အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သတ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ကျင်းပသွားမည်။

စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သတ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ကျင်းပသွားမည်။

Green Way
Green Way • Greenovator • 07/05/2019

စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ထိုင်းနိုင်ငံမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (Department of livestock Development)၊ ထိုင်းနိုင်ငံ တိရစ္ဆာန်အာဟာရဗေဒပညာရှင်များအဖွဲ့ (Thai Society of Animal Nutritionists – ThaiSAN)၊ Thai – Danish Suan Madua Dairy Cooperative (SMD – COOp)၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း (Myanmar Dairy Association – MDA) တို့နှင့် ပူးပေါင်းကာ စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံအောက်ပိုင်းမှ မွေးမြူရေးသမားများအတွက် ရန်ကုန်မြို့တွင် မေ ၂၁ ရက်၌ လည်းကောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းမှ မွေးမြူသူများအတွက် မန္တလေးမြို့တွင် မေ ၂၃ ရက်၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် စားမြုံပြန်သတ္တဝါများ၊ မွေးမြူရာတွင် တိရစ္ဆာန်၏ အသက်အရွယ်နှင့် ထုတ်လုပ်မှုအလိုက် လိုအပ်သည့် အာဟာရဓာတ်များကို တွက်ချက်ကာ ယင်းလိုအပ်ချက်ကို ပြည့်မီစေမည့် အစာဖော်မြူလာကို တွက်ထုတ်ပြီး အစာနု၊ အစာကြမ်း၊ အစာအမယ်အားလုံးကို ရောမွှေကာ ထုတ်လုပ်သည့် အစာကို Total Mixed Ration ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အသေးစား နွားမွေးမြူသူများအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်မှစတင်ကာ Total Mixed Ration (TMR) ကို အသုံးပြုခဲ့ပြီး၊ မွေးမြူသူများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံ၏ အတွေ့အကြုံကောင်းများအား မြန်မာ့မွေးမြူသူများက လေ့လာနိုင်ရေးအတွက် "FIMR Feeding to Enhance Dairy Productivity of Myanmar Smallholder Farms” အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေးအခြေအနေများနှင့် တိရစ္ဆာန်အစာ အရင်းအမြစ်များ၊ ထိုင်းနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေး အခြေအနေများ၊ တိရစ္ဆာန်အစာအရင်းအမြစ်များနှင့် နို့စားနွားမွေးမြူရေးတွင် ပြောင်းလဲတိုးတက်လာသမည့် အစာကျွေးမွေးမှုစနစ်များ၊ TMR နှင့် FTMR ကျွေးမွေးခြင်းဖြင့် နို့ထုတ်လုပ်မှုနှင့် အရည်အသွေးမြင့်တင်ခြင်း၊ TMR ကျွေးမွေးခြင်းဖြင့် မွေးမြူရေးခြံ၏ စီးပွားရေး အကျိုးအမြတ်အပေါ်သက်ရောက်မှုများနှင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူသူများ အစုအဖွဲ့ ဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အရေးပါပုံ၊ ထိုင်းနိုင်ငံ နို့စားနွာမွေးမြူရေး၊ နို့ထုတ်လုပ်ရေးအခြေအနေများ၊ တိရစ္ဆာန်အစာ အရင်းအမြစ်များနှင့် နို့စားနွား မွေးမြူရေးတွင် ပြောင်းလဲတိုးတက်လာသည့် အစာကျွေးမွေးမှုစနစ်များ၊ TMR နှင့် FTMR ကျွေးမွေးခြင်းဖြင့် မွေးမြူရေးခြံ၏ စီးပွားရေးအကျိုးအမြတ်အပေါ်သက်ရောက်မှုများနှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူသူများ အစုအဖွဲ့ဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အရပါပုံ ထိုင်းနိုင်ငံ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအစာကြမ်း (Forage) စိုက်ပျိုးထုတ်လုပ်ရေး၏ အရေးပါပုံနှင့် တိုးတက်ပြောင်းလဲမှု များကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲချုပ်မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသို့ မွေးမြူသူများ (အထူးသဖြင့် နို့စားနွား၊ အသားစား၊ နွား၊ ကျွဲ၊ သိုး၊ ဆိတ် မွေးမြူသူများ) တိရစ္ဆာန်အာဟာရဗေဒ စိတ်ဝင်စားသူများ၊ မွေးမြူရေးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ အခမဲ့ တက်ရောက်ဆွေးနွေးမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် မေ ၁၀ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဖုန်း ၀၁၃-၆၄၄၀၄၁၊ ၀၁၃-၆၄၄၈၄၃၊ ၀၉-၄၂၁၀၀၆၂၃၉ သို့ ရုံးချိန်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းငြိမ်း

မြန်မာ့အလင်းသတင်းစာ

 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။