ငုံးမွေးမယ်ဆို ဘယ်အရွယ်ငုံးငယ်လေးတွေ ရွေးသင့်လဲ..
ငုံးစတင်မွေးမြူမယ်ဆိုရင် ငုံးငယ်ကလေးများ ရွေးချယ်ဝယ်ယူမှုမလုပ်တတ်၊ ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်တတ်ပါက ဆုံးရှုံးမှုများနိုင်တာကြောင့် သတိပြုသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်..။
ငုံးမွေးမြူသူတွေအနေနဲ့ အောက်ပါအရွယ်အစားရှိတဲ့ ငုံးကလေးများကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်..။
- ပေါက်ကာစ ၂ ရက်သားငုံးကလေးများ
- ၇ ရက်သား ငုံးကလေးများ
- ၁၄ ရက်သား ငုံးကလေးများ
- ၂၁ ရက်သား ငုံးကလေးများ
-၂၈ ရက်(မီးလွတ်)သား ငုံးကလေးများ
- ၃၅ ရက်သား ငုံးကလေးများ
- ၄၅ ရက်သားငုံးကလေးများ ဆိုပြီး ဖြစ်ပါတယ်..။
၂ ရက်သားနဲ့ ၇ ရက်သားငုံးကလေးတွေကို ဝယ်ယူမွေးမြူမယ်ဆိုရင်တော့ တစ်နေရာကနေ တစ်နေရာသို့ အလွယ်တကူ ပြောင်းရွှေ့ယူဆောင်နိုင်ဖို့ ခက်ခဲပါတယ်..။ ဘာလို့လဲဆိုတော့ ငုံးကလေးတွေဟာ အပူငွေ့ဓာတ်ပေးထားရဆဲဖြစ်လို့ အပူငွေ့ဓာတ်အဆက်မပြတ် ရရှိနိုင်စေမှသာ စိတ်ချရမှာ ဖြစ်ပါတယ်..။
အဲ့ဒီအရွယ်အစား ငုံးလေးတွေကို တစ်နေရာကနေ တစ်နေရာသို့ သယ်ယူရာမှာလည်းကောင်း ၊ ခွဲထုတ် ရေတွက်ကြတဲ့အခါမှာလည်းကောင်း အချိန်ကြန့်ကြာတာတွေရှိနိုင်ပါတယ်..။ အဲ့ဒီလို ကြားကာလအချိန်တွေမှာ အပူငွေ့ဓာတ်အဆက်ပြတ်သွားပြီး အအေး ဒဏ်ခံရမယ်ဆိုရင် မမျှော်လင့်ဘဲ ငုံးလေးတွေ သေကြေပျက်စီးတတ် ပါတယ်..။ အဲ့ဒီတော့..မိမိသယ်ဆောင်လိုတဲ့နေရာမှာ ငုံးကလေးတွေရောက်ရောက်ချင်း အပူငွေ့ပေးတဲ့အိမ်မှာ ရက်၂၀ သားအထိ အပူငွေ့တစ်ဆက်တည်း ပေးထားဖို့လိုမှာ ဖြစ်ပါတယ်..။
၁၄ ရက်သားကနေ ၂၁ ရက်သားငုံးကလေးတွေကို ဝယ်ယူ မွေးမြူမယ်ဆိုရင်လည်း အပူငွေ့ပေးအိမ်ကို အဆင် သင့်အနေနဲ့ အနွေးပေးအိမ်ကလေးများ ပြုလုပ်ထားရှိရပါမယ်..။ အဲ့ဒီအပူ ငွေ့ပေးအိမ်ထဲမှာ ၂၈ ရက်သားအထိ အပူငွေ့ ဆက်တိုက်မပြတ် ပေးထားရမှာဖြစ်ပါတယ်..။
ဆိုတော့..ဘယ်လိုပဲဖြစ်စေ မီးမလွတ်သေးတဲ့ ငုံးငယ်ကလေးတွေကို ဝယ်ယူမွေးမြူမယ်ဆိုရင် အဆင်သင့် အနွေး ဓာတ်ပေးအိမ်ကလေးတွေကို ငုံးကောင်ရေအလိုက် ပြုလုပ်ထားရမှာဖြစ်ပါတယ်..။
အကောင်းဆုံးကတော့ ၂၈ ရက်သား(မီးလွတ်)ငုံးကလေးတွေကို ဝယ်ယူမွေးမြူခြင်းပါပဲ..။ အဲ့ဒီ ရက်သား ငုံးလေးတွေကို ဝယ်မွေးမယ်ဆိုရင်..
- ငုံးကလေးများ ကြီးထွားမှု တူညီခြင်း။
- အရွယ်အစား တညီတည်း ဖြစ်လာခြင်း။
-အစာကျွေးရာမှာ ကုန်ကျစရိတ်တူညီခြင်း။
- ငုံးအိမ်တည်ဆောက်ရာမှာ တစ်ညီတည်း တည်ဆောက်ရလို့ လုပ်ငန်းတွင်ကျယ်ပြီး ကုန်ကျစရိတ် သက်သာခြင်း
- ဥတဲ့အရွယ်ရောက်ရင် တစ်ပြိုင်တည်း ဥလို့ အများအပြားထုတ်လုပ်ရောင်းချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာဖြစ်ပါတယ်..။
မွေးတော့မယ်ဆိုရင်တော့ ငုံးကောင်ရေ ၉၅-၁၂၀ ကောင် အထိဆံ့တဲ့ ပုံစံ ၊အစာခွက်၊သောက်ရေခွက်နဲ့ ချေးခံ ခွက်များ စနစ်တကျ ပြုလုပ်မွေးမြူဖို့လိုမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်..။
မှီငြမ်း-ဆရာ သိပ္ပံသန်းအေး၏ “ ငုံးမွေးမြူရေး”အကြောင်းမှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဥက်ကာ
လွန်ခဲ့သော ၄ နှစ် ကရန်ကုန်က ဘယ်နားမှာရနိုင်လဲ မသိ
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး