စပါးတွင်ကျရောက်တတ်သော ရွက်ဖုံးခြောက်ရောဂါ
မြန်မာနိုင်ငံတွင်ဆန်စပါးသည် အလွန်အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ကြောင့်စပါးတွင် ကျရောက်တတ်သည့် ရွက်ဖုံးခြောက်ရောဂါအကြောင်း ဆွေးနွေးတင်ပြချင်ပါသည်။ စပါးရွက်ဖုံးခြောက် ရောဂါသည် စပါးကိုဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်သော မှိုရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိမှာ Rhizoctonia solani ဖြစ်ပါသည်။
ရောဂါလက္ခဏာများ

စပါးပင်၏ရွက်ဖုံးတွင်ပုံမမှန်သော မြွေပွေးကွက်ကဲ့သို့သော ရေစိုနာအကွက်ကလေးများ စတင်တွေ့ရသည်။ ရောဂါပြင်းထန်လာလျှင် စိမ်းညိုရောင်ရေစိုနာအကွက်မှ ညိုနက်ရောင်အနားရှိသော မီးခိုးရောင် ရေစိုနာအကွက်များ ဖြစ်ပေါ်လာသည်။ ရွက်ဖုံးနှင့်ထိတွေ့နေသော အရွက်များပေါ်တွင်လည်း ရောဂါကျရောက်နိုင်ပါသည်။ စပါးခင်းတွင် ရောဂါကျရောက်မှုဆိုးရွားပါက မီးလောင်ထားသလို အကွက်လိုက် ဖြစ်နေပါသည်။ ဒါ့အပြင် စပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်သည်။
ရောဂါကူးစက်ပျံ့နှံ့ခြင်း
မြေဩဇာများပြားစွာထည့်ခြင်း နှင့် စိုထိုင်းစများခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို ပိုမိုအားပေး ပါသည်။ ရောဂါဖြစ်စေသောမှိုသည် မြေကြီးထဲတွင် မှိုလုံးငယ်များ သို့မဟုတ် မှိုမျှင်များ အဖြစ် ကြာရှည်စွာနေနိုင်ပါသည်။ ရေနှင့်အတူမျှောပါလာကာ စပါးခင်းတစ်ခင်းမှ တစ်ခင်းသို့ ရောဂါကူးစက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
◦ နိုက်တြိုဂျင်ဓာတ်ပါသော မြေဩဇာများကို သင့်တင့်မျှတစွာ အသုံးပြုရမည်။
◦ အပင်စိပ်စိပ်စိုက်ပါက လေဝင်လေထွက်နည်းပြီး ရောဂါကျရောက်နိုင်ချေများ ပါသည်။
◦ ရောဂါဖြစ်ထားသော အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးရပါမည်။
◦ Biological control ဖြစ်သော Trichoderma မှိုဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ သို့သော်ကွင်း
ထဲတွင်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါ။
• ဓာတုဆေးများဖြစ်သော ကောပါးဟိုက်ဒြောက်ဆိုဒ် ၊ ကောပါးအောက်ဆီကလိုဒိုက် ၊ ကာဘင်ဒါ
စသောဆေးများဖြင့် ကာကွယ်နှိမ်နင်းကြသည်။
• မှိုသတ်ဆေးများကို အပင်အားဆေးများနှင့် တွဲဖက်၍ အသုံးမပြုသင့်ပါ။
မစန္ဒကူးအောင်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်တွင်ကျရောက်တတ်သောရောဂါများ
အကြောင်းအရာ 2
စပါးပင်နှင့် ရွက်ဖုံးခြောက်ရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကနှံစုပ်ပိုး
နေမျိုးလင်း
လွန်ခဲ့သော ၅ နှစ် ကခုအဲဒီလိုဖြစ်နေပြီ
Zm Km
လွန်ခဲ့သော ၅ နှစ် ကစပါးပင်ထိပ်ဖျားတွေပြတ်ပြီးဖြူနေဒါဘယ်လိုလုက်ရမလဲ
Aung ko ko
လွန်ခဲ့သော ၅ နှစ် ကရာသီဥတုအခြေအနေလေးပြောပြပေးပါတိမ်တေစုပြီးမိုးအုပ်လာသလိုဖြစ်နေတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကျရောက်နေဆဲဘာလိုနှိမ်နင်းရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Sandakue Aung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....