“တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း”
📣 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း” အစီအစဉ်မှာပါဝင်လျှောက်ထားရန် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဂျင်းတောင်သူများ၊ တန်ဖိုးမြှင့်ဂျင်းစားသောက်ကုန်ထုတ်လုပ်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများအား ခေါ်ယူလျက်ရှိပါတယ်။ 📣
မြန်မာလူမျိုးများရဲ့ နေ့စဉ်ဘဝမှာ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဆေးဝါးအနေဖြင့်လည်း အသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိနေရာဒေသအတော်များများမှာလည်း ဂျင်းကို အလွယ်တကူရရှိနိုင်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ ဂျင်းသည် မရှိမဖြစ်ပင်ဖြစ်သော်လည်း ဂျင်းကိုအသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းမှာ အလွန်ပင်နည်းပါးလျက်ရှိနေပါသေးသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာများ မရရှိခြင်းနဲ့ ဈေးကွက်အခွင့်အလမ်းများ နည်းပါးနေခြင်းတို့ကြောင့်ပင် ဖြစ်ပါတယ်။ အကျိုးရလာဒ် အနေဖြင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ဈေးကွက်ထဲတွင်နည်းပါးလျက်ရှိပြီး ဂျင်းတောင်သူများအတွက်လည်း ဈေးကွက် အခွင့်အလမ်း ရှားပါးမှုများကြုံတွေ့နေရပါသည်။
Impact Hub Yangon မှ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း အစီအစဉ်ကို ဂျင်းတောင်သူများနှင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန် ထုတ်လုပ်သူများအား ကျွမ်းကျင်သော ဆရာများမှ လက်တွေ့ ဂျင်းထုတ်ကုန်ထုတ်လုပ်နည်း အဆင့်ဆင့်များ၊ ဈေးကွက်ချိတ်ဆက်မှုများ၊ စားသုံးသူများထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် ဈေးကွက်အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ထားခြင်း ဖြစ်ပါတယ်။ ထို့အပြင် Impact Hub Yangon (IHY) မှ သင်တန်းသားများအား သင်တန်းပြီးဆုံးသွားပါက ၄င်းတို့၏ တန်ဖိုးမြှင့်ဂျင်းထုတ်ကုန်များအား ကိုယ်တိုင်ဆက်လက်ထုတ်လုပ်နိုင်ရန် နည်းပညာအကူအညီများနှင့် ဈေးကွက်ချိတ်ဆက်မှုများအတွက်လည်း ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။
ယခုအစီအစဉ်ကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများမှ လျှောက်ထားနိုင်ပါတယ်။
🌱 ဂျင်းစိုက်ပျိုးသူများ (သို့မဟုတ်) ဂျင်းထုတ်ကုန်ထုတ်လုပ်နေသူများ
🌱 ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂျင်းတောင်သူများ
🌱 တောင်ကြီးတွင်ပြုလုပ်သွားမည့် (၃) ရက်ကြာသင်တန်းအား အချိန်ပြည့်တက်ရောက်နိုင်သူများ
🌱 သင်တန်းပြီးဆုံးသွားပါက Impact Hub Yangon ၏အကူအည်ီဖြင့် ဂျင်းတန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်ရန် စိတ်အားထက်သန်သူများ
သင်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ဂျင်းထုတ်လုပ်သူတစ်ယောက် (သို့မဟုတ်) တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်နေသူတစ်ယောက်ဖြစ်ပါက ကျွမ်းကျင်သော ဆရာများမှပို့ချမဲ့ ဂျင်းထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာများနဲ့ ဈေးကွက်ချိတ်ဆက်ခြင်း အခွင့်အလမ်းများ ရရှိနိုင်ရန် လျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။
🗓 လျှောက်လွှာပိတ်ရက်မှာ ဇွန်လ (၁၅) ရက် ၂၀၂၂ (ဗုဒ္ဓဟူးနေ့) ဖြစ်ပါတယ်။
📌 လျှောက်ထားရန်:https://bit.ly/GingerValueaddedProductProcessingandMarket...
📞 ပရိုဂရမ် (သို့မဟုတ်) လျှောက်လွှာလုပ်ငန်းစဉ်များနဲ့ ပက်သက်ပြီး မေးခွန်းများရှိပါက (၀၉ ၉၇၃၄၇၄၁၄၁၊ ၀၉ ၉၅၁၈၅၁၂၉၈) (သို့မဟုတ်) yangon@impacthub.net သို့ အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါတယ်။
Ko Zin Mg
လွန်ခဲ့သော ၄ နှစ် ကစပါးခွံ ကနေ ကော်ထုတ်ချင်လို့ ဘယ်လို ထုတ်ရင်ရမလည်းဗျ
မျိုးထက်နိုင်
လွန်ခဲ့သော ၄ နှစ် ကကျွန်ဖိုင်ဘာလို့ရှောက်မရတာလဲ
ကိုမျိးဇော်
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026