တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
တိုကျိုစံရော်ဘာဟာ အင်္ဂါနေ့ (၅-၆-၂၀၁၈) မှာ ၅ ပတ်အတွင်း အနိမ့်ဆုံးသို့ကျသွားပါတယ်။ အကြောင်းက ထရမ့်ရဲ့ မော်တော်ယာဉ်အစိတ်အပိုင်းတင်သွင်းမှုအပေါ် အခွန်တိုးကောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် တိုင်ယာဝယ်လိုအားကျမှာကို စိုးရိမ်ကြတယ်။ ဒီကြားထဲ ရော်ဘာအသစ်တွေထုတ်ရောင်းနေကြတာရှိနေတော့ ရှန်ဟိုင်းရော်ဘာဈေး ကျတဲ့အတွက်ကြောင့်ပါ။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးအပေါ်သက်ရောက်တဲ့ TOCOM ရော်ဘာဈေးအပါ် ဖိအားသက်ရောက်မှုရှိနေတယ်။ ထရမ့်က သွင်းကုန်အပေါ်အခွန်အသစ်နဲ့ ရိုက်လိုက်ရင် ဂျပန်ရဲ့ တိုင်ယာဝယ်အားဟာ ကျသွားမယ်။ ဒါဆို ရော်ဘာဈေးကျမယ်ဆိုတဲ့အမြင်ကြောင့်ပါလို့ တိုရှိတက တဇဝကပြောပါတယ်။ သူက ဖူဂျီတိုမီကုမ္ပဏီရဲ့ ဈေးကွက်ဆန်းစစ်သူပါ။
ထရမ့်ရဲ့အစိုးရက အမျိုးသားလုံခြုံရေးအရ ကားနဲ့ ထရက်ကားတွေ တင်သွင်းမှုအပေါ် စုံစမ်းစစ်ဆေးမှုလုပ်ပြီးနောက် မတ်လမှာ သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်စီးကြပ်မှုတွေ များလာနိုင်ခြေရှိတယ်။
အခွန်စီးကြပ်မှုမြှင့်တင်လိုက်ရင် အာရှကားထုတ်လုပ်သူတွေဖြစ်တဲ့ တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါနဲ့ ဟျွမ်ဒေတို့ကို အထိနာစေမှာဖြစ်တယ်။ ဘာကြောင့်ဆို သူတို့က အမေရိကကို အဓိကဈေးကွက်အဖြစ်သတ်မှတ်ထားတာကိုး။ ကားလုပ်ငန်းထိခိုက်ရင် တိုင်ယာလုပ်ငန်းထိခိုက်မယ်။ ဒါဆိုရင် ရော်ဘာဈေးကျခြေရှိမယ်လေ။
အင်္ဂါနေ့မှာ TOCOM ရဲ့ နိုဝင်ဘာ ရော်ဘာကန်ထရိုက်ဈေးဟာ ၃.၂ ယန်း သို့မဟုတ် ၁.၇% ကျကာ ၁၈၇.၂ ယန်း($၁.၇)/ကီလိုဂရမ်နဲ့ ဈေးပိတ်သွားတယ်။ စောစောပိုင်းကဆိရင် မေ ၁ ရက်ကစတွက်ရင် အနိမ့်ဆုံးဖြစ်တဲ့ ၁၈၆.၃ ယန်းဈေးထိကျသွားသေးတယ်။ ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံးကန်ထရိုက်လဖြစ်တဲ့ စက်တင်ဘာမှာ ရော်ဘာဈေးဟာ ယွမ် ၁၁၀ ကျပြီး ၁၁၆၀၅ ယွမ်($၁၈၁၂)/တန်ဈေးနဲ့ ပိတ်သွားတယ်။ ဒီမှာလည်း ၂ ပတ်အတွင်းအနိမ့်ဆုံးဖြစ်တဲ့ဈေး ၁၁၄၅၅ ယွမ်ဈေးထိကို အစောပိုင်းမှာ ကျသွားသေးတယ်။
" ရင်းနှီးမြှုပ်နှံသူတွေက လတ်တလော ရင်းဂစ်ငွေဈေးအကျနဲ့အတူ မလေးရှားက ရော်ဘာတွေ တိုးမြှင့်ရောင်းလာမှာကိုလည်း စိုးရိမ်နေကြတယ်။ မလေးရှားဒီလိုလုပ်ရင် ရော်ဘာဈေးမြှင့်တင်ဘို့ လျှော့တင်ပို့နေကြတဲ့ ရော်ဘာထုတ်လုပ်သူနိုင်ငံတွေလည်း ကတိတွေပျက်လာနိုင်တယ်" တဲ့ တဇဝက ပြောပါတယ်။ မလေးနဲ့အတူ ထိုင်းနဲ့အင်ဒိုတို့ tripartite လုပ်ထားကြတယ်လေ။
ဆယ်စုနှစ်ခြောက်ခုမျှ ခြစားမှုတွေနဲ့ ရှုံးနိမ့်သွားတဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် မလေးရှားရင်းဂစ်ဟာ အားပျော့သွားတာဖြစ်တယ်။ ဒါ့အပြင် အစိုးရသစ်ရဲ့ တိုင်းပြည် ဘဏ္ဍာရေးအခြေအနေကို ပြုပြင်ဘို့ကတိကဝတ်ပြုထားတဲ့အပေါ်လည်း စိုးရိမ်မှုတွေတိုးလာစေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ တိုကျိုစံရော်ဘာဟာ ဈေးအပိတ်မှာ အမြင့်နဲ့ပိတ်သွားတယ်။ ယခင်နေ့က ၅ ပတ်အတွင်း အနိမ့်ဆုံးဈေးနဲ့ ပိတ်ခဲ့ပြီး၊ ယန်းအားအပျော့ကြောင့် ဖော့တင်လိုက်တာပါ။ ပြီးတော့ ရှန်ဟိုင်းရော်ဘာဈေးကလည်း စောစောပိုင်းကျခဲ့ပြီး ပြန်လည် နာလံထူလာတာကြောင့်လည်း ဖြစ်တယ်လို့ ကုန်သည်တွေကပြောတယ်။
" ယန်းငွေဈေးအကျနဲ့ ရှန်ဟိုင်းနာလံပြန်အထူမှာ ရော်ဘာဈေးကအထောက်အပံ့ရပြီးတက်တာ" လို့ Jiong Gu ကပြောတယ်။ သူက ယုတကရှိုးဂျိကုမ္ပဏီရဲ့ ဈေးကွက်ဆန်းစစ်သူပေါ့။
ဗုဒ္ဓဟူးနေ့မှာ တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာလကန်ထရိုက်ဈေးဟာ ဝ.၉ ယန်းတက်ကာ ၁၈၈.၁ ($၁.၇၁)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံးကန်ထရိုက်လ စက်တင်ဘာမှာ ရော်ဘာဈေးဟာ ယွမ် ၄၀ ကျပြီး ၁၁၆၂၀ ယွမ်($၁၈၁၇)/တန်နဲ့ ဈေးပိတ်သွားတယ်။ ဒါက ဒီနေ့အတွင်း အနိမ့်ဆုံး ၁၁၅၅၀ ယွမ်ဈေးကနေ ပြန်နာလံထူလာတာပါ။
အမေရိကန်ဒေါ်လာက ဂျပန်ယန်းနဲ့ ယှဉ်ရာမှာ ၂ ပတ်အတွင်း အမြင့်ဆုံးအဖြစ် ဈေးတက်တယ်။ အာရှဘက်နှောင်းပိုင်းအရောင်းအဝယ်မှာ ယန်း ၁၁၀ အထက်မှာရှိခဲ့တယ်။ စောစောပိုင်းက ဖြစ်ခဲ့တဲ့ ၁၀၉.၈၃ ယန်းနဲ့ ယှဉ်ကြည့်လို့ရတယ်။ ယန်းအားပျော့တော့ ယန်းနဲ့ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးသက်သာသွားတယ်။ ဒီတော့ အဝယ်လိုက်ကာ ဈေးလဲလိုက်လာတယ်။
"ကာလတိုလှောင်သမားတွေက ထုတ်ရောင်းနေတာ ကျနော်တို့တွေ့နေရတယ်။ technical buying တွက်ချက်သူတွေက ကာလအလတ်လှောင်ဘို့ ဝယ်နေကြတယ်" လို့ Gu ကပြောပါတယ်။ ဈေးကွက်က ခဏလောက် ဟိုလိုလို ဒီလိုလို ဖြစ်နေဦးမယ်လို့ သူကဆက်ပြောသွားတယ်။
ကြာသပတေးနေ့မှာလည်း TOCOM ကော SHFE ကော ဈေးကွက် ၂ ခုလုံးမှာ ဈေးအမြင့်နဲ့ပဲ ဈေးပိတ်သွားတယ်။ တခါ သောကြာနေ့ ဈေးဖွင့်တော့ TOCOM ရော်ဘာဈေးက အားပျော့နေပြန်တယ်။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026