နံနံပင်ကို ဆေးဖက်ဝင်အရည်အသွေးမြင့်စေတဲ့ အေအမ်အက်ဖ်မှို
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာ မှို အပိုင်း(၃၀)
နံနံပင်တွင် အေအမ်အက်ဖ်မှို တမျိုးတည်းထိုးသွင်းခြင်း (သို့မဟုတ်) အေအမ်အက်ဖ်မှိုနှင့် ပင်လယ်ရေမှော်ဇီဝမြေသြဇာ ၂ မျိုး ပူးတွဲထိုးသွင်းခြင်းသည် အထူးဆီပိုထွက်သည်။ ပရိုတင်း%၊ အန်တီအောက်ဆီးဒန့်ကို ပိုထုတ်စေသဖြင့် ဆေးဖက်ဝင်အရည်အသွေး ပိုကောင်းစေသည်။
ဈေးကွက်ဝင်သော သဘာဝဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့်(ဇီဝမြေသြဇာ) ပင်လယ်ရေမှော်
- ပင်လယ်ရေမှော်သည် ၂၁ ရာစုတွင် အသုံးများသော သက်ရှိဇီ၀နှိုးဆော် ဘိုင်အိုစတီမြူးလန့် ဖြစ်သည်၊
- ပင်လယ်ရေမှော် ဇီဝမြေသြဇာသည် ပင်လယ်ရေမှော်မှစစ်ထုတ်ယူသော အော်ဂဲနစ် မြေသြဇာဖြစ်သည်၊
ပင်လယ်ရေမှော်သုံးခြင်း၏ အကျိုးကျေးဇူး
- အထွက်ကောင်းသည်၊ ပရိုတင်း% တိုးသည်။
ပင်လယ်ရေမှော်နှင့် အေအမ်အက်ဖ် ပူးတွဲသုံးခြင်း၏ ဖြည့်စွက်အကျိုးပြုမှု
- ပရိုတင်းနှင့် ကာဘိုဟိုက်ဒြိတ် စုယူမှု တိုးသည်။
ပင်လယ်ရေမှော်နှင့် အေအမ်အက်ဖ်ပူးတွဲသုံးခြင်း၏ သဟဇီဝနအပြန်အလှန်အကျိုးပြုမှု
- ပင်လယ်ရေမှော်သည် အပင်တွင် အေအမ်အက်ဖ်စွဲကပ်မှုကို တိုးစေသည်။
နံနံပင်တွင်အေအမ်အက်ဖ်မှို ထိုးသွင်းခြင်းဖြင့် အန်တီအောက်ဆီးဒန့် တိုးခြင်း
- ပလတ်စတစ်အိုး ၂၅ x ၂ဝ စင်တီမီတာတွင် ပိုးသန့်ပြီးမြေ ၅၀၀၀ ဂရမ် ဖြည့်သည်၊
- အပင်မစိုက်မီ စပိုး ၁၈၀-၂၃၀ နှင့် မှိုမျှင်များပါသော အေအမ်အက်ဖ်မျိုးစ ၂၅၀ ဂရမ် (၅% (w/w) ထည့်သည်။
- မြေအနည်းငယ်ထည့်သည်။ မျိုးစေ့စိုက်သည်။ မြေဖုံးသည်။
- ၄၅ ရက်သားမှစ၍ ၃ လသားတွင် အပင်များကို စိစစ်သည် (Hamideh et al 2020)
နံနံ Coriander (Coriandrum sativum L.) တွင် သဘာဝ ဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့် အေအမ်အက်ဖ် မှိုထိုးသွင်းခြင်း အကျိုးပြုမှု

ဇယား ၂ အကျိုးပြုမှု

နံနံပင်စားသုံးခြင်း၏ကျန်းမာရေးအကျိုးပြုမှု
- ၁။ သွေးတွင်းအဆီကျစေသည်။
- ၂။ အိပ်ပျော်စေသည်
- ၃။ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေသည်။
- ၄။ ခန္ဓာကိုယ်ထဲမှ အဆိပ်ထုတ်ပေးသည်။
- ၅။ သွားနာသက်သာစေသည်။
ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ဒြပ်ခြောက်အလေးချိန်တိုးစေခြင်း

ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ကယ်ရိုတီနွိုက် (မီလီဂရမ်)ပါဝင်မှု တိုးစေခြင်း

ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ဖလေဗိုနွိုက်၊အန်တီအောက်ဇီဒန့် ပါဝင်မှု ရာနှုန်းတိုးစေခြင်း

နံနံပင် သဘာဝဇီဝနိုးဆော်ဘိုင်အိုစတီမြူးလန့်များဖြစ်သော အေအမ်မှိုနှင့် စစ်ထုတ်ပင်လယ်ရေမှော် မြေသြဇာများ၏ ဂေဟစနစ်အတွက် အကျိုးပြုဆက်နွှယ်မှု လုပ်ငန်းများ

ကိုးကား
Hamideh F. et al., How mycorrhiza symbiosis help coriander (Coriandrum
sativum L.) plants grow better under contaminated soil?, Journal of Plant Nutrition, (2020). DOI:10.1080/01904167.2020.1766069
Tursun AO Effect of foliar application of seaweed (organic fertilizer) on yield, essential oil and chemical composition of coriander. PLoS ONE 17(6) (2022): e0269067. https://doi.org/10.1371/journal.pone.0269067
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....