အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နူးညံ့သောအသားနဲ့........ကသပိုးငါး

နူးညံ့သောအသားနဲ့........ကသပိုးငါး

    ကသပိုးငါးမှာ အသားနုသော ငါးအမျိုးအစားတွင်ပါဝင်ပြီး အရသာ နူးညံ့ကောင်းမွန်လှပါသည်။ အရောင်မှာ ငွေရောင်ဖျော့ဖျော့နှင့် အညိုရောင်သန်းနေပါသည်။ ကသပိုးငါးကို အင်္ဂလိပ်လို “Golden Tank Goby “  ခေါ်  “ Golden Flated Head “ ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Glossogobius aureus ဟုသိရပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျှားမှာ (25) cm ထိရှိကြသည်။ 

    ကသပိုးငါး၏ ဦးခေါင်းပိုင်းသည် ရှည်လျှားပြီး ခန္ဓာကိုယ်၏ ၄ ပုံ ၁ ပုံ ခန့်ရှိကြသည်။ ငါးမျက်လုံးမှာ ပြူးထွက်နေတတ်သည်။ ရေချိုနှင့် ရေချိုရေငန်စပ်တွင်တွေ့ရများပြီး ရေငန်ပိုင်းတွင်လည်း တွေ့ရတတ်သည်။ ရေကြည်၊ ရေနောက် (၂) မျိုးစလုံးတွင် နေထိုင်ကျက်စားတတ်ကြသည်။

    ကသပိုးငါးကို ရွှံ့နွံအောက်ခြေနှင့် သဲပြင်ပေါ်တွင် တွေ့ရလေ့ရှိပြီး အများအားဖြင့် တွင်းအောင်းနေလေ့ရှိကြသည်။

    ငါးငယ်၊ ပုစွန်ငယ်နှင့် အင်းဆက်ပိုးများကို သူတို့၏အစာအဖြစ် စားသုံးကြသည်။ ကသပိုးငါးသက်တမ်းမှာ (၁ -၂) နှစ်ခန့်ထိ အသက်ရှည်ကြပါသည်။

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ  ဂရန်အင်းများတွင် သြဂုတ်၊ စက်တင်ဘာလများ၌ ကသပိုးငါးများ ယင်းတားဆည်နှင့် မြင်းဝန်ဆည်များတွင် အထိအမိများကြပါသည်။ ဒေသခံများမှာ ကသပိုးငါးကို ကြော်စား၊ အချဥ်ဆီပြန်၊ အစပ်ချက်၊ အချိုပဲဆီပေါင်း၊ အိုးကပ်ဟင်း၊ ကသပိုးထမင်းချဥ် စသဖြင့် ပြုလုပ်စားသုံးကြပါသည်။

    ကသပိုးငါးမှာ အသားနူးညံ့၍ အရသာကောင်းမွန်သော ငါးတစ်မျိုးဖြစ်တာကြောင့် သားကြီး၊ ငါးကြီး မကြိုက်သောသူများအနေဖြင့် ကသပိုးငါးကိုစားသုံးဖို့ သင့်တော်လှပေသည်။

     ကသပိုးဟင်းလျာများတွင်မှ လူကြိုက်များသည့် ကသပိုးအစပ်ဟင်းချက်နည်းကို ပြောပြပေးပါမည်။

ကသပိုးအစပ်ဟင်းချက်ရာတွင်

     ကသပိုးငါး၊ သံပုရာသီး၊ ကြက်သွန်ဖြု/ နီ ၊ ဂျင်း၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆီ၊ ဆား၊ ဟင်းခပ်မှုန့်၊ နနွင်းတို့ လိုအပ်ပါသည်။

ချက်နည်းမှာ-

၁။ ကသပိုးငါးကို အကြေးခွံချွတ်၊ အညစ်အကြေးဆေးကြောသန့်စင်ပြီး ဆား၊ နနွင်း၊ ဟင်းခပ်မှုန့်၊ သံပုရာသီးအရည်ညှစ်ထည့်ပြီး ရောနယ်ကာ မိနစ် (၃၀) ခန့်နှပ်ထားရပါမည်။

၂။ ထို့နောက် မီးဖိုပေါ် ဒယ်အိုးတင်ပြီး ကြက်သွန်ဖြူ/ နီ၊ ချင်းထောင်းထားတာနှင့် ငရုတ်သီးအစိမ်းမှုန့်တို့ကိုထည့်ကာ ဆီသတ်ရပါမည်။

၃။ ဆီသတ်ပြီးပါက နှပ်ထားသောငါးလေးတွေကို စီထည့်ပြီး လုံးဝမမွှေဘဲ အိုးလှုပ်လှုပ်ပြီး ချက်ရပါမည်။

၄။ (၅) မိနစ်ခန့်ကြာပါက ရေနွေးအနည်းငယ်ထည့်ပြီး မီးအေးအေးနှင့် ဆီပြန်အောင်တည်ပြီးပါက စားလို့ရပါပြီ။

ထူးခြားချက်မှာ -

- ကသပိုးငါးကို သံပုရာသီးနှင့် နှပ်ထားတာကြောင့်ရော၊ အိုးလှုပ်ချက်တာကြောင့်ပါ ငါးလေးတွေ မကြေဘဲ အကောင်မပျက် မာမာတင်းတင်းလေးဖြစ်နေပါသည်။

- အသားနုတဲ့ ငါးအမျိုးအစားလေးတွေကို သံပုရာသီးနှင့်အရင်နှပ်ပြီးချက်ပါက ငါးလေးတွေ မာတင်းပြီး မကြေတော့သလို အနံ့လည်း ပိုမွှေးစေပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။