အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
‘ ပဏာမအခြေခံစိုက်ပျိုးရေးသိပ္ပံပညာ လက်မှတ်ရသင်တန်း ‘ တက်ရောက်နိုင်

‘ ပဏာမအခြေခံစိုက်ပျိုးရေးသိပ္ပံပညာ လက်မှတ်ရသင်တန်း ‘ တက်ရောက်နိုင်

Green Way
Green Way • 26/09/2022

စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့က ပါမောက္ခချုပ်ဟောင်း ဆရာကြီး တွေ အပါအဝင် စိုက်ပျိုးရေးပညာရှင်တွေကိုယ်တိုင် သင်ကြားပေးပြီး လက်မှတ်ပါရယူနိုင်မယ့် ‘ ပဏာမအခြေခံစိုက်ပျိုးရေးသိပ္ပံပညာ လက်မှတ်ရသင်တန်း’ ကို (Skyward Education Myanmar Academy - SEMA) နှင့် (Golden Plain-ရွေရောင်လွင်ပြင်) အဖွဲ့တို့ပူးတွဲဖွင့်လှစ်သွားဖို့ ရှိတာ ဖြစ်ပါတယ်။

ဒီအခြေခံစိုက်ပျိုးရေးပညာသင်တန်းမှာတော့..

  • စိုက်ပျိုးရေးပညာမိတ်ဆက်၊
  • အပင်ကြီးထွားမှု၊ အပင်နှင့်ပတ်ဝန်းကျင်များ၊
  • အပင်နှင့်မြေဆီလွာ, သဘာဝနှင့်ဓာတ်မြေသြဇာ၊
  • အပင်နှင့် ရေ၊ အစားအစာ၊
  • လယ်ယာသီးနှံပညာ,
  • စားကျက်သီးနှံများ
  • စိုက်ပျိုးရေးမိုးလေဝသ၊
  • ဥယျာဉ်ခြံသီးနှံပညာများ၊
  • အပင်မျိုးမွေးမြူရေးနှင့်ဗီဇဗေဒ၊ 
  • မျိုးစေ့သိပ္ပံပညာ၊
  • အပင်ကာကွယ်နှိမ်နှင်းခြင်း၊
  • စိုက်ပျိုးစီးပွားရေးပညာ၊
  • မွေးမြူရေးနှင့် နို့ထုတ်လုပ်ခြင်းသိပ္ပံပညာ၊
  • စိုက်ပျိုးရေးအင်ဂျင်နီယာ၊
  • ရေသွင်းရေထုတ်ခြင်း၊
  • စိုက်ပျိုးပညာပေးရေး

စတာတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို အွန်လိုင်းကနေ Zoom Application နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး တစ်ကြိမ်လျှင် ၂၀ ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ကာ သင်တန်းကြေးအနေဖြင့် ၃၀၀၀၀-ကျပ် (သုံးသောင်းကျပ်) သာ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အနည်းဆုံးပညာအရည်အချင်း အလယ်တန်းအဆင့်(အဌမတန်းအောင်) ရှိသူ မည်သူမဆို တက်ရောက်နိုင်တယ်လို့လည်း သိရပါတယ်။

သင်တန်းတက်လိုပါက အောက်ပါလင့်ကနေ စာရင်းပေးသွင်းသွားရမှာဖြစ်ပါတယ်။

https://forms.gle/9z5EZaymCVsLAvw39

သင်ကြားပေးမယ့် ဆရာကြီး၊ ဆရာမကြီးတွေနဲ့ သင်တန်းအကြောင်းအသေးစိတ်ကိုတော့ အောက်ပါလင့်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 https://bit.ly/3ra0Htu

သင်တန်းကိုတော့ လာမယ့် နိုဝင်ဘာလဆန်းမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တပတ်လျှင် ၂ ရက်ခန့် (ည ၇-နာရီမှ ၈-နာရီခွဲအထိ) သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

1
Nyi Lynn Nay

Nyi Lynn Nay

လွန်ခဲ့သော ၃ နှစ် က

link တေကဝင်ကြည့်လို့မရဘူးခင်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 0 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။