆုံးမျိုးတစ်မျိုးအဖြစ် ရှိနေဆဲပါ။
"အဲဒီသရက်က မင်းသမီးလေးအတိုင်း လှပပါတယ်။ သရက်သီးတစ်လုံးကို အချိန် တစ်ကီလိုကျော် ရှိပြီး အခွံမှာ ကြက်သွေးရောင်လေး သန်းနေတယ်။ အရသာကလည်း အလွန် ချိုမြိန်တယ်" လို့ ခန်းက ပြောပြတယ်။
တခြား သူ ဂုဏ်ပြုမှည့်ခေါ်ခဲ့တဲ့ အထဲမှာ ဝန်ကြီးချုပ် Narendra Modi နဲ့ ခရစ်ကတ်ဟီးရိုး Sachin Tendulkar တို့ ပါတယ်။ နောက်တစ်ခုက ရာဇဝင်ထဲက အမျိုးသမီးတစ်ဦးအမည် Anarkali သရက်မျိုး။ ဒီသရက်မျိုးမှာ အခွံနှစ်ထပ်၊ အသားနှစ်ထပ် ပါပြီး အနံ့က တစ်မျိုးစီ ဖြစ်ပါတယ်။
"လူတွေဟာ မွေးလာပြီးရင် သေဆုံးကြရမှာ။ သရက်သီးတွေကတော့ ထာဝရ တည်တံ့နေလိမ့်မယ်။ Sachin သရက်ကို လူတွေ စားသုံးတဲ့အခါတိုင်း ခရစ်ကတ်လူစွမ်းကောင်းကို သတိရနေကြလိမ့်မယ်" လို့ သားသမီးရှစ်ယောက်ရဲ့ ဖခင်က ပြောပါတယ်။

'နာမည်ကျော်တဲ့ သရက်'
ပေ ၃၀ မြင့်တဲ့ သူ့ရဲ့ အဖိုးတန် သရက်ပင်ကြီးဟာ လုံးပတ် တုတ်တုတ်ခိုင်ခိုင်နဲ့ ဘေးပတ်ပတ်လည်ကို ကိုင်းတွေ ဖြာထွက်နေကာ ထူထူထဲထဲ သစ်ကိုင်းတွေကနေ အိန္ဒိယနွေနေပူကို ကာကွယ်နိုင်တဲ့ အရိပ်အာဝါသကောင်းကို ပေးအပ်ပါတယ်။
အပင်ကြီးပေါ်က အရွက်တွေဟာ တစ်ကိုင်းနဲ့တစ်ကိုင်း အဆင်း၊ အနံ့ ကွာခြားကြပါတယ်။ တစ်ချို့ကိုင်းတွေမှာ အဝါရောင် တောက်တောက်တွေ ဖြစ်နေပေမဲ့ အခြားကိုင်းတွေမှာ စိမ်းစိမ်းပုပ်ပုပ်တွေ ဖြစ်နေပြန်ပါတယ်။
"လက်ဗွေရာနှစ်ခု မတူညီကြသလိုပဲ သရက်မျိုးနှစ်မျိုးဟာလည်း မတူညီပါဘူး။ သဘာဝတရားက သရက်ပင်ကို လူတွေလို ဉာဉ်ကွဲ၊ လက္ခဏာကွဲတွေ ဖန်တီးပေးထားတယ်" လို့ ခန်းက ပြောပါတယ်။
သူ့ရဲ့ ကိုင်းဆက်နည်းတွေက ရှုပ်ထွေးပါတယ်။ အဲဒီထဲမှာ မျိုးတစ်မျိုးရဲ့ ကိုင်းကို လှီး၊ ပြီးရင် အဲဒီနေရာမှာ တခြားမျိုးရဲ့ ကိုင်းတစ်ကိုင်းနဲ့ တေ့ဆက်ပြီး တိတ်နဲ့ စည်းပတ်တာမျိုး ပါဝင်ပါတယ်။
"ကိုင်းဆက် မြဲသွားတာနဲ့ တိတ်ကို ဖယ်လိုက်မယ်။ ဒီကိုင်းသစ်ဟာ နောက်ရာသီလောက်ဆိုရင် အဆင်သင့်ဖြစ်ပြီ။ နောက်ထပ် နှစ်နှစ်ဆိုရင် သရက်မျိုးသစ် သီးပြီ" လို့ သူ ရှင်းပြတယ်။
ခန်းဟာ သူ့ပညာနဲ့ ဂုဏ်ပြုဆုတွေ အမြောက်အမြား ဆွတ်ခူးရယူခဲ့ဖူးပါတယ်။ အဲဒီအထဲ နိုင်ငံတော်က ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတစ်ဆုကို ၂၀၀၈ ခုနှစ်က ရရှိခဲ့ပြီး အီရန်၊ ယူအေအီး နိုင်ငံတို့ရဲ ဖိတ်ကြားခြင်းကိုလည်း ခံခဲ့ရဖူးပါတယ်။
"ကျွန်တော် ကန္တာရထဲမှာတောင် သရက်ကို ဖြစ်အောင် စိုက်နိုင်တယ်" လို့ သူ ပြောပြတယ်။
'ရာသီဥတုခြောက်လှန့်မှု'
အိန္ဒိယဟာ သရက်သီး ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာအထွက်ရဲ့ ထက်ဝက်လောက်ထိ ရှိပါတယ်။ ဥတ္တရဒေသပြည်နယ်ထဲက မာလီဟာဘတ်မြို့နယ်မှာ သရက်ခြံ ဟက်တာ ၃၀၀၀၀ ကျော် ရှိကာ နိုင်ငံရဲ့ ၂၅ ရာခိုင်နှုန်းနီးနီးနဲ့ ညီမျှပါတယ်။
မိသားစုတွေ လက်ဆင့်ကမ်း ပိုင်ဆိုင်လာတဲ့ ဒီသရက်ခြံတွေဟာ သရက်သီးချစ်သူတွေအဖို့ သုခဘုံအလားပါပဲ။ ဒေသမှာ နာမည်အကြီးဆုံးမျိုးက Dasheri မျိုး ဖြစ်ပြီး ၁၈ ရာစုတုန်းက ဒီသရက်မျိုးကို စတွေ့ခဲ့ရာ ကျေးရွာအမည်ကို အစွဲပြုခေါ်ထားတာပါ။
ဒါပေမဲ့ လယ်သမားတွေဟာ ရာသီဥတုဖောက်ပြန်မှုအပေါ် စိုးရိမ်နေကြပြီး ဒီနှစ်ထဲမှာ အပူလှိုင်းကြောင့် သရက် ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ရကြောင်း အိန္ဒိယသရက်တောင်သူအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သရက်မျိုးတွေလည်း လျော့နည်းလာနေပြီး ဒါဟာ စိုက်ပျိုးရေးချဲ့ထွင်မှု၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှုတို့ကြောင့် ဖြစ်လာတာလို့ ခန်းက ပြစ်တင်ပါတယ်။
တောင်သူတွေဟာ သရက်ကို ကျပ်သိပ်နေအောင် စိုက်ပျိုးတာကြောင့် အရွက်တွေပေါ် မိုးရေနဲ့ နှင်းစက်တို့ ကျဖို့အထိတောင် နေရာလွတ်မကျန်တော့ဘူးလို့ သူ ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် သူဟာ နေပျော်တဲ့ဘဝကို ပိုင်ဆိုင်ထားဆဲပဲလို့ ပြောပါတယ်။
"ကျွန်တော် တလောကမှ သရက်ပင်ကြီးနဲ့ ပိုနီးတဲ့ အိမ်သစ်ကို ပြောင်းထားပါတယ်။ ဒီအလုပ်ကို နောက်ဆုံးထွက်သက်ထိ လုပ်သွားမယ်"
ဝေယံဟိန်း (B.Ag)
Ref: India's mango man, father of 300 varieties - AFP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စောအယ်ဝါး
လွန်ခဲ့သော ၆ လ ကသရက်ပင်ဘယ်လိုစိုက်ရလည်း
Ma Win Win Htay
လွန်ခဲ့သော ၄ နှစ် ကအိမ်မှာ သရက်သီး ပင်ကြီးတပင်ရှိတယ်
Ma Win Win Htay
လွန်ခဲ့သော ၄ နှစ် ကနည်း လမ်းလေးမျှပေါ
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023