တိုင်းရင်းငါးအငယ်စား...ငါးဇင်စပ်ငါး
ငါးဇင်စပ်ငါးမှာ အာဟာရဓါတ်ကြွယ်ဝသော တိုင်းရင်းငါးအငယ်စားလေးဖြစ်ပြီး ရေချိုငါးမျိုးစိတ်ဖြစ်သည်။ မြစ်၊ ချောင်း၊ စပါးခင်းများကဲ့သို့ သဘာဝရေပြင်များတွင် တွေ့ရှိနိုင်ပါသည်။
ငါးဇင်စပ်ငါးမှာ ဖန်သားလို ကြည်လင်နေသော ခန္ဓာကိုယ်ရှိသဖြင့် Glassy Fish or Glassy Perch or X-ray Fish ဟုလည်း အင်္ဂလိပ်လို အမည်တွင်ပါသည်။ မြန်မာနိုင်ငံတွင် ငါးဇင်စပ်ငါးကို ငါးပုလင်းကွဲ၊ငါးထန်းရွက်၊ ငါးဖန်ဝိုင်း၊ ငါးဖြူစလွန်း၊ ငါးဒင်္ဂါး၊ ငါးဖြင်းလက်ခေါက်၊ ကြောင်မစားငါး စသဖြင့် ဒေသအခါ်အရ အမျိုးမျိုး ကွဲပြားကြပါသည်။
ငါးဇင်စပ်ငါးကို မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။ ငါးဇင်စပ်ငါးလေးများ၏ ခန္ဓာကိုယ်ကို သာမန်ထက် ထူးခြားစွာ ဖောက်ထွင်းမြင်နိုင်တယ်ဆိုတာ သူတို့ရဲ့ အရိုးလေးတွေနဲ့ ကိုယ်တွင်းအဂ်ါတွေက ထုတ်ဖော်ပြသနေပါသည်။ ငါးဇင်စပ်ငါးလေးများမှာ အမြင့်ဆုံးခန္ဓာကိုယ်အလျှား ၇.၅ စင်တီမီတာ (၃.၁ လက်မ) ရှိကြပြီး ပုံမှန်အားဖြင့် ၄ စင်တီမီတာ ရှိကြပါသည်။
မိုးရာသီမှာ သားပေါက်ကြပြီး အခွံမာရေသတ္တဝါ၊ ကျောရိုးမဲ့ရေသတ္တဝါလေးတွေနဲ့ တီကောင်တွေကို သူတို့ရဲ့ အစာအဖြစ် စားလေ့ရှိကြပါသည်။ ရေအောက်ကြမ်းပြင်နေ (demersal fish) ဖြစ်သော ရေချိုငါးမျိုးစိတ် ငါးဇင်စပ်ငါးလေးများမှာ အဏုအာဟာရကြွယ်ဝသော တိုင်းရင်းငါးငယ်လေးများ ဖြစ်ကြသဖြင့် ထိုငါးငယ်လေးများကို တစ်ကောင်လုံးစားသုံးပါက လူ့ခန္ဓာကိုယ်အတွက် အဓိက လိုအပ်သော အသားဓါတ် (protein)၊ မျက်စိအတွက်လိုအပ်သော ဗီတာမင်အေ (Vitamin -A) အပါအဝင် ဗီတာမင်ဓါတ်မျိုးစုံ၊ အရိုးသန်မာစေရန် လိုအပ်သော ကယ်လစီယမ် အပါအဝင် သတ္တုဓါတ်မျိုးစုံ ပါဝင်ပြီး ကိုယ်ဝန်ဆောင်များနှင့် မွေးကင်းစ ခလေးငယ်များ၏ ပထမဆုံးရက်(၁၀၀၀)အတွင်း ပုံမှန်ဖွံ့ဖြိုးစေရန်အတွက် လိုအပ်သောဓါတ်များ ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့ဖြစ်၍ မြန်မာဝေါဟာရတွင် “ခေါင်းတစ်ရာသားကို စားပါ” ဟု တင်စားဖွဲ့ဆိုထားပါသည်။
မြစ်၊ ချောင်း၊ စပါးခင်းများမှ အဆိုပါ ငါးဇင်စပ်ငါးလေးများကိုမွေးမြူမည်ဆိုပါက ဇလုံ(သို့)အဝကျယ်ပုံးကို သုံး၍ ဖမ်းဆီးပြီး မွေးမြူမည့်ကန်ထဲသို့ ပြောင်းရွှေ့ရပါမည်။ သတိပြုရန်မှာ ဇလုံ(သို့) အဝကျယ်ပုံးကို ရေဖြည့်ထားရန် လိုအပ်ပါသည်။ အကောင်ရေ(၇၅-၁၀၀)အတွင်း ထည့်ပါက သဘာဝ အတိုင်း တစ်လအတွင်းပေါက်ဖွားနိုင်သဖြင့် ကန်အတွင်း ငါးသားပေါက်များ ထပ်မံပေါက်ဖွားရန် လုံလောက်ပါသည်။
ငါးဇင်စပ်ငါးလေးများကို ငါးကြင်း၊ ငါးမြစ်ချင်း ငါးများနှင့်လည်း အတူမွေးမြူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးကလေးများမှာ ငါးကြင်း၊ ငါးမျိုးများ၏ ကြီးထွားမှုနှင့် အထွက်နှုန်းကို မထိခိုက်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အဏုအာဟာရကြွယ်ဝသည့် အစာအရင်းအမြစ်ဖြစ်သော
ငါးဇင်စပ်ငါးငယ်လေးများကို စားသုံးခြင်းဖြင့် အာဟာရ ဖွံ့ဖြိုးစေသည့်အပြင် ထိုငါးငယ်လေးများကို ရောင်းချခြင်းဖြင့် ဝင်ငွေလည်း ပိုတိုးစေနိုင်ပါသည်။
မြစ်၊ ချောင်း၊ စပါးခင်းများမှ ဖမ်းယူပြီး မွေးမြူမည့်ကန်အတွင်း ပြောင်းရွှေ့ပြီးပါက ထိုငါးဇင်စပ် ငါးငယ်လေးများ သားပေါက်ဖွားရန် (၁-၂)လ အထိ စောင့်သင့်ပါသည်။ ထို့နောက် ကွင်းတားပိုက်သုံး၍ ငါးငယ်များကို ဖမ်းဆီးနိုင်ပါသည်။ မိသားစုများ၏ အစားအစာတွင် အဏုအာဟာရဓါတ်များ စဥ်ဆက်မပြတ် ရရှိနိုင်စေရန် တစ်ပါတ်ခြားတစ်ခါ တစ်စိတ်တစ်ပိုင်း ဖမ်းဆီးစားသုံးရန် တိုက်တွန်းထားကြပါသည်။
ငါးဇင်စပ်ငါးကို အိုးကပ်ချက်စား၊ မုန့်နှစ်ဖြင့် ငါးပေါင်းကြော် ကြော်စားခြင်းသာမက ငါးကို အကြွပ်ကြော်ပြီး ဆီထမင်းဖြင့်လည်း တွဲဖက်စားကြပါသည်။ ငါးအရသာမှာ လေးလေးပင်ပင်နှင့် ချိုသောကြောင့် မုန့်ဟင်းခါးချက်ခြင်း၊ အရည်သောက်ဟင်းချိုချက်ရာတွင်လည်း ဟင်းခတ်မှုန့် ထည့်စရာမလိုဘဲ ငါးချည်းသက်သက် ပင်ကိုယ်သဘာဝ အချိုဓာတ်ကို ရရှိပါသည်။ ထို့ပြင် ငါးဇင်စပ်ငါးကို ငါးပိရေကျို ပြုလုပ်ရာ၌လည်း သုံးကြပါသည်။ အခြောက်လှန်းပြီးလည်း စားကြပါသည်။ ငါးအရိုးစူးမှာ ကြောက်သူတွေက ကတ်ကြေးနဲ့ အဆူးတွေညှပ်ပြီးမှ ကြော်စားလေ့ရှိကြပါသည်။
ငါးဇင်စပ်ငါး၏ အသေးစိတ်အချက်အလက် (Scientific Classification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Phylum (မျိုးပေါင်းစု)- Chordata
Class (မျိုးပေါင်း) -Actinopterygii
Family (မျိုးရင်း)-Ambassidae
Genus(မျိုးစု)-Parambassis
Species (မျိုးစိတ်) -P.ranga ဟူ၍ ဖြစ်ကြပါသည်။
ရေးသားသူ -ပင်လယ်ပြာ(ငါးဦးစီး)
Ref: Wikipedia.
Worldfish.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026