ကျွဲနွားများကို အာမခံပစ္စည်းအဖြစ် လက်ခံအသုံးပြုသော Sentinel Chain နည်းပညာ အသုံးပြုမည့် စမ်းသပ်စီမံကိန်း လုပ်ဆောင်မည်
ကျွဲနွားများကို အာမခံပစ္စည်းအဖြစ် လက်ခံအသုံးပြုသော ကမ္ဘာ့ပထမဆုံး platform ဖြစ်သည့် Sentinel Chain နည်းပညာကို အသုံးပြုကာ Tamper-Proof Livestock Identification tagging ပြုလုပ်ရန် စမ်းသပ်စီမံကိန်းတစ်ခုကို InfoCorp Technologies နှင့် RGK+Z&A Group တို့က အစိုးရဌာနနှစ်ခုနှင့် သဘောတူညီခဲ့သည်။
စင်ကာပူနိုင်ငံအခြေစိုက် Fin-Tech ကုမ္ပဏီတစ်ခုဖြစ်သော InfoCorp Technologies နှင့် RGK+Z&A Group တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဋ္ဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းတို့နှင့်ပူးပေါင်း၍ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်အပါအဝင် ရွေးချယ်ထားသော ဒေသများတွင် InfoCorp ၏ Sentinel Chain နည်းပညာကို အသုံးပြု၍ ပူးတွဲလုပ်ဆောင်ကြမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စမ်းသပ်စီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူညီချက်ကို InfoCorp Technologies တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr. Roy Lai၊ RGK+Z&A Group ၏ ဥက္ကဋ္ဌနှင့် အုပ်စုအမှုဆောင်အရာရှိချုပ် Mr. Zeya Mon တို့နှင့် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးတို့က ရန်ကုန်မြို့၊ မြန်မာ့အာမခံရုံး၌ ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
“ဒီပူးပေါင်းလုပ်ဆောင်မှုဟာ ကျွဲနွား အာမခံတွေရဲ့ ဆုံးရှုံးမှုနှင့် စွန့်စားရမှုတွေကို ဖြေရှင်းပေးပြီး ကျွဲနွားတွေကို အာမခံပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်းဖြင့် ဈေးကွက်ကို ဖွံ့ဖြိုးရေး အင်အားစုအဖြစ် အသွင်ပြောင်းပေးမယ့် ငွေကြေးဆိုင်ရာ ဂေဟစနစ်အဖြစ် ဖန်တီးပေးနိုင်မယ်လို့ InfoCorp က ယုံကြည်ပါတယ်” ဟု Mr. Roy Lai က ပြောသည်။
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးကလည်း “ဒီနည်းပညာဟာ ကျေးလက်လူထုတွေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း အသုံးပြုလာနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်လို့ ကျေးလက်လူနေမှုဘဝ တိုးတက်လာတော့မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
InfoCorp Technologies သည် ကျွဲနွားများကို အာမခံပစ္စည်းအဖြစ် လက်ခံအသုံးပြုသော Sentinel Chain မှတဆင့် နယ်နိမိတ်များ ဖြတ်ကျော်ကာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်ပေးနေသည်။ ထိုပလက်ဖောင်းကို အသုံးပြု၍ ရိုးရိုးငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်ငွေချေးခြင်း၊ အာမခံလုပ်ငန်းစသည်တို့ကို ဘဏ်လုပ်ငန်းမရှိသော ကျေးလက်လူထုနှင့် ၎င်းတို့၏ အရောင်းအဝယ်လုပ်ငန်း လုပ်ဆောင်ရာတွင် အသုံးပြုနိုင်သည်ဟု ဆိုသည်။
ကျေးလက်လူထု လိုအပ်သော ချေးငွေများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဤနည်းပညာသည် ဘဏ်များအတွက် များစွာအသုံးဝင်လာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနဲ့ ကျေးလက်ကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးလုပ်ဆောင် နေပါတယ်။ ဤလေ့လာမှုက ကျွဲနွားတိရိစ္ဆာန်တွေနဲ့ ၎င်းတို့ပိုင်ရှင်တွေအတွက် အရေးပါတဲ့ အချက် အလက်တွေ ပြုစုရာမှာ အထောက်အကူများစွာ ရရှိလာမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ငွေကြေးဆိုင်ရာ ပါဝင်မှု ပြဿနာဖြေရှင်းရေးအတွက် အမျိုးမျိုး ကြိုးပမ်းခဲ့ကြတာကို တွေ့မြင်ခဲ့ရပြီး InfoCorp ရဲ့ မှန်ကန်ပြီး ထူးခြားတဲ့ နည်းပညာဟာ အောင်မြင်မှုရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့်လဲ ဒီနည်းပညာကို အသုံးချဖို့ InfoCorp နဲ့ ပူးပေါင်းပြီး အစိုးရဋ္ဌာနတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို ရယူခဲ့တာပါ” ဟု Mr. Zeya Mon ကပြောသည်။
ယခုပူးတွဲလေ့လာမှု၏ လာမည့်သုံးလအတွင်း ရှေ့ပြေးစီမံကိန်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ နွားများ၏ မွေးမြူရေးအထောက်အထားများ စုစည်းခြင်းပါဝင်သော မိုဘိုင်းအက်ပလီကေးရှင်းကို ပြည်တွင်းမှ အသုံးပြုသူများ လွယ်ကူစွာအသုံးပြုနိုင်ရေး အဓိကထားသွားမည်ဟု သိရသည်။
Source – Frontier Myanmar
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....