အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂိုရာမီလေး (ခေါ်) ဂျပန်ငါး မွေးမြူရေး

ဂိုရာမီလေး (ခေါ်) ဂျပန်ငါး မွေးမြူရေး

ဘီလား(ခေါ်)ဂိုရာမီလေး(ခေါ်) ဂျပန်ငါးမှာ မွေးမြူ၍ရသောငါးအမျိုးအစားတွင် ပါဝင်သဖြင့် မွေးမြူနည်းလေးကိုဖော်ပြပေးလိုက်ပါသည်။

ကန်ဖြင့် မွေးမြူခြင်း

(က) သဘာဝအတိုင်းမွေးမြူခြင်း 

အရွယ်အားဖြင့်(၈)ကောင်မှ (၁၀)ကောင်လျှင် ၁ကီလိုဂရမ်အလေးချိန်ရှိသည့် ဂိုရာမီလေးငါး အထီးနှင့်အမ အရောအနှောကို ၁ဧက ကန်အကျယ်အတွက် အလေးချိန်စုစုပေါင်း ၂၀ ကီလိုဂရမ် မှ ၄၀ ကီလိုဂရမ်နှုန်းအထိ သဘာဝအတိုင်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ ရလဒ်အနေဖြင့် သန္ဒေအောင်ပြီး ဥ ရရှိမှုရာခိုင်နှုန်း သေချာမသိရှိနိုင်ခြင်းနှင့် အကြိမ်များစွာသားပေါက်သဖြင့် များစွာသောမျိုးဆက်များ ရောနှောနေသည့်ရလဒ်များ ရရှိပါလိမ့်မည်။

(ခ) ဆေးထိုးသားဖောက်ခြင်း

အရွယ်အားဖြင့် (၈)ကောင်မှ (၁၀)ကောင်လျှင် ၁ကီလိုဂရမ် အလေးချိန်ရှိသည့် ဂိုရာမီလေးငါး အထီးနှင့်အမကောင်ရေအချိုး (၁ အချိုး ၁) နှုန်းဖြင့် ဆေးထိုးပြီး ၁ဧကကန်အကျယ်အတွက် အလေးချိန်စုစုပေါင်း ၂ကီလိုဂရမ် မှ ၄ကီလိုဂရမ် နှုန်း အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။

သဘာဝအတိုင်းဆေးမထိုးဘဲ လွတ်၍ မွေးမြူသောနည်းနှင့် ဆေးထိုးပြီး လွတ်၍ မွေးမြူသောနည်းစနစ်(၂)ရပ်စလုံးသည် သေဆုံးနှုန်းနှင့်ရှင်သန်နှုန်းကို ခန့်မှန်းမသိရှိနိုင်ဘဲ သဘာဝအစာရရှိမှု၊ ရေအရည်အသွေးနှင့် မွေးမြူကန်အတွင်း အသားစားငါးများ ရှိမှုအပေါ်မူတည်ပါသည်။

ပြုစုမွေးမြူခြင်း

ဆေးထိုးသားဖောက်ပြီးရရှိလာသော ငါးသားပေါက် (၂-၃) စင်တီမီတာအရွယ်တို့အား ၁ဧကကန်အကျယ်တွင် ကောင်ရေ (၂၅၀၀၀) ကောင်ရေနှုန်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ ထို့နောက် ဆက်လက်၍ ကန်အကြီးအတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းပြီး လိုအပ်သောအရွယ်အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။

အုတ်ကန်ဖြင့် မွေးမြူခြင်း 

အုတ်ကန်ဖြင့်မွေးမြူမည်ဆိုပါက အုတ်ကန်အတွင်းသို့ ရေချိုအားစစ်ပြီး ရေအမြင့် ၁၅ စင်တီမီတာ မှ ၂၀ စင်တီမီတာအထိ ဖြည့်ပေးရပါမည်။ ၄င်းအုတ်ကန်အတွင်းသို့ ငါးအထီးမှ အသိုက်ကိုက်ပြီး မိတ်လိုက်သားပေါက်နိုင်ရန် မြက်များကို ထည့်ပေးရပါမည်။ မျိုးငါးထည့်သွင်းပြီးသောအခါ ၄င်းအုတ်ကန်အား နေရောင်တိုက်ရိုက်ကျရောက်ခြင်းနှင့် အခြားသော အနှောက်အယှက်များ လျော့ချနိုင်ရန် အဖုံးကာထားရပါမည်။ ထို့နောက် အဆိုပါအုတ်ကန်အတွင်း မျိုးငါးများ ဆေးထိုးသားဖောက်နိုင်ရန် မျိုးငါးအထီးနှင့်အမတို့ကို လှောင်အိမ်ခွဲပြီး ထည့်လှောင်ထားရပါမည်။ မျိုးငါးများကိုရွေးချယ်ရာတွင် အရွယ်အားဖြင့် (၁၅-၂၀)စင်တီမီတာနှင့် အလေးချိန်အားဖြင့် (၁၀၀-၁၃၀)ဂရမ် ရှိသော သက်တမ်းအားဖြင့် (၆-၇)လ အရွယ် မျိုးငါးများအား ရွေးချယ်ရပါမည်။ 

ဘီလား(ခေါ်) ဂိုရာမီလေးငါးကို မွေးမြူစေခြင်း ရည်ရွယ်ချက်မှာ -

၁။ တိုင်းရင်းငါးမျိုးများ မျိုးသုဥ်းပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်ရန်နှင့် ပေါက်ပွားနှုန်း တိုးပွားလာစေရန်။

၂။ ငါး/ပုစွန် သယံဇာတများ ရေရှည်ဖမ်းဆီးမွေးမြူထုတ်လုပ်နိုင်ရေးအတွက် တိုင်းရင်းငါးမျိုးများ အင်းအတွင်း ချန်လှပ်မွေးမြူစေရန်။

၃။ ကျေးလက်တောင်သူလယ်သမား မိသားစု တစ်ဦးချင်းစီ၏ ငါးစားသုံးမှု ပိုမိုတိုးတက်လာစေရန်နှင့် ကျေးလက်ဒေသရှိ မိသားစုများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါသည်။

 

ကိုးကား- ငါးလုပ်ငန်းဦးစီးဌာန။

ဘီလားငါးခြောက် ပြုလုပ်နည်းကို ဒီ ဘီလားငါး(ခေါ်)ဂိုရာမီလေး ဆောင်းပါးမှာ လေ့လာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။