အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စမတ်ကျတဲ့တောင်သူလုပ်လို့ရမယ့် အစိမ်းရောင်လမ်းရဲ့ အစိမ်းရောင်မှတ်တမ်း

စမတ်ကျတဲ့တောင်သူလုပ်လို့ရမယ့် အစိမ်းရောင်လမ်းရဲ့ အစိမ်းရောင်မှတ်တမ်း

Green Way
Green Way • 03/07/2023

👩‍🌾 လယ်သမားကြီးတွေက...ကလေးတွေအတွက် ခြောက်လှန့်ပြစရာ ဖြစ်နေတုန်းလား..

ဟုတ်တယ်...ဒီနိုင်ငံမှာတော့...

စိုက်ပျိုးရေးတောင်သူ(လယ်သမား) လို့ ဆိုလိုက်တာနဲ့.. ကလေးတွေကို...လူကြီးတွေက...

သူတို့လို...မပင်ပန်း မဆင်းရဲချင်ရင်.. စာကြိုးစားရမယ်နော်ဆိုပြီး... လက်ညှိုးထိုး နမူနာပြခံရတဲ့ လူတန်းစားလို့  တန်းမြင်နေကြတုန်း...🥹

တချို့တွေဆိုပြောကြသေး...

စိုက်ပျိုးရေးဆိုတာ ကျောမွဲတွေရဲ့အလုပ်တဲ့...😅

အောက်ခြေလူတန်းစားလို့ အထင်ခံနေကြရတုန်း...

ဒါမျိုးမဟုတ်ဘဲ... စမတ်ကျကျတောင်သူကော လုပ်လို့မရဘူးလားတဲ့...

ရတာပေါ့...😉

📱အစိမ်းရောင်မှတ်တမ်းရှိတယ်..

အစိမ်းရောင်မှတ်တမ်းကိုအသုံးချပြီး..စမတ်ကျကျနဲ့...လယ်သမားကြီး..

အထိုင်ကနေ ထိုင်ပြီးစီမံခန့်ခွဲနေလို့ရတဲ့...

စိုက်ပျိုးစီးပွားလုပ်ငန်းရှင်ကြီးမျိုး ဖြစ်အောင်.. ကြိုးစားလိုက်လို့ရပါတယ် 💪

ဘယ်လိုတွေလုပ်လို့ရလဲဆိုတာ သိချင်သူတွေအတွက်တော့...

ဇူလိုင် ၇ ရက်နေ့မှာ Webinar လေး တခုလုပ်..ရှင်းပြပေးသွားပါမယ်ရှင့်..🤗

ဘယ်လိုလူတွေတက်ရောက်သင့်လဲဆို 

✅ ကိုယ့်လုပ်ငန်းလေးက ဘယ်လောက်ရှုံးတယ် ဘယ်လောက် မြတ်တယ်ဆိုတာ လွယ်လွယ်လေးနဲ့ သိချင်သူတွေ 

✅  GAP/ organic လက်မှတ်လျှောက်ပြီး ကိုယ့်ထုတ်ကုန်ရဲ့တန်ဖိုးကို မြှင့်ချင်ကြတဲ့သူတွေ

 ✅  ပိုမိုကောင်းမွန်တဲ့ ဈေးကွက်တစ်ခုကိုပိုင်ဆိုင်ချင်သူတွေနဲ့ 

✅  နောက်ဆုံး စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုလို မှတ်ယူပြီး စိုက်ပျိုးစီးပွားလုပ်ငန်းရှင် ဖြစ်ချင်သူတွေ... အားလုံး တက်သင့်ပါတယ်ရှင့်... 

ကဲ.. ဒီတော့.. . သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စိတ်ပါဝင်စားသူစိုက်ပျိုးရေး နယ်ပယ်မှ မိတ်ဆွေများနဲ့ နယ်ပယ်ဒေသအသီးအသီးမှ ကျွမ်းကျင်ပညာရှင်များ၊ 

စိုက်ပျိုးစီးပွားလုပ်ငန်းရှင်လောင်းများကို Webinar လေး မပျက်မကွက် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော် 😍

နေ့ရက် - ၇.၇.၂၀၂၃ (သောကြာနေ့)

အချိန် - နေ့လယ် ၂ နာရီ မှ ၃ ၃ နာရီခွဲ

နေရာ -  Zoom platform

စာရင်းပေးသွင်းရန်လင့်ခ် - https://forms.gle/iYeeaoHeE8Ei9wvT9

6
မင်းဇော်

မင်းဇော်

လွန်ခဲ့သော ၃ နှစ် က

မြန်မာလိုပဲရေးတင်ရင်တို့တွေနားလည်မှာပေါ့ကျေးဇူးပြု၍မြန်မာလိုကြည့်ရေးတင်ပေးပါနော်ကျေးဇူးပါ

ဦးအောင်ငွေ

ဦးအောင်ငွေ

လွန်ခဲ့သော ၃ နှစ် က

ပါဝင်မည်

wai yan tun

wai yan tun

လွန်ခဲ့သော ၃ နှစ် က

09663761181

Aye Aye

Aye Aye

လွန်ခဲ့သော ၃ နှစ် က

ဖောင်ဖြည့်ရတာ အဆင်မပြေရင် ဖုန်းနံပါတ်လေးတွေ ချန်ခဲ့‌ေပးပါရှင့် ပြန်လည်ဆက်သွယ်ပေးပါမယ်ရှင့်

ကိုစိုးလွင်

ကိုစိုးလွင်

လွန်ခဲ့သော ၃ နှစ် က

ပါဝင်ဆွေးနွေးပါမည်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။