အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေပဲပင်တွင်ကျရောက်တက်သော ဘက်တီးရီးယားပင်ညိုးရောဂါ

မြေပဲပင်တွင်ကျရောက်တက်သော ဘက်တီးရီးယားပင်ညိုးရောဂါ

                                                                        ဦးကြီးတို့ရေ မင်္ဂလာပါဗျ။

 ဦးကြီးတို့ရဲ့ မြေပဲခင်းတွေမှာ မြေပဲပင်တွေညိုးပြီးသေနေတာတွေ တွေ့ဖူးမယ်လို့ ထင် ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ လေ့လာကြရအောင်။

ရောဂါလက္ခဏာများ

 ရောဂါဖြစ်သောအခါ ဘယ်အချိန်မှာ ရောဂါလက္ခဏာစတွေ့ရသလဲ။ မြေပဲစိုက်ပျိုးပြီး ၂-၃ ပတ်ကြာသောအခါ ရောဂါဖြစ််နေသောအပင်များ၏ မြေပဲအရွက်များသည် အနည်းငယ် ငိုက်ကျနေပြီး အရွက်များလိပ်နေပါသည်။ ထိုအပြင် မြေပဲအရွက်များ၏ ရွက်ကြောများကြားတွင် အစိမ်းရောင်ဖျော့နေပြီး အရွက်အနားသတ်များသည် အဝါရောင်ပြောင်းသွားပါသည်။ နောက်ပိုင်းတွင် အပင်များသည် အဖျားမှ အောက်ကိုကွေးသွားပြီး အရွက်များခြောက်လာပါ သည်။ နောက်ဆုံးတွင် အပင်များသည် အညိုရောင်ပြောင်းသွားကာ ညိုး၍ သေသွားပါသည်။ ရောဂါတိုက်ခိုက်ခံထားရသော အပင်များမှာ အရောင်ပျက်သွားပြီး အမြစ်များပုပ်နေပါသည်။ ထို့အပြင် မြေပဲအတောင့်များလည်း ပုတ်သွားပါသည်။ မြေပဲဘက်တီးယားပင်ညိုးရောဂါ ဖြစ်သောအခါ အသိသာဆုံး လက္ခဏာမှာ မြေပဲပင်စည်များကို ခွဲကြည့်သောအခါ အထဲတွင် မဲပုတ်နေပါသည်။

ရောဂါကူးစက်ပုံ

မြေပဲပင်ညိုးရောဂါဖြစ်စေသော သက်ရှိမှာ Ralstonia solanacearum E Yabuuchi ဖြစ်ပါသည်။

ထိုရောဂါသည် မြေဆောင်ရောဂါဖြစ်သလို မျိုးစေ့ဆောင်ရောဂါလည်း ဖြစ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိသည် အပင်များမရှိသော မြေကြီးတွင် အသက်ရှင်မနေနိုင်ပါ။ ထိုရောဂါသည် ယာခင်းတစ်ခင်းမှတစ်ခင်း ဖြတ်သန်းစီးဆင်းသွားသော မိုးရေများမှလည်း ကောင်း၊ သွင်းရေများမှလည်းကောင်း ကူးစက်ပါသည်။

၎င်းသက်ရှိများ အသက်ရှင်နေနိုင်သော လက်ခံအပင်များမှာ ခရမ်းချဥ်၊ ဆေးရွက်ကြီး၊ ခရမ်း၊ မြေပဲ၊ ဟင်းစားပဲပုတ်၊ ငှက်ပျော စသည့်အပင်တို့ဖြစ်ပါသည်။

ကာကွယ်ရန်နည်းလမ်းများ

  • ရောဂါကင်းစင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရပါမည်။

  • ထိုရောဂါမရှိသောမြေများတွင် ကျန်းမာသန်စွမ်းသော မျိုးစေ့များကို စိုက်ပျိုးရပါမည်။

  • သီးလှည့်စိုက်ပျိုးရပါမည်။

  • ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးရပါမည်။

  • ရောဂါကူးစက်ခံထားရသောအပင်များတွေ့လျှင် ချက်ချင်းနှုတ်၍ မီးရှို့ဖျက်စီးပစ်ရပါ မည်။

  • ထယ်ထိုး၍ မြေလှပ်ထားကာ ထွန်မကြာခဏ မွှေပေးရပါမည်။

  • နောက်ဆုံးမတတ်နိုင်မှသာ ဘက်တီးရီးယားများသေစေသော ဆေးများကို အချိုးအဆ မှန်ကန်စွာသုံးစွဲသင့်ပါသည်။

 ချမ်းသာဦး

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

kyae kyee

kyae kyee

လွန်ခဲ့သော ၄ နှစ် က

မြေဆောင်ရောဂါကို ကာကွယ်ဖို့ ဘာဆေးသုံးသင့်လဲဗျ

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 5 ခု

ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ

kyaw kyaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။