အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘိုကာရှီနဲ့ ကွမ်းရွက်ရေ ရောသုံးတဲ့အခါ ဘယ်လိုဖြစ်လာမှာလဲ???

ဘိုကာရှီနဲ့ ကွမ်းရွက်ရေ ရောသုံးတဲ့အခါ ဘယ်လိုဖြစ်လာမှာလဲ???

ဘိုကာရှီကိုတော့ အားလုံးသိပြီးသားဖြစ်ကြမှာပါဗျ။ ဘိုကာရှီနဲ့ ကွမ်းရွက်ရေ ရောသုံးတဲ့အခါ ဘယ်လိုဖြစ်လာမှာလဲ???

ဗီယက်နမ်နိင်ငံမှာ နာမည်ကြီးနေတဲ့ ဒီဆေးရည်အကြောင်းလေး ပြောပြချင်ပါတယ်ဗျ။

ဒီဆောင်းပါးလေးက ဗီယက်နမ်တောင်သူတွေရဲ့ ကိုယ်တွေ့အောင်မြင်မှုတွေကို အခြေခံပြီး ဗီယက်နမ်နိုင်ငံက တက္ကသိုလ်ဆရာတွေကပါ ထောက်ခံချက်ပေးထားတာမို့ ကျွန်တော်တို့ တောင်သူတွေအတွက် ဗဟုသုတရအောင် ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။

    • ဘိုကာရှီနဲ့ ကွမ်းရွက်ရည်ရောထားတဲ့ အရောအနှောကို ရေနေသတ္တဝါတွေရဲ့ ကျန်းမာရေးအတွက် ကာကွယ်ကုသဖို့ သုံးခဲ့ကြပါတယ်။

    • ဒီအရောအနှောက ရေချို၊ ရေငန်ငါးသတ္တဝါတွေမှာဖြစ်တတ်တဲ့ ဘက်တီးရီးယားရောဂါ ၂ မျိူးကို နိုင်တယ်လို့ သိရပါတယ်။

    • ဒီဆေးရည်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း သုံးလို့ရသလို ငါး၊ ပုဇွန်တွေ သားပေါက်ချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ 

    • ဗီယက်နမ်နိုင်ငံက ငါး၊ ပုဇွန်မွေးတောင်သူတွေကတော့ ငါးရှဉ့်မွေးမြူရေးမှာပါ ဒီဆေးရည်ကို သုံးပါသတဲ့ဗျာ။

    • ကျောက်ပုဇွန်မွေးတဲ့ တောင်သူတစ်ယောက်ဆိုရင် ဒီဆေးရည်နဲ့ ရောဂါဖြစ်နေတဲ့ငါးတွေကို ကုသနိုင်ခဲ့ပါတယ်။ 

    • ဒီဆေးရည်သုံးလိုက်တဲ့ မွေးမြူရေးတောင်သူတွေက ပဋိဇီဝဆေးတွေသုံးတဲ့ တောင်သူထက် အကျိုးအမြတ်တွေပိုရခဲ့ပါတယ်။

    • အာနိသင်ချင်းတူပြီး ဆေးဖိုးကုန်ကျစရိတ်ရဲ့ တစ်ဝက်သာလျှင်ကုန်တာမို့ အမြတ်ပိုကျန်ခဲ့ပါတယ်။

    • အသုံးပြုရလည်းလွယ်တာမို့ ဘိုကာရှီအသုံးပြုခြင်းကနေ အကျိုးအမြတ်တွေဖြစ်ထွန်းခဲ့ပါတယ်။

    • ဒါတင်မကသေးပါဘူး  နိုင်ငံတကာဈေးကွက်ကိုပါ ဝင်ရောက်နိုင်ခဲ့ပါတယ်။

အကြောင်းကတော့ ပဋိဇီဝဆေးတွေသုံးခဲ့တုန်းက ဆေးတွေကြောင့် ကြီးထွားဟော်မုန်းတွေရဲ့ အာနိသင်တွေက စားသုံးတဲ့သူရဲ့ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုပြီး နိုင်ငံခြားတင်ပို့မှုမှာ ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ဘိုကာရှီဆေးရည်ကို ငါးပုဇွန် မွေးမြူရေးမှာ သုံးခြင်းက သဘာဝပတ်ဝန်းကျင်နဲ့ စားသုံးသူအတွက် ထိခိုက်မှုမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ 

စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီဆေးရည်အသုံးပြုခြင်းနည်းပညာကို ကူးပြောင်းလာစေချင်ကြောင်း တက္ကသိုလ်ပါမောက္ခတွေကလည်း ပြောကြားခဲ့ပါတယ်။ သူတို့နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းတစ်ချို့ဟာ ဆိုရင်လည်း ဒီဆေးရည်သုံးခြင်းနည်းပညာကို ကူးပြောင်းဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ 

ဒါကြောင့် ဘိုကာရှီနဲ့ ကွမ်းရွက်အရောအနှောကို ဆေးဘက်ဝင် သဘာဝဆေးရည်တစ်ခုအဖြစ် ငါး၊ ပုဇွန်မွေးမြူရေးတွေမှာသုံးဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ 

ထွန်းရာဇာ

source - https://bokashiworld.blog/2010/03/01/bokashi-in-vietnam/

ko kyaw soe001

ko kyaw soe001

လွန်ခဲ့သော ၃ နှစ် က

ဘိုကာရှီနဲ့ကွမ်းရွက်ရေ အချိုးအစားလေး ပြောပြပေးပါလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။