အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်း

ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်း

Green Way
Green Way • 13/12/2013

ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်းကို ၂၀၁၄ ဇန်နဝါရီလ ၃ ရက်မှ ၃၀ ရက်နေ့အထိ တစ်လအကြာ အင်္ဂလိပ်လို သင်ကြားသွားမှာဖြစ်ပါတယ်။ တစ်လကြာသင်မယ့် သင်တန်းမှာ ရွံ့အုတ်နဲ့ တည်ဆောက်တဲ့ နည်းပညာဖြစ်ပြီး စာသင်ပေးခြင်းအစား လက်တွေ့အဓိကထားပြီး အဖွဲ့လိုက် အတူတကွ လုပ်ဆောင်သွားပြီး ဆောက်လုပ်မှု အဆင်တိုင်း ကို ကျော်ဖြတ်ကာ နည်းပညာ ရရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းရဲ့ အဓိက ဦးတည်ချက်ကတော့ သူတို့ တည်ဆောက်ပြီးခဲ့တဲ့ နည်းပညာတွေကို မျှဝေပေးမှာဖြစ်ပြီး ကိုယ်တိုင် ပြန်လည် တည်ဆောက်နိုင်သည် အထိ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတော့ သီအိုရီသင်ကြားတဲ့ အပိုင်းလည်း အနည်းငယ် ထည့်သွင်းထားပါတယ်။ ဒီသင်တန်းအပြင် ခြံထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ သြဂဲနစ်စိုက်ပျိုးရေး၊ အခြား ဆက်စပ် နည်းပညာတွေနဲ့ ရေရည်တည်တံ့တဲ့ နေထိုင်းမှု နည်းလမ်တွေကိုပါ ထည့်သွင်း သွားမည်ဟု သိရပါတယ်။ နိုင်ငံပေါင်းစုံက လူတွေ လာတက်ရောက်ကြမှာ ဖြစ်ပြီး အတွေ့အကြုံ၊ ဗဟုသုတ များစွာ လေ့လာခွင့် ဖလှယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အချက်အလက်အပြည့်အစုံကို http://www.punpunthailand.org/?page_id=1175 မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ Peggy ရဲ့ အီးမေး pareents@yahoo.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

 

ပန်ပန် သြဂဲနစ်ခြံက စတင်တည်ထောင်ခဲ့တာ ၁၀ ကျော်ကြာပြီဖြစ်ပြီး သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝအိမ် ဖြင့် ရေရည်တည်တံ့တဲ့ လူနေမှုစနစ်ကို ကျင့်သုံးနေတဲ့ ဂေဟာ တစ်ခုဖြစ်ပါတယ်။ အဲဒီခြံထဲမှာ လေ့လာစရာတွေ များစွာရှိပြီး အဓိက အနေဖြင့် သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝ အိမ်၊ နေရောင်ခြည် ရေပူ စနစ်များ၊ ရေသန့်စင်ခြင်း၊ ဒေသမျိုးစေ့များ ထိန်းသိမ်းခြင်း၊ အိမ်သာနှင့် စွန်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သြဂဲနစ် ကြက်မွေးမြူရေး တို့ဖြစ်ပါတယ်။ ခြံတည်နေရာကတော့ ချင်းမိုင်မြို့ အနီးမှာပြီး အသေးစိတ်သိလိုပါက http://www.punpunthailand.org/ မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။