အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရိတ်သိမ်းလွန် နည်းပညာသင်တန်း ကိုရီးယား ပညာရှင်များ မန္တလေး တွင် ဖွင့်မည်

ရိတ်သိမ်းလွန် နည်းပညာသင်တန်း ကိုရီးယား ပညာရှင်များ မန္တလေး တွင် ဖွင့်မည်

Green Way
Green Way • Greenovator • 12/02/2014

မြန်မာတောင်သူ လယ်သမားများအတွက် တောင်ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များကိုယ်တိုင် သင်ကြားပို့ချပေးမည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းကို မန္တလေးတိုင်းဒေသကြီးတွင် လာမည့်မတ်လ အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သိရသည်။
မန္တလေးမြို့တော်၏ စိုက်ပျိုးရေးလုပ်ငန်း ခွင်တွင် ထင်ရှားကျော်ကြားသည့် ပုသိမ်ကြီး မြို့နယ်ရှိ မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ထုံးဘိုကျေးရွာ၊ ထုံးဘိုဥယျာဉ်ခြံတွင် ဖွင့်လှစ်မည့် အဆိုပါသင်တန်းကျောင်းကို ကိုရီးယား
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(koica) ၏ အကူအညီဖြင့် တည် ဆောက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးမြင့်သန်းက ပြောသည်။

“စိုက်ပျိုးရေးနည်းပညာနဲ့ ပတ်သက်ပြီး မျိုးသန့်ထုတ်လုပ်မူ နည်းစနစ်ပိုင်းနဲ့ ကုန်စည် တွေ value added (တန်ဖိုးမြှင့်) ပြုလုပ်တဲ့ နည်းပညာတွေကို ကိုရီးယားနိုင်ငံက ပညာရှင် တွေလာသင်ပြမှာဖြစ်တယ်”ဟု ၎င်းက ပြော သည်။

ထိုရိတ်သိမ်းချိန်လွန် သင်တန်းကျောင်းသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပထမဆုံး ဖွင့်လှစ်မည့် သင်တန်းကျောင်းဖြစ်သည့်အပြင် သင်တန်းကျောင်းတွင် ဓာတ်ခွဲခန်းငယ်များ လည်း ပါဝင်မည်ဖြစ်သည်။
“သင်တန်းကျောင်းထဲမှာ လိုအပ်တဲ့ ဓာတ်ခွဲခန်း စက်ကိရိယာတွေကို တပ်ဆင်ပြီး တာနဲ့ လာမယ့်မတ်လကုန်လောက်ဆိုရင် ဖွင့်လှစ် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသအတွက်ဆိုရင် ပထမ ဦးဆုံး ရိတ်သိမ်းလွန် သင်တန်းကျောင်းဖြစ်ပြီး အဓိကကတော့ မျိုးကောင်း၊ မျိုးသန့်တွေ ရရှိစေ ဖို့နဲ့ သီးနှံတွေကို ကြာရှည်ခံအောင်
ထားနိုင်တဲ့ နည်းပညာတွေကို တောင်သူတွေအတွက် လက်တွေ့ သင်ကြားပို့ချပေးနိုင်မှာဖြစ်လို့ တောင်သူတွေအတွက် များစွာအကျိုးရှိစေမှာဖြစ်သလိုစိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းအတွက် အထောက်အကူ ပြုစေမှာဖြစ်ပါတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

အဆိုပါ သင်တန်းကျောင်းတွင် ကိုရီး ယားပညာရှင်များသည် မျိုးသန့်သီးနှံ ထုတ်လုပ်မှုနည်းပညာများ၊ ထုတ်လုပ်ပုံနည်းစနစ်များကို သင်ကြားပေးခြင်း၊ အဆင်မြင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာများ၊ ပိုးမွှားကာကွယ် နည်းများကို သင်ကြားပေးခြင်းနှင့် မျိုးစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊
မြေဆီ၊ မြေသြဇာပိုင်းဆိုင်ရာ လိုအပ်ချက်များကို စစ်ဆေးနိုင်သော စက်များကို အသုံးပြုတတ်ရန်လည်း သင်ကြား ပေးမည်ဖြစ်သည်။

မြန်မာတောင်သူဦးကြီးများအတွက် လို အပ်ချက်ဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ ကိုလည်း အဓိကသင်ကြားပေးမည့်အပြင် သီးနှံ
များအတွင်း ကျရောက်သော ဖျက်ပိုးများ အကြောင်းနှင့် ကာကွယ်မှုနည်းလမ်းများ၊စိုက်ပျိုးချိန်မှစတင်ကာ ရိတ်သိမ်းချိန်အထိ ထိန်း
သိမ်းဆောင်ရွက်ရမည့် နည်းလမ်းတို့ကို သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များက သင်ကြားပေးမည်ဖြစ်ကာ သင်တန်းတက် ရောက် သင်ကြားလိုသည့် တောင်သူလယ် သမားများ၊စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့်
စိတ်ဝင်စားသူများ တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနည်း ပညာရှင်များအား လက်ဆင့်ကမ်းသင်ကြားပေး မှုများပြည့်စုံသွားပါက ကိုရီးယားပညာရှင် များက ဆက်လက်သင်ကြားပေးတော့မည် မဟုတ်ဘဲ မြန်မာပညာရှင် များကသာ ပြန်လည်သင်ကြားနိုင်ရန် လွှဲအပ်ပေးသွားမည်ဟုလည်း သိရသည်။

- ကျော်သူရမျိုး
အတွဲ(၆) အမှတ်(၈၄) မြန်မာတောင်သူကြီးများဂျာနယ်
http://thefarmermedia.com

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။