အကြိမ်ကြိမ် ရိတ်သိမ်းနိုင်တဲ့ နှစ်ရှည်စပါးတစ်မျိုးကို တရုတ် မိတ်ဆက်
တရုတ်အစိုးရဟာ အကြိမ်ကြိမ် စိုက်ပျိုးစရာမလိုဘဲ နှစ်များစွာ ရိတ်သိမ်းလို့ရနိုင်တဲ့ နှစ်ရှည်စပါးမျိုးသစ်တစ်မျိုးကို တောင်သူလယ်သမားတွေ စမ်းသပ်စိုက်ပျိုးလာအောင် အားပေးလှုံ့ဆော်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့လတုန်းက တရုတ်စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနက စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ လက်ရွေးစင်စပါးမျိုးတွေထဲမှာ မိရိုးဖလာမျိုးထက် ထွက်နှုန်းနှစ်ဆ ပိုထွက်တဲ့ နှစ်ရှည်မျိုးတစ်မျိုးလည်း ပါဝင်ခဲ့ပါတယ်။
ဒီစပါးဟာ နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးဖို့ အလားအလာရှိတဲ့ တစ်ခုတည်းသော မျိုးဖြစ်တယ်လို့ ယူနန်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဒီစပါးကို ထုတ်လုပ်ခဲ့တဲ့ ရှန်ဇန်မြို့အခြေစိုက် BGI Research သုတေသနလုပ်ငန်းက ထုတ်ပြန်ပါတယ်။
ပုံမှန်ဆိုရင် စပါးကို တစ်နှစ်တစ်ခါ ပြန်လည်စိုက်ပျိုးနေရပေမဲ့ ဒီနှစ်ရှည်မျိုးကတော့ ပြန်စိုက်စရာ မလိုတာကြောင့် စရိတ်စက သက်သာ၊ လုပ်သားလိုအပ်ချက် လျော့နည်းပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း ပိုကောင်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
BGI Research ရဲ့ အကြီးအကဲ သိပ္ပံပညာရှင် Liu Huan က နှစ်ရှည်စပါးတီထွင်နိုင်ခြင်းဟာ လုံးလုံးလျားလျား အပြောင်းအလဲတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
"စက်မှုလယ်ယာ အသုံးမပြုနိုင်တဲ့ နေရာတွေ၊ လုပ်သားပြတ်လပ်တဲ့ နေရာတွေနဲ့ မြေယာများစွာ အသုံးမချရသေးတဲ့နေရာတွေ ရှိနေပါတယ်။ ဒီစပါးမျိုးနဲ့ဆိုရင် လှပ်ထားတဲ့မြေတွေကို ကောင်းကောင်း အသုံးချနိုင်ပါတယ်။ ဒါကြောင့်လည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဒီစပါမျိုး စိုက်လာအောင် အားပေးနေတာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။
သိပ္ပံပညာရှင်တွေဟာ ကောက်ပဲသီးနှံပင်ကို အကြိမ်ကြိမ် ပြန်စိုက်စရာမလိုဘဲ နှစ်ရှည် အထွက်ရရှိစေမဲ့ အယူအဆကို ၁၉၃၀ ပြည့်လွန်နှစ်လောက်က စတင်ကြံဆခဲ့ကြတာပါ။ ဒါပေမဲ့ ဒီအယူအဆအပေါ် အခြေခံပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာကတော့ ၁၉၈၀ နောက်ပိုင်းမှ ဖြစ်ပြီး ဂျုံ၊ ပြောင်းဖူးနဲ့ စပါးနှစ်ရှည်မျိုးတွေကို ကမ္ဘာတစ်ဝန်းမှာ စမ်းသပ်လာခဲ့ကြပါတယ်။
စိုက်ပျိုးရေးဝန်ကြီးဌာနက မိတ်ဆက်လာတဲ့ ယခုမျိုးကို ယူနန်တက္ကသိုလ်လက်အောက်ရှိ စိုက်ပျိုးရေးကောလိပ် ပါမောက္ခတစ်ဦးဖြစ်တဲ့ Hu Fengyi က တီထွင်ခဲ့တာဖြစ်ပါတယ်။
ဒီစပါးမျိုးကို တောင်သူတွေဆီ ပထမဆုံး စိုက်ပျိုးစေခဲ့တာက ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံအနောက်တောင်ပိုင်းပြည်နယ်တွေထဲမှာ ဖြစ်ပြီး အထွက်နှုန်း တစ်ဟက်တာ ၁၅ တန်အထိ ရှိခဲ့ရာ မိရိုးဖလာမျိုးတွေရဲ့ ပျမ်းမျှအထွက်နှုန်းထက် နှစ်ဆကျော် ပိုများခဲ့ကြောင်း China Rice Data Centre ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် နှစ်ရှည်စပါးဟာ စိုက်ပျိုးရေးသွင်းအားစုစရိတ်ကို ၅၀ ရာခိုင်နှုန်းကျော် သက်သာစေပြီး သီးနှံစီမံရတာလည်း လွယ်ကူစေကြောင်း Hu လုပ်ခဲ့တဲ့ သုတေသနအရ သိရပါတယ်။
စတင်စိုက်ပျိုးတဲ့ ပထမနှစ်မှာတော့ အခြားတစ်သီးစားမျိုးတွေနည်းတူ စရိတ်ကုန်ကျပေမဲ့ နောက်နှစ်တွေမှာ မျိုးစေ့စရိတ်၊ စိုက်စရိတ်နဲ့ ထွန်ယက်စရိတ်တွေ သက်သာတာကြောင့် တောင်သူလယ်သမားတွေဟာ တစ်ရာသီကို ဒေါ်လာ ၁၄၀၀ လောက်အထိ ချွေတာနိုင်တယ်လို့ HU ရဲ့ သုတေသနက တွေ့ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ ကိုလိုရာဒိုပြည်နယ်တက္ကသိုလ်က ဂေဟဗေဒပညာရှင် Laura van der Pol ကလည်း နှစ်ရှည်စပါး စိုက်ပျိုးခြင်းဟာ အစားအစာကို ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်စေပြီး စိုက်ပျိုးရေးကြောင့် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျော့နည်းစေနိုင်တယ်လို့ ပြောပါတယ်။
"နှစ်ရှည်ပင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် မြေတိုက်စားမှုကို သက်သာစေနိုင်ပါတယ်။ အပင်တွေဟာ အခင်းထဲမှာ နှစ်များစွာ ဆက်လက်ကြီးထွားနေတာကြောင့် မြေပြင်ရတာ နည်းပါတယ်။ ဒါကြောင့် စက်ယန္တရားတွေနဲ့ မြေကို ထိုးကော်ပြီး အနှောင့်အယှက်ပေးရတာ သိပ်မရှိတော့ပါဘူး" လို့ ၎င်းက ပြောပါတယ်။
အပင်အမြစ်တွေ မြေကြီးထဲမှာ တစ်နှစ်ပတ်လုံး ကြီးထွားနေခြင်းကလည်း မြေဆီလွှာကို ထိန်းသိမ်းပေးပြီး ပြန်လည်ဖွံ့ဖြိုးလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် နှစ်ရှည်ပင်တွေဟာ ပေါင်းမြက်ကို လျော့နည်းစေတဲ့အပြင် အပင်ကြီးရင့်လာချိန်မှာ မြေတွင်းသက်ရှိစုံလင်ဖြစ်တည်မှုကို အားပေးပြီး အော်ဂဲနစ်ပစ္စည်းတွေကို စုစည်းစေနိုင်ပါတယ်။
ဒါပေမဲ့ နှစ်ရှည်ကောက်ပဲသီးနှံတွေမှာ အချိန်ကြာလာတာနဲ့အမျှ သီးနှံဖျက်ပိုးနဲ့ ရောဂါတွေ စုဝေးလာနိုင်တာကြောင့် အခြားသီးနှံနဲ့ ရောပြီး သီးညှပ်စိုက်ပျိုးသင့်တယ်လို့ van der Pol က ပြောပါတယ်။
လက်ရှိအချိန်အထိ နှစ်ရှည်စပါးကို တရုတ်နိုင်ငံတောင်ပိုင်းက နေရာ ၁၁၇ ခုမှာ စိုက်ပျိုးထားပြီး စိုက်ဧရိယာ ဧက ၄၀၀ ကျော်လောက် ကျယ်ဝန်းပါတယ်။ ဒီစပါးမျိုးကို ယူဂန္ဓာ၊ အီသီယိုးပီးယား၊ လာအို၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အပါအဝင် အာရှနဲ့ အာဖရိက ၁၇ နိုင်ငံမှာလည်း မိတ်ဆက်ထားကြောင်း BGI Research က ထုတ်ပြန်ပါတယ်။
"တရုတ်ဟာ နိုင်ငံရဲ့စိုက်ပျိုးမြေ ဆယ်ရာခိုင်နှုန်းအောက်ကိုသာ သုံးပြီး ကမ္ဘာ့စပါး လေးပုံတစ်ပုံကို ထုတ်လုပ်လျက်ရှိပါတယ်။ နှစ်ရှည်စပါး စိုက်ပျိုးခြင်းအားဖြင့် သွင်းအားစုစရိတ် ချွေတာနိုင်တယ်၊ အထွက်မြှင့်တင်နိုင်တယ်၊ သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူးတွေလည်း ရှိတယ်။ ဒါကြောင့် နှစ်ရှည်စပါးဟာ လယ်သမားတွေအတွက် လုံးလုံးလျားလျား အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်" လို့ Liu က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: China urges farmers to consider new variety of perennial rice - South China Morning Post
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မျိုးစပါး
Chit Wunn Aung
လွန်ခဲ့သော ၃ နှစ် ကဘုရားဘုရား ဘေးထွက်ဆိုးကျိုး များရှိမလား ခနခန ပိုးသတ်ဆေးဖျန်းရမယ့်ပုံပဲ
Aung San Win
လွန်ခဲ့သော ၃ နှစ် ကစပါးသက်တန်းနင့်ထွက်နုန်းပြောပေးပါ
ဝေယံဟိန်း (B.Ag)
လွန်ခဲ့သော ၃ နှစ် ကPR 23 လို့ သိရပါတယ်။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကရေခံမြေခံအကြောင်းလည်းမပါဘူးနော်စုံစုံလင်လင်ဖတ်ချင်ပါတယ်
aye
လွန်ခဲ့သော ၃ နှစ် ကမျိုးအမည်ဘယ်လိုပေးထားလဲ
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023