အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်

Green Way
Green Way • 28/10/2022

“Women Entrepreneurship Program”

စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် “Women Entrepreneurship Program” တွင် လျှောက်ထားရန် ဖိတ်ခေါ်ခြင်း

မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” ကို 𝐀𝐂𝐃𝐈/𝐕𝐎𝐂𝐀 နှင့် FHI 360 တို့မှ ပူးပေါင်းလုပ်ဆောင်နေသည့် Feed the Future Burma Agriculture and Food Systems Development Activity စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း (𝐀𝐅𝐃𝐀), USAID Burma တို့၏ပံ့ပိုးမှုဖြင့်  Myanmar Innovative Life Sciences နှင့်  Myanmar Women Entrepreneurs Network (MYANWEN) တို့ မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

အဆိုပါ “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” ဟာ အချိန် (၈)လတာ ကြာမြင့်မည်ဖြစ်ပြီး 𝐂𝐎𝐕𝐈𝐃-𝟏𝟗 ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသည့်ကာလနှင့် လက်ရှိဖြစ်ပွားနေလျက်ရှိသော အခြေအနေ များကြောင့် အမျိုးသမီးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြေရှင်းပြီး အကူအညီပေးနိုင်ရန်နှင့် အခက်အခဲများကြားတွင် ကြံ့ကြံ့ခံရပ်တည်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

ဤအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏စီးပွားရေးကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊ နည်းပညာနှင့်ပတ်သက်သည့် စိုက်ပျိုးစီးပွားကဏ္ဍနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်း ဆိုင်ရာကဏ္ဍများအတွက် အသိပညာများ ရရှိနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းကို မြှင့်တင် နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ တိုးတက်အောင် ချဲ့ထွင်စီမံခန့်ခွဲနိုင်ခြင်း စသည်တို့ကို  မိမိ၏ စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးများလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့ စွမ်းရည်များကို မြှင့်တင်နိုင်ပြီးပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ရန်  https://tinyurl.com/WEPApplication မှ တစ်ဆင့် (၁၀.၁၁.၂၀၂၂) ရက်နေ့မတိုင်ခင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ထို့အပြင် အစီအစဉ် အသေးစိတ်ကို သိရှိလိုပါက အောက်ဖော်ပြပါ 𝐋𝐢𝐧𝐤 မှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://tinyurl.com/WEP-Info-Burmese

https://tinyurl.com/WEP-Info-English

ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://www.milsciences.com/wep တွင်ဖြစ်စေ၊ ဖုန်း - 09 750054341 (သို့မဟုတ်) အီးမေးလ် wep.project@myanwen.com  သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ဤအစီအစဉ်နှင့် စပ်လျဥ်းသော စားသောက်ကုန်များကိုဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်သော အသိပညာ၊ နည်းပညာ အကူအညီများ၊ ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် 𝐠𝐫𝐚𝐧𝐭 အစရှိသည့် ငွေကြေးအထောက်အပံ့များ ရယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက ဖုန်း -  09 965 405 501/ 09 447 043 463 (သို့မဟုတ်) အီးမေးလ် enquiries@milsciences.com  သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Credit to - Myanmar Innovative Life Science

 

1
Dattaw Sayadaw

Dattaw Sayadaw

လွန်ခဲ့သော ၃ နှစ် က

မာလကာပင်က အသီးတွေ ပိုးအရမ်းထိုးနေတယ်။ အဘယ်ကြောင့်ပါနည်း။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။