ခြံထဲကကြက်တွေ ကိုယ့်ဥကိုယ်ပြန်စားနေကြပြီလား?
ဒီလိုပြဿနာတွေကနေ ရပ်တန့်ဖို့၊ တားစီးနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေ ရှိပါတယ်။
ကြက်မွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်ကြတဲ့နေရာမှာ ဥစားကြက်ရဲ့ဝင်ငွေကလည်း မက်လောက်စရာ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ဒီနေရာမှာ ကြက်မတွေက ကြက်ဥတွေ ပြန်စားနေကြတယ်ဆိုရင်တော့ အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် စိတ်ညစ်စရာဒီလိုကိစ္စအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။
• အသားဓာတ် လုံလောက်အောင်ကျွေးပါ။ ဥကြက်မတွေကို ကျွေးတဲ့အစာထဲမှာ အသားဓာတ် ၁၆ ရာခိုင်နှုန်း အနည်းဆုံးပါသင့်ပါတယ်။ နို့၊ ဒိန်ချဉ်၊ နေကြာစေ့လိုမျိုးအစာတွေကို ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ပါတယ်။
• ကြက်ဥခွံတွေ မာအောင်ထားပါ။ ကြက်ဥခွံတွေပါးတဲ့အခါ ကွဲလွယ်ပြီးစားဖို့အတွက် ပိုလွယ်ကူစေတာပေါ့။ ကယ်လ်ဆီယမ်ဓာတ် လုံလောက်အောင်ကျွေးပါ။ ကြက်ခြံထဲမှာ မတော်တဆ ကြက်ဥတွေကွဲသွားခဲ့ရင်လည်း မြန်မြန်သန့်ရှင်းရေးလုပ်လိုက်ပါ။
• ကြက်ဝပ်ကျင်းထဲမှာ ကြက်ဥပုံစံ သစ်သားတစ်ခုခု (သို့) ဂေါ်လီလုံး ထည့်ထားပေးလိုက်ပါ။ ကြက်ဥ ဖောက်စားနေကျဖြစ်တဲ့ကြက်က သစ်သားဥကို ဖောက်စားဖို့လုပ်ရင်း မရတော့တဲ့နောက် လက်လျော့သွားမှာပါ။ ဒီလိုနဲ့ တဖြည်းဖြည်း နောက်ထပ်ကြက်ဥတွေကို ဖောက်စားဖို့ကြံစည်မှာတောင် မဟုတ်တော့ဘူးပေါ့။
• ကြက်ဥခွံအလွတ်ထဲကို ပူစပ်စပ် အနံအရသာရှိတဲ့အရာတွေ ထည့်ထားလိုက်ပါ။ မုန်ညင်းစေ့ကြိတ်ဖတ်တွေကို နနွင်းမှုန့်နဲ့ရောနယ်ထားတဲ့ အရောအနှောလိုမျိုး ကြက်တွေမကြိုက်တဲ့အရာကို အသုံးပြုလို့ရပါတယ် ( သေသေသပ် သပ်နဲ့ ပုံစံမပျက်လေး ထည့်ဖို့တော့လိုမှာပါ။) ကြက်ဥဖောက်စားနေကျ ကြက်က ကြက်ဥအတုကိုတွေ့ပြီး အနံအရသာတွေကြောင့် တဖြည်းဖြည်း ရပ်တန့်သွားစေမှာပါ။
• တစ်နေ့မှာ ၂ - ၃ ကြိမ်လောက်ထိ ကြက်ဥကို မှန်မှန်ကောက်နိုင်အောင်ကြိုးစားပါ။
• ကြက်ဥတွေ ပြန့်ကျဲနေခြင်းက ကွဲတာတွေအဖြစ်များပြီး ကြက်ဥဖောက်စားဖို့အတွက် ပိုလွယ်ကူစေပါတယ်။ ဒါ့ကြောင့် ဥအုဖို့အတွက် နေရာအကန့်လေးကို ကြက်ဥမကွဲစေမယ့် အရာမျိုးတွေနဲ့ စနစ်တကျလုပ်ထားပေးပါ။
• တစ်ချို့က ဥကြက်မတွေကို ဖြည့်စွက်စာကျွေးတဲ့အခါ ကြက်ဥထည့်ကျွေးလေ့ရှိပါတယ်။ ဒီနေရာမှာ ကြက်ဥအစိမ်းမကျွေးပဲ ကျက်ပြီးသားကိုသာကျွေးပါ။ ကြက်ဥအစိမ်းရဲ့အရသာကို သိသွားပြီး ကြက်ဥဖောက်စားတာတွေ ဖြစ်လာတတ်တာမို့ပါ။
• ဥဝပ်ကျင်းကိုလည်း အလင်းရောင်မှိန်မှိန် (သို့) မှောင်နေအောင်ထားပါ။ ဒီလိုအခြေအနေရအောင် လိုက်ကာလေးတွေ တပ်ပေးထားခြင်းက နည်းလမ်းကောင်းတစ်ခုပါ။
• ဥကြက်မ နေဖို့နေရာ ပြုလုပ်ပေးတဲ့အခါမှာလည်း လျောစောက်လေးပြုလုပ်ပေးပါ။ လျောစောက် လုပ်ပေးခြင်းဖြင့် ကြက်မတစ်ကောင်က ဥလိုက်တဲ့ကြက်ဥဟာ ကြက်မနဲ့ဝေးတဲ့စီလိမ့်သွားပြီး ကြက်ဥဖောက်စားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
• ကြက်တွေရဲ့ဗီဇအရ နှုတ်သီးနဲ့ ထိုးဆိတ်နေတတ်တာမို့ သူတို့အတွက် စိတ်ကြိုက်ထိုးဆိတ်လို့ရမယ့် ပစ္စည်းမျိုးတွေ ထည့်ထားပေးသင့်ပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းတွေကို လက်တွေ့လုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ ကြက်ဥတွေအစားခံတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
ကဲ..သင့်ခြံထဲကကြက်တွေ အကျင့်ပျက်နေကြပြီလား??? ဒီနည်းလမ်းတွေနဲ့ အကျင့်တွေပြင်ပေးလိုက်ပါ။
သိမ့်ဇာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....