တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
နောက်အပတ်မှာ မလေးရှားရော်ဘာဈေးကွက်မှာ ဈေးတွေပြန်တက်ဘို့ မျှော်လင့်ရပါတယ်လို့ မလေးရှား တနင်္လာနေ့ထုတ် ဘနားမားသတင်းတပုဒ်ကဆိုတယ်။ လတ်တလော ဝယ်လိုအားတွေရှိလာလို့နဲ့ ရေနံဈေးတက်မှာကို မျှော်မြင်ထားလို့ပါပဲတဲ့။ ပြီးတော့ ဈေးတက်နေတဲ့ ယူအက်စ်ဒေါ်လာနဲ့ယှဉ်တဲ့ မလေးရှားရင်းဂစ်ကို သတိနဲ့ ရောင်းဝယ်နေရလို့လည်းဖြစ်တယ်လို့ ကုန်သည်ကပြောပါတယ်။
မလေးဈေးအလှုပ်ဟာ တိုကျိုကုန်စည်ဒိုင် TOCOM ရဲ့ စွမ်းပကားက လွှမ်းမိုးမှုလည်းပဲပါတယ်လို့ သူကပဲပြောပါတယ်။
ရေနံဈေးအတက်အကျဟာ သဘာဝရော်ဘာရဲ့ ပြိုင်ဘက် ရော်ဘာတု ရဲ့ဈေးကို အဆုံးအဖြတ်ပေးတာကြောင့်မို့ ရေနံဈေးကလည်း ရော်ဘာဈေးကို လွှမ်းမိုးပါတယ်လို့ ကုန်သည်ကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်အတွက် ရော်ဘာဈေးကွက်ဟာ အများစု ဈေးမြင့်ခဲ့တာ တိုကျိုရဲ့ TOCOM နဲ့ ရှန်ဟိုင်းရဲ့ SHFE တို့ ၂ ခုပေါင်း အဟုန်ကြောင့်ပါလို့ အဲဒီသတင်းကပြောပြပါတယ်။
တိုကျိုစံရော်ဘာဟာ အင်္ဂါနေ့မှာ စောစောပိုင်းအနုတ်ပြနေရာမှ ဈေးအပိတ်မှာ ဝ.၁ ယန်းမျှအတက်နဲ့ အနည်းငယ် ပြောင်းလဲသွားပါတယ်။ ယန်းအပျော့က ရှန်ဟိုင်းအကျကို ထေလိုက်လို့ပါတဲ့ ပွဲစားတွေကပြောပါတယ်။
အမေရိကန်ဒေါ်လာဟာ ၁၀၆.၀၉ ယန်းဆိုတော့ တနင်္လာနေ့က ၁၀၅.၅၂ ယန်းနဲ့ယှဉ်ရင် တက်သွားတယ်ပေါ့။ ( ဒေါ်လာတက်တော့ ယန်းကျပါတယ်။)
ယန်းအားပျော့တဲ့အခါ ယန်းနဲ့သတ်မှတ်တဲ့ ကုန်စည်တွေကို ဒေါ်လာလို အခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးသက်သာပါတယ်။ ဒီတော့ အဝယ်လိုက်ပြီး ဈေးတက်လာပြန်တယ်။
တိုကျိုရဲ့ TOCOM မှာ ဩဂုတ်လကန်ထရိုက်ရော်ဘာဈေးဟာ ဝ.၁ ယန်းတက်ပြီး ၁၉၄ ယန်း($၁.၈၃)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါတယ်။
တိုကျိုစံရော်ဘာဟာ ဗုဒ္ဓဟူးနေ့မှာတော့ လျှောကျသွားပါတယ်။ ရှန်ဟိုင်းအားအပျော့နဲ့ ဒေါ်လာနဲ့ယှဉ်တဲ့ ယန်းငွေအမာက ဆွဲချသွားတာပါ။ ယန်းငွေမာလျှင် ယန်းနဲ့ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဒေါ်လာလို နိုင်ငံခြားငွေနဲ့ဝယ်လျှင် ဈေးကြီးသွားပါမယ်။ ဒါဆိုရင် ဝယ်လိုအားကျပြီး ဈေးနှုန်းလည်း ကျလာပါမယ်။
ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာဟာ ၁၄ လအတွင်းအနိမ့်ဆုံးဈေးတဝိုက်မှာ ဝဲနေပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ Gary Cohn နှုတ်ထွက်လိုက်ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲဖြစ်မှာကိုကြောက်ပြီး ဒေါ်လာအပေါ် ကုန်သည်တွေက သတိကြီးစွာထားလာတဲ့ အတွက်ကြောင့်ပါ။
" ကုန်သည်တွေက ကုန်လှောင်တာ long position တွေ မလုပ်ကြတော့ဘူး။ ယန်းငွေထောင်တက်သွားတာတွေ၊ စတော့ဈေးတွေ ကျတာတွေကို လန့်တယ်လေ" ဟိရိုယုကိ ကိကုကဝကပြောပါတယ်။ သူက နစ်ဆန်စတော့အရောင်းအဝယ်ကုမ္ပဏီမှ သုတေသနဆိုင်ရာ အထွေထွေမန်နေဂျာပါ။ တိုကျိုရဲ့ TOCOM မှာ ဩဂုတ်လ ကန်ထရိုက်ဈေးဟာ ၂.၂ ယန်းကျကာ ၁၉၁.၈ ယန်း($၁.၈၂)/ ကီလိုဂရမ်ဈေးနဲ့ ပိတ်ပါတယ်။
ကြာသပတေးနေ့မှာတော့ ထရမ့်ရဲ့ စီးပွားရေးပါ်လစီကို စိုးရိမ်စိတ်တွေနဲ့ ဈေးကွက်ကိုဖိစီးထားတယ်။ ဒါပေမယ့် NAFTA - North America Free Trade Agreement အစည်းအဝေးကာလ ရက် ၃၀ အတွင်း သံမဏိနဲ့ အလူမီနီယံတင်သွင်းတဲ့အပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ကနေဒါနဲ့ မက္ကဆီကိုကိုပေးမယ်လို့ ထရမ့်ကပြောလိုက်တယ်။ ဒီအထဲ ဂျပန်ရဲ့ အဓိကစက်မှုလုပ်ငန်းတွေပါနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဂျပန်စတော့တွေအသက်ရှုချောင်သွားတယ်။ ဒီတော့ ရော်ဘာလဲ ဈေးတည်တည်ငြိမ်ငြိမ်နဲ့ပဲ ပိတ်သွားတယ်။ မတက်ဈေးအဖွင့်မှာ ဝ.၆ ယန်းကျနေရာမှ(-ဝ.၆) ညနေဈေးပိတ်တော့ ဝ.၁ ယန်းအကျ(-ဝ.၁) ပဲရှိတော့တယ်။ ဈေးမရပေမယ့်လည်း သက်သာတယ်ဆိုရမှာပေါ့။
ဒီနေ့သောကြာနေ့မှာတော့ နံနက်ပိုင်းဈေးအဖွင့်မှာ TOCOM ဈေးကွက်မှာ အပေါင်းလက္ခဏာပြခဲ့ပေမယ့်လည်း ညနေဈေးပိတ်တော့ ၂.၆ ယန်းကျသွားပြီး ယန်း ၁၉၀ အမှတ်အောက်ရောက်သွားတော့တယ်။ ၁၈၉.၈ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်လေ။ အနုတ်အသိမ်းများလှတဲ့ ရှန်ဟိုင်းရဲ့ SHFE မှာဆို ပိုလို့တောင်အကျကြမ်းတယ်ဆိုရမယ်။ ၂၈၅ ယွမ်အကျနဲ့ ၁၂၆၂၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။
ဒီအပတ် ရော်ဘာအပါအဝင် ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်နေတဲ့ သတင်းကတော့ သမ္မတထရမ့်ရဲ့ စီးပွားရေးပေါ်လီဆိုင်ရာ သတင်းပဲဖြစ်ပါတယ်။ ဒီတော့ နောက်အပတ်မှာ ရော်ဘာဈေးပြန်တက်မယ်လို့ မျှော်လင့်နေတဲ့ မလေးရှားသတင်းဟာ လတ်တလောအခြေအနေအရ စဉ်းစားစရာဖြစ်နေပါပြီ။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyi Thway
အားလုံး