မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
ဦးကြီးတို့အားလုံးမင်္ဂလာပါဗျ။
တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများ ဖြစ်သော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဘက်တီးရီးယားသတ်ဆေး၊ နီမတုတ် သတ်ဆေး၊ ဓာတုဓာတ်မြေသြဇာများ၊ ဟော်မုန်းများ စသည့်တို့ကို တွင်ကျယ်စွာအသုံးပြု လာကြပါသည်။ ထိုသို့တွင်ကျယ်စွာအသုံးပြုလာသောကြောင့် ဓာတုဆေးများ၏ အကျိုးသက် ရောက်မှုများကိုလည်း ဆိုးရွားစွာခံစားနေကြရပါသည်။ တောင်သူဦးကြီးတို့ဘက်မှ ပြန်ကြည့် လျှင်လည်း ထိုဓာတုဆေးများကို အသုံးမပြုလျှင်လည်း သီးနှံအထွက်နှုန်းများ ကျဆင်းလာ ကာ အရှုံးပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ထိုဓာတုဆေးများကို မည်ကဲ့သို့ အသုံးပြုမည်နည်း?။
စိုက်ပျိုးရေးဆိုသည်မှာ သစ်ပင်များစိုက်ပျိုးခြင်းတစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေး ရောတွဲဖက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေရရှိရုံသာမက တရိစ္ဆာန်များမှ ရရှိသောအညစ်အကြေးများဖြစ်သော နွားချေး၊ မြင်းချေး၊ ကျွဲချေး၊ ဝက်ချေး၊ ကြက်ချေးစသည့်တို့ကို စိုက်ခင်းများထဲသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် ဓာတု ဓာတ်မြေသြဇာများသုံးစွဲခြင်းကို လျှော့ချနိုင်ပါသည်။ ထို့အပြင် သီးနှံအကြွင်းကျန်များ၊ သစ်ရွက်အမှိုက်များ၊ မီးဖိုချောင်မှဆွေးမြေ့စေသော ပစ္စည်းများ၊ ပေါင်းမြတ်များကို စနစ်တကျ ဆွေးမြေ့စေပြီး စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းနိုင်ပါသည်။ ထို့ကြောင့် ဓာတုဓာတ် မြေသြဇာများကို လိုအပ်မှသာ သုံးစွဲသင့်ပါသည်။ သုံးစွဲလျှင်လည်း စနစ်တကျ နှုန်းထား မှန်ကန်စွာဖြင့် ထည့်သွင်းအသုံးပြုသင့်ပါသည်။
စိုက်ပျိုးရေးကဏ္ဍတွင် အန္တရာယ်များသော ပေါင်းသတ်ဆေးများသည်လည်း တောင်သူဦးကြီးတို့အတွက် အရေးကြီးသော အရာတစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်သော လုပ်သားများ ပေါများလာပြီး စိုက်ပျိုးရေးကဏ္ဍ အတွက်လုပ်သားများ ရှားပါးလာသောကြောင့် အချိန်ကုန်သက်သာပြီး ပေါင်းများအလွယ်တကူ နှိမ်နင်းနိုင်သော ပေါင်းသတ်ဆေးများကို အသုံးပြုမှုများလာကြပါသည်။ ပေါင်းသတ်ဆေးများ၏ အန္တရာယ်ကို ဦးကြီးတို့သိနှင့်ပြီးသားဖြစ်မှာပါ။ သိသော်လည်း ဦးကြီးတို့မှာ လုပ်သားများခေါ်မရသောကြောင့် စိုက်ပျိုးစရိတ်များနှင့် ကာမိအောင် ပေါင်းသတ်ဆေး များကို အသုံးပြုနေကြရပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ပေါင်းများနှိမ်နင်းရာတွင် တတ်နိုင်သမျှလုပ်သားများဖြင့် နှိမ်နင်းပြီး ပေါင်းသတ်ဆေးများကို လိုအပ်မှသာ အသုံးပြုသင့်ပါသည်။ ပေါင်းသတ်ဆေးများ အသုံးပြုရာတွင်လည်း ဆေးအညွှန်အတိုင်း တိကျသေချာစွာ အသုံးပြုပြီး စနစ်တကျကိုင်တွယ်အသုံးပြုသင့်ပါသည်။
ယနေ့ခေတ်တောင်သူဦးကြီးတို့သည် ပိုးမွှားရောဂါများ နှိမ်နင်းရာတွင် စျေးကွက်တွင် အလွယ်တကူဝယ်ယူရရှိသော ဆေးများကို ဝယ်ယူအသုံးပြုကြပါသည်။ ထိုဆေးများအသုံး ပြုမှုများသောကြောင့် ပြည်ပဈေးကွက်မရရှိဘဲ နယ်စပ်ဂိတ်များမှ လှည့်ပြန်လာရသော သီးနှံတင်ကုန်ကားများ များစွာတွေ့နေရပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ပထဦးဆုံး သဘာဝပိုးသတ်ဆေးများဖြစ်သော တမာပိုးသတ်ဆေးများ၊ ဆေးရွက်ကြီးများဖြင့်ပြုလုပ်သော ပိုးသတ်ဆေးများ စသောဆေးများကို ပြုလုပ်၍ ကာကွယ်နှိမ်နင်းပြီး လိုအပ်မှသာ ဓာတုပိုးသတ်ဆေးများကို အသုံးပြုသင့်ပါသည််။
သဘာဝပိုးသတ်ဆေးများအသုံးပြုရာတွင် သတိထားရမည်မှာ သဘာဝပိုးသတ်ဆေးများသည် ဓာတုပိုးသတ်ဆေးများကဲ့သို့ ပိုးမွှားများကို ဖျန်းလိုက်သောအခါ ချက်ချင်းမသေဘဲ ပိုးမွှားများ၏ ဇီဝကမ္မဖြစ်စဥ်များ ပျက်သွားကာ တဖြည်းဖြည်းသေသွားပါသည်။ ထို့အပြင် ပိုးမွှားများနှိမ်နင်းရာတွင် သက်ရှိကို သက်ရှိဖြင့်ကာကွယ်နှိမ်နင်းနည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။ ပိုးမွှားများ ကာကွယ်နှိမ်နင်းရာတွင် အကောင်းဆုံးနည်းလမ်းမှာ ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းနည်း ဖြစ်ပါသည်။
ထို့ကြောင့် တောင်သူဦးကြီးတို့ကို ဓာတုဆေးများ လုံးဝအသုံးမပြုပါနှင့်ဟုတော့ မတိုက်တွန်းလိုတော့ပါ။ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများကို တတ်နိုင်သမျှ လျှော့သုံး၍ သဘာဝမှရရှိသော မြေသြဇာများ၊ ပိုးသတ်ဆေးများကို တွင်ကျယ်စွာအသုံးပြုသင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mg Thet Moe Aung
လွန်ခဲ့သော ၅ နှစ် ကစပါခင်ထဲဓာတ်စားမပက်ပဲနဲနွာချေးနဲကြည်ချေးပက်ရင်ကောင်ပမလား
ကိုဇော်ဇော်
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုမျိုးလက်တွဲခေါ်ဆောင်သွားရင်ရမလဲ
ကိုဇော်ဇော်
လွန်ခဲ့သော ၅ နှစ် ကဓာတုဓာတ်မြေသြဇာနှင့်ဓာတုပိုးသတ်ဆေးအသုံးပြုသော တောင်သူလယ်သမားများ သြဂဲနစ် နည်းစနစ်ဘက်စိတ်လည်လာအောင်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း
13/11/2020