စိုက်ပျိုးရေးလူငယ်တွေအတွက် ဆုကြေးငွေ ဒေါ်လာ 1000 ထိ ရရှိနိုင်မယ့် စိုက်ပျိုးရေးဓာတ်ပုံပြိုင်ပွဲ
“Emerging Agricultural Innovations for the Next Generation” by SEARCA photo contest
************************
🍁 ဘယ်အဖွဲ့အစည်းကစီစဉ်တာလဲ
ယခု agri photo contest 2022 ကို SEARCA လို့ခေါ်တဲ့ non-profit organization တစ်ခုကနေ စီစဉ်တာဖြစ်ပါတယ်
🍁 ပြိုင်ပွဲမှာ ဘယ်လိုဓာတ်ပုံတွေရိုက်ရမလဲ
SEARCA's Annual Photo Contest ရဲ့ 2022ခုနှစ်အတွက် theme က 👉 Emerging Agricultural Innovations for the Next Generation.👈 ဖြစ်တဲ့အတွက် ထိုခေါင်းစဉ်ပေါ်မူတည်ပြီး မိမိ idea ရှိတဲ့ photoတွေရိုက်ပြီးပြိုင်လို့ရပါတယ်…
ကိုယ့်မှာလောလောဆယ် idea စဉ်းစားလို့မရသေးရင်အခုဖော်ပြပေးသွားမယ့်အချက်တွေကနေတဆင့် ကိုယ်ရိုက်ချင်တဲ့ပုံကိုတွေးကြည့်လို့ရပါတယ်
💠 တောင်သူတို့ရဲ့ဘဝကိုအကျိုးသက်ရောက်မှုရှိစေနိုင်မယ့် စိုက်ပျိုးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုနည်းပညာတွေ
💠စိုက်ပျိုးရေးမွေးမြူရေးကိုလုပ်ကိုင်သူတွေရဲ့ ဝင်ငွေ/ အထွက်နှုန်းကောင်းစေနိုင်မယ့် တီထွင်ဖန်တီးမှု တွေ
💠မိုးခေါင် ရေရှား ရေကြီး ခြင်းစတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ ရောဂါပိုးမွှားဆိုးဆိုးရွားရွားကျရောက်ခြင်း စတဲ့ပြသနာတွေအတွက် climate smart innovation ဆိုင်ရာအကြောင်းအရာတွေကနေတဆင့် သင့်အနေနဲ့ photo idea ရနိုင်ပါတယ်


🍁 ပြိုင်ပွဲစည်းကမ်း
💠 ဒီပြိုင်ပွဲကိုမြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံကစိတ်ဝင်စားသူတွေပါလျှောက်ခွင့်ရှိပါတယ်
💠 မိမိပြိုင်မယ့် photo က အခြားသူဆီက ကူးယူထားတဲ့ပုံမျိုးမဖြစ်ရပါဘူး ကိုယ်တိုင်ရိုက်ထားတဲ့ original ပုံဖြစ်ရပါမယ်
💠 အခြား photo contests တွေမှာ published လုပ်ထားပြီးသားပုံ ၊ဆုရထားပြီးသားပုံမဖြစ်ရပါဘူး
💠 မိမိဝင်ရောက်ယှဉ်ပြိုင်မယ့်ပုံက
JPEG format
at least 3,000 pixels wide for a horizontal image, or 3,000 pixels tall for a vertical image at 300 dpi
digital
with color ဖြစ်ရပါမယ်
🍁 အမှတ်ပေးစည်းမျဉ်း
Criteria အနေနဲ့ကတော့ မိမိဝင်ရောက်ယှဉ်ပြိုင်တဲ့ photo မှာ
💠 theme ပြိုင်ပွဲခေါင်းစဉ်နဲ့ကိုက်ညီမှု (40%)
💠 Technical quality (မိမိ photo အလင်းအမှောင်/အရောင်/ကြည်လင်ပြတ်သားမှု) (30%)
💠Impact (30%) ဖြစ်ပါတယ်
🍁 ဆုကြေးငွေနဲ့ဆုအမျိုးအစား(၈)ခု
💠 first prize (USD 1000)
💠 second prize (USD 800)
💠 third prize (USD 500)
💠 SEARCA Director's Choice (USD 500)
💠 Philippine Department of Education Secretary's Choice (USD 500)
💠 People's Choice (USD 400)
💠 Best Agricultural Innovation or Technology (USD 300)
💠 Best Youth Photographer (USD 300)
🍁 ဘယ်လိုလျှောက်ရမလဲ
👉https://photocontest.searca.org 👈 ထို linkကနေတဆင့်ဝင်ပြီး
💠 your entry
💠 your profile
💠 certification မှာ ဝင်ဖြည့်လိုက်ရင်ရပါပြီနော်
📌ထို link ကနေပဲ contestအကြောင်းအသေးစိပ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်…
🍁 deadline
📌 30 November 2022, 11:59 p.m. (GMT +08:00).
🍁 အသေးစိပ်သိချင်လို့စံုစမ်းချင်ရင်
👉 fotos@searca.org👈 သို့ အီးမေးလ် ပို့မေးနိုင်သလို 👉 https://fb.watch/gSW0k3gKAL/👈Original postရဲ့ SEARCA pageတွင်လည်းမေးမြန်းနိုင်ပါတယ်
🤗ကယ်….ဆုရရင် $1000 တောင် ရမှာဆိုတော့ မြန်မာငွေ သိန်း(၂၀)/(၃၀) ဝန်းကျင်ရမယ့် အခွင့်အရေးကိုအမိအရသာယူလိုက်ပါတော့
🤗ကိုယ့်သူငယ်ချင်းတွေထဲက ideaကောင်းကောင်းနဲ့ photographerကြီးတွေရှိရင်လည်း အခွင့်အရေးလက်မလွတ်အောင် mention လိုက်ကြပါဦးနော်
Crd#
Miss Agripreneur Fb page
ကိုဝင်းလွင်ဦး
လွန်ခဲ့သော ၃ နှစ် ကပါဝင်မည်
ဇင်မင်းဦး
လွန်ခဲ့သော ၃ နှစ် ကပါဝင်မည်
Than Toe Aung
လွန်ခဲ့သော ၃ နှစ် ကပါဝင်ပါမည်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026