ဝက်ငယ်လေးများ၊ အသားတိုးဝက်များနှင့် ဝက်သိုးများအား စနစ်တကျ ပြုစုစောင့်ရှောက်နည်း
(က) ဝက်ငယ်လေးများအား ပြုစုစောင့်ရှောက်ခြင်း
မွေးကင်းစ ဝက်ငယ်လေးများအား ပြုစုစောင့်ရှောက်ရာတွင် -
- မွေးစဝက်ငယ်လေးများ၏ နှာခေါင်း၊ ပါးစပ်နှင့် ခန္ဓာကိုယ်တွင်ရှိသော အရိအချွဲများ ပြောင်စင်စေရန် အဝတ်စဖြင့် သုတ်ပေးရပါမည်။
- ချက်ကြိုးကို ဝမ်းဗိုက်မှ ၂ လက်မခန့်အကွာမှ ကြိုးချည်ပြီး ဖြတ်ပေးရပါမည်။
- မွေးဖွားနေစဥ်တွင် တစ်ကောင်ချင်းမွေးဖွားလာသော ဝက်ငယ်ကလေးများကို ကောက်ရိုး (သို့) မြက်ခြောက် (သို့) သေတ္တာ (သို့) တောင်းအတွင်းသို့ ထည့်ပေးရပါမည်။
- ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ငယ်လေးများ အအေးမိခြင်းဒဏ်မှ ကာကွယ်နိုင်မည်ဖြစ်သလို ဝက်မကြီး မတော်တဆနင်းမိခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။
မွေးပြီး ဝက်ငယ်လေးများအား ပြုစုစောင့်ရှောက်ရာတွင်-
- မွေးပြီး ၂ ရက်အတွင်း ဝက်ငယ်လေးများကို စွယ်သွားဖြတ်ပေးရပါမည်။
- ဝက်ငယ်၏အသက် (၂-၃) ရက်အတွင်း အမြီးဖြတ်ပေးရပါမည်။
- ဝက်ငယ်အသက် ၃ ရက်သားခန့်တွင် သံဓာတ်အားဆေး ထိုးပေးရပါမည်။
- ဝက်ကလေး၏အသက် ၇ ရက်မှစ၍ ဝက်ငယ်စာများကို ကောင်းစွာ ကျွေးမွေးပေးရန် လိုအပ်ပါသည်။
- အသားတိုးမွေးမည့်ဝက်ထီးများအား(၂၁)ရက်တွင် သင်းကွပ်ပေးရန်လိုအပ်ပါသည်။
- ဝက်ဝမ်းကျကာကွယ်ဆေးကို ဝက်အသက် ၁ လခွဲတွင် ထိုးနှံပေးရပါမည်။
- ဝက်ငယ်လေးများမွေးပြီး ၄ ပတ်အထိ သေဆုံးမှုများတတ်သောကြောင့် အထူးဂရုပြုရန် လိုအပ်ပါသည်။
- မွေးပြီး ၁၂ နာရီအတွင်းတွင် ချပေးသည့် နို့ဦးရည်ကို ဝက်ငယ်လေးများအားလုံး သောက်သုံးနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
- ဝက်ငယ်လေးများ၏ သားခွဲရက်ကို (၄၅)ရက်ထက် မကျော်ရပါ။ သို့မှသာ ဝက်မကြီး နောက်တစ်ကြိမ် သားပြန်တောင်းချိန် စောမည်ဖြစ်ပါသည်။

ဝက်ငယ်များ သေဆုံးနှုန်းများသည့် အခြေအနေများမှာ -
- အသက်ကြီးသည့် ဝက်မများမှမွေးခြင်း၊
- မွေးစတွင် ကိုယ်အလေးချိန် နည်းလွန်းခြင်း၊
- မွေးဝက်ငယ်ကောင်ရေများခြင်း၊
- ဝက်မွေးလှောင်အိမ်၊ အနွေးပေးပုံးစသည်တို့ဖြင့် စနစ်တကျ မွေးမြူမှုမရှိခြင်း၊
- နို့ဦးရည် မသောက်စို့ရခြင်း စသည်တို့ ဖြစ်ပါသည်။
(ခ) အသားတိုးဝက်များအား ပြုစုစောင့်ရှောက်ခြင်း
- အသားတိုးဝက်များအား အစာကျွေးရာတွင် စားနိုင်သလောက်ကျွေးပေးခြင်းစနစ်ကို ကျင့်သုံးသင့်ပေသည်။
- အရွယ်တူဝက်များကို ရွေးချယ်၍ အုပ်စုလိုက်ထားပါ။
- နေ့စဥ်ရေချိုးပေးနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
- ဝက်ခြံသည် လေဝင်လေထွက်ကောင်းမွန်၍ အနံ့အသက် ကင်းရပါမည်။
- အစာခွက်၊ရေခွက်များကို လုံလောက်အောင်ထားပေးရပါမည်။
- ကျွေးမွေးသည့်အစာတွင် လိုအပ်သည့်အာဟာရပြည့်ဝစွာ ပါရှိရပါမည်။
- ဝက်များ၏ သွားလာလှုပ်ရှားမှုများနှင့် ကျန်းမာရေးအခြေအနေများကို နေ့စဥ်နံနက် ၁ကြိမ်၊ ည ၁ကြိမ် စစ်ဆေးရန်လိုအပ်ပါသည်။
(ဂ) ဝက်သိုးများအား ပြုစုစောင့်ရှောက်ခြင်း
- အသက် ၈ လ အောက်တွင် ဝက်သိုးအဖြစ် စတင်အသုံးမပြုရပါ။ ၈ လ တွင် အရွယ်ရောက်သော်လည်း ဖြစ်နိုင်လျှင် ၁၂ လခန့်တွင်မှ ဝက်သိုးအဖြစ် အသုံးပြုပါက ပိုမိုကောင်းမွန်ပါသည်။
- အသုံးပြုစတွင် သားစပ်ခြင်းကို ၁ ပတ်လျှင် ၂ ကြိမ်ထက် မပိုစေရပါ။
- အသက် ၁ နှစ်အတွင်း ဝက်သိုးများကို ၁ ပတ်လျှင် ၂ ကြိမ်မှ ၄ ကြိမ်အထိ အသုံးပြုနိုင်ပါသည်။
- အသက် ၂ နှစ်ကျော်အရွယ်ဝက်သိုးကို တစ်နေ့ ၁ ကြိမ် သားစပ်နိုင်ပါသည်။ တစ်ခါ တစ်ရံ ၂ ကြိမ်ထိ သုံးနိုင်ပါသည်။
- အစာကျွေးရာတွင် ကြီးထွားနှုန်းကောင်းမွန်စေရန်မှာ အဓိကဖြစ်သော်လည်း မဝလွန်းစေရန် အထူးသတိပြုရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အယ်ကိုး
လွန်ခဲ့သော ၃ နှစ် ကဝက်ဆေးထိုးပုံထိုးနည်းလေးပြောပြပေးပါအုံးဆရာတိုဆေးထိုးဆရာတွေနဲဝေးလိုပါ
နန့်ချစ်စုမ
လွန်ခဲ့သော ၃ နှစ် ကok
Aung Myo Swe
လွန်ခဲ့သော ၃ နှစ် ကဝက်ငယ်မှအသားတိုးဝက်ကြီးအထိ ဒေသအစာစပ်နည်းလေးများကိုလည်းပညာဖြန့်ဝေပေးပါအုံးခင်ဗျာ
U.Shin
လွန်ခဲ့သော ၃ နှစ် ကဝက်မတန်းကိုသားတင်သောအခါချုပ်တင်ပါကမျိုးရနိုင်ပါမလားဗျာ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဝက်စား ထုတ်လုပ်မူးများကိုပြောပြပေပါအုံး ဆရာတို့
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....