အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရင်ထက်ပိုပြီး ရင်ခုန်စရာ ဆုမဲအစီစဉ်တွေနဲ့ ပျော်စရာ ပဟေဠိ (၄၂)

အရင်ထက်ပိုပြီး ရင်ခုန်စရာ ဆုမဲအစီစဉ်တွေနဲ့ ပျော်စရာ ပဟေဠိ (၄၂)

Green Way
Green Way • 23/09/2020

ဒီတစ်ပတ်ကစပြီး ပြောထားတဲ့အတိုင်း ပိုပြီး စိတ်ဝင်စားစရာကောင်းစေဖို့ နည်းနည်းလေး ပုံစံပြောင်းထားပါတယ်နော်...

အရင်နဲ့ ဘာတွေမတူတော့တာလဲ?

👉စကားထာလေးတွေမဟုတ်တော့ပဲ စိုက်ပျိုး/မွေးမြူရေးအတွက် အကျိုးရှိစေမယ့် မေးခွန်းလေးတွေကို ဖြေရမှာပါ

👉ကံထူးသူ ၁၀ ယောက်ကို ပေးတာမဟုတ်တော့ပါဘူး။ ဆု (၃) ဆုအနေနဲ့ပေးသွားမှာပါ။

     ✅အမြန်ဆုံးနဲ့ အမှန်ဆုံးဆု 4000ကျပ် 

     ✅တိကျမှုဆု 3000ကျပ်

     ✅ကံထူးရှင်ဆု 2000ကျပ်

👉ကံထူးသူတွေက ဆုငွေတွေကို အစိမ်းရောင်လမ်းရဲ့ စျေးတန်းကြီးမှာလည်း ပြန်သုံးနိုင်မှာပါ။ တစ်ပတ်တစ်ခါ ပဟေဠိတွေဖြေပြီး စျေးဝယ်နိုင်မယ့် အခွင့်အရေးပါ။ (ဆုငွေတွေများမှ ဝယ်ချင်လို့ စုထားပေးပါဆိုရင်လည်း အစိမ်းရောင်လမ်းဘက်က တကူးတက စုထားပေးမယ်နော်)။

 👉အရင်လိုဖုန်းဘေပဲလိုချင်တယ်ဆိုရင်လည်း ထည့်ပေးပါမယ်။ 

👉mobile banking ထဲကို လိုချင်တယ်ဆိုရင်တော့  တစ်လတစ်ခါမှ ဆုငွေတွေရှင်းပေးပါမယ်နော်။(KBZ pay, AYA, wave money)

ဒါနဲ့ ...ဒီမေးခွန်းလေးက အဖြေမှန်သိဖို့လုံးဝ မခက်ပါဘူးနော်။

အားလုံးက အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ တင်ထားပြီးသားမို့ ရေတွက်ပြီး ဖြေလိုက်ရုံပါပဲ။ 

ဘယ်မှာတင်ထားတာလဲ?? ဘယ်လိုရှာရမလဲ?? ဆိုတာကိုတော့ သိဖို့လိုတာပေါ့နော်။ ဒါကလည်း ဆော့ဝဲထဲကို ခဏဝင်မွှေလိုက်ရုံပါပဲ။

ဝင်ရောက်လေ့လာရင်းဗဟုသုတလည်းရ ကံစမ်းရင်း ပျော်စရာကောင်းစေဖို့လည်းရည်ရွယ်ပါတယ်…

နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ အဖြေမှန်လေးနဲ့အတူ ဆုတွေကြေညာပေးမှာဖြစ်ပါတယ်။ ခုပဲ ဖြေဆိုပြီး.... ဆုငွေတွေ ရယူလိုက်ပါတော့။

🎁ဖြေဆိုရမယ့်နေရာကတော့ အရင်အတိုင်းပါပဲ။ ဆော့ဝဲထဲက အကြံပြုရန်မှာဖြေရမှာဖြစ်ပါတယ်။

4
Aung Kyaw Thu

Aung Kyaw Thu

လွန်ခဲ့သော ၆ နှစ် က

၃ ပုဒ်

zaw

zaw

လွန်ခဲ့သော ၆ နှစ် က

ခုနှစ်(၇)ပုဒ်ပါ

Tin Mar Win

Tin Mar Win

လွန်ခဲ့သော ၆ နှစ် က

၇ ပုဒ်ရှိပါတယ်

ဦးစိန်အောင်

ဦးစိန်အောင်

လွန်ခဲ့သော ၆ နှစ် က

တခုမမတွေ့လိုင်းမကောင့းတာလား😁

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။