ဗားရှင်းအသစ်မှာ ပါဝင်လာမယ့် Google ကြော်ငြာ
အစိမ်းရောင်လမ်း သုံးစွဲသူများ မင်္ဂလာပါခင်ဗျာ
မကြာခင်မှာ အစိမ်းရောင်လမ်းက software update (version no. 3.5.3)ထွက်ရှိလာပါတော့မယ်။ ထူးခြားချက်အနေနဲ့ တစ်ချို့သော နေရာတွေမှာ google ads လို့ခေါ်တဲ့ online ကြော်ငြာတွေ တက်နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ရမှာပါ။
ကျွန်တော်တို့အနေနဲ့ ဒီလို ကြော်ငြာတွေကို app သုံးစွဲသူတွေ အနှောင့်အယှက်ဖြစ်မှာစိုးတာတစ်ကြောင်း၊ ကြောငြာဆိုတာ ပညာပေးခြင်းတစ်မျိုးလို့ ခံယူထားတာ တစ်ကြောင်း စတဲ့ အကြောင်းတွေနဲ့ အရင်ကတည်းက အလားတူ ကြော်ငြာကုမ္ပဏီတွေ ကမ်းလှမ်းလာတာ ရှိပေမဲ့ ငြင်းပယ်ခဲ့ပြီး ပြည်တွင်းစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေရဲ့ ကြော်ငြာရဖို့ပဲ အားထားပြီး ကြိုးစားခဲ့ကြပါတယ်။ ကြော်ငြာစနစ်ကိုလည်း ကြည့်ရှူသူတိုင်းက မေးမြန်းဆွေးနွေးနိုင်မဲ့ comment section၊ ကုန်ပစ္စည်းအကြောင်းဖော်ပြချက်၊ Follow လုပ်နိုင်မယ့် လုပ်ဆောင်ချက်၊ Like, love reaction၊ စတဲ့ လုပ်ဆောင်ချက် အသေးစိတ်တွေပါ အောင် လုပ်ထားပါတယ်။
ဒါပေမဲ့လည်း အများစုက Facebook ကမှ ပိုထိရောက်တယ်ထင်တာ၊ စာအုပ် ဂျာနယ်ကမှ နယ်အထိ ပြန့်တယ်လို့ ယူဆတာ၊ အစိမ်းရောင်လမ်းပေါ်က တိကျတဲ့ သုံးစွဲသူ အရေအတွက် (number of verified user )ထက် ပြန့်နှံ့နေတဲ့သုံးစွဲသူအရေအတွက် (number of refuted user) က ပိုများနေတာစတာတွေကြောင့် ဈေးသက်သာတဲ့ ဒစ်ဂျစ်တယ် စနစ်မှာ စွန့်စားလာဖို့ အစိမ်းရောင်လမ်းအနေနဲ့ စည်းရုံးဆွဲဆောင်မှုမှာ အားနည်းခဲ့ပါတယ်။
ဒီကာလမှာ ရေရှည်ရပ်တည်ဖို့ အတွက် နည်းလမ်းမျိုးစုံကို ကြိုးစားပြီး ရှာဖွေနေကြပါတယ်။ အများစုက ကိုယ့်အားကိုယ်ကိုးရမယ့် နည်းလမ်းတွေက အများသား။ ဒါကလည်း အဆန်းကြီးတော့ မဟုတ်တော့ပါဘူးလေ။ ဒါ့ကြောင့်လည်း ဝင်ငွေရဖို့သေချာတဲ့ Google ads ကို စပြီးထည့်တော့မယ်လို့ စိတ်မကောင်းကြီးစွာနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပြည်တွင်းက ကြော်ငြာရှင်တွေကိုတော့ အားမလျော့သေးပဲ ကြိုးစားသွားအုန်းမှာပါ။ ကြော်ငြာချင်တဲ့သူရှိလာရင်လည်း သူလိုချင်တဲ့နေရာမှာ ကြော်ငြာနိုင်အောင်လည်း Google ads ကို အဲဒီနေရာအတွက် ပိတ်ထားပေးမယ့် လုပ်ဆောင်ချက်လည်း လုပ်ထားပါတယ်။
Startups တစ်ဖွဲ့မှာ အတက်အကျတွေရှိတယ်ဆိုပေမယ့် ဒီတစ်ခါ အကျကတော့ အခါတိုင်းထက်တော့ တော်တော်ကြမ်းပါတယ်။ ရှေ့လျှောက်လည်း ရုန်းကြရဦးမယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးက ခံနိုင်ရည်နဲ့ တောင်သူအကျိုးပြုချင်တဲ့ စိတ်ဓာတ်ကတော့ ပြင်းကြပါတာကတော့ ဂုဏ်အယူရဆုံး ပါပဲ ။
နောက်ဆုံးအနေနဲ့ Google ads တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင် အစိမ်းရောင်လမ်း သုံးပြုသူများကို တောင်းပန်ပါတယ်လို့ နောက်တစ်ခေါက်ပြောချင်ပါတယ်ဗျ။
အကယ်၍ စိုက်ပျိုးရေးလုပ်ငန်းကြော်ငြာရှင်တွေ ကြော်ငြာမယ်ဆိုရင်တော့ ဒီဖုန်းနံပါတ် 09 765408647 ဒါမှမဟုတ် ဒီအီးမေး mmthu@greenwaymyanmar.com ဒါမှမဟုတ် ဖေ့ဘုတ် စာမျက်နှာ cb ကနေ ဆက်သွယ်ပေးကြပါနော်။
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကအများအကျိုးလုပ်တယ်ဆိုပေမယ့်ကိုယ်ကျိုးပါမှရေရည်တည်တန့်နိုင်မှာဖြစ်ပါတယ်
ဥိးစံကျော်
လွန်ခဲ့သော ၅ နှစ် က:ဥိးစံကျော်စိုက်ပျိုးတောင်သူတွေအပေါ်အကျိုးပြုချင်တဲ့စိတ်ဓာတ်ရှီတဲ့အစိမ်းအဖွဲ့သားများအားထာဝရလေးစားလျက်ပါ
U Myint Thein Tun
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့google ads တက်လာတော့လည်း မျက်စိအမြင်ကျယ်တာပေါ့ ဗျာ
Sai Ko Ko Aung
လွန်ခဲ့သော ၅ နှစ် ကads တွေက အနှောက်အယှက်မဖြစ်စေပါဘူးခင်ဗျာ။ တောင်သူများအတွက် ဆက်လက်ပြီး ရက်တည်နေလို့ကျေးဇူးပါခင်ဗျာ
Thein Soe Min
လွန်ခဲ့သော ၅ နှစ် ကဟုတ် မွေးမြူရေးကဏ္ဍအတွက် စလုပ်နေပါတယ်ဗျ
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026