အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၃)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၃)

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို၏ ဂေဟစနစ်ဆိုင်ရာ အခန်းကဏ္ဍများ  (အပိုင်း ၃)

အပေါ်မြေလွှာတွင် အေအမ်မှိုမျိုးကွဲများစွာ ပွားများသည်သာမက မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကိုပါ မှီခိုအကျိုးပြုသည့် အောက်မြေလွှာအေအမ်မှိုမျိုးများကိုလည်း ၂၁ ရာစုတွင် လေ့လာနေကြပြီ ဖြစ်သည် ။ 

လေ့လာမှုများအရ ‌အေအမ်မှိုများသည် မြေစိုင်ခဲဖွဲ့စည်းမှု၊ တည်မြဲမှု၊ ရေရှည်တည်တံ့သောကာကွယ်မှုကို ဖြစ်စေကြောင်း ဆက်လက်တွေ့ရှိနေကြပြီ ဖြစ်သည်၊ 

မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျနှင့် သီးညှပ်စိုက်ပျိုးရေးတွင် ထည့်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာ မှိုမျိုးကွဲများ တိုးလာပါမည်။ ထပ်ဆင့်အကျိုးအဖြစ် မြေစိုင်ခဲဖွဲ့စည်းမှု ကောင်းလာစေသည်။

ဒါကလည်း အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို၏ သဟဇီဝန ပြောင်းလဲမှုဖြစ်စဉ်ထဲက တခုဖြစ်သည်။ ဆက်လက်၍ အေအမ်မှိုမျိုးကွဲများ၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။

ဤပြောင်းလဲမှုများသည် အေအမ်အက်ဖ်မှို ပညာပေးလုပ်ငန်းတွင် အသုံးဝင်သလို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများလည်း ကိုယ်တိုင်နားလည်စေရန် ဖော်ပြလိုက်ပါသည်။

၃ - အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာ မှိုကွန်မြူနတီ၏ ဆောင်ရွက်ချက်များ

 

(က) အောက်မြေလွှာတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုများ၏ မှိုမျှင်များကြောင့် မြေစိုင်ခဲဖွဲ့စည်းမှု တည်မြဲမှုက မြေထဲရှိ အော်ဂဲနစ်များကို အကာအကွယ် ဖြစ်စေခြင်း

  • အပေါ်မြေလွှာနှင့်နှိုင်းယှဉ်ပါကမူ အောက်မြေလွှာသည် မှိုမျှင်ကွန်ရက်ကိုဟန့်တားပြီး အော်ဂဲနစ်မက်တာ အစိုင်အခဲစုစည်းမှုဖြစ်ချိန် ရှည်လျားပါသည်။ 
  • အောက်မြေလွှာတွင် အေအမ်အက်ဖ်မှိုများ၏မှိုမျှင်များကြောင့် မြေစိုင်ခဲဖွဲ့စည်းမှု တည်မြဲမှုသည် မြေကြီးအော်ဂဲနစ်ပစ္စည်းများ၏ တသီးတခြားဖြစ်မှုနှင့် ရေရှည်တည်တံ့သော ကာကွယ်မှုကို ဖြစ်စေသည်။

(ခ)အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုများသည် သက်မဲ့စားဘက်တီးရီးယားများနှင့်မှိုများနှင့်ယှဉ်ပြိုင်ပြီး ဒီကွန်ပိုစေးရှင်း ဖြစ်စဉ်ကို လျော့နည်းစေသည့် ဆောင်ရွက်မှု 

  • အောက်မြေလွှာကာဖွန်ဖမ်းယူရေးလုပ်ငန်းတွင် အေအမ်အက်ဖ်မှိုများသည် မိမိတို့အတွက် ရေနှင့်အာဟာရဓာတ်ဖြည့်ဆည်းမှုရရန် အခြားသက်ရှိတို့အတွက် ရေနှင့်အာဟာရဓာတ်ဖြည့်ဆည်းမှုကို လျော့နည်းစေသည်။ အေအမ်အက်ဖ်မှိုများအတွက် နေရာယှဉ်ပြိုင်မှု အားကောင်းလာသည်။

(ဂ)အောက်မြေလွှာတွင် အေအမ်အက်ဖ် မှိုမျှင်များက ချွဲရေများထုတ်၍ ကာဖွန်တိုးလာသည့် အကျိုးပြုမှု 

  • အောက်မြေလွှာ ကာဖွန်ဖမ်းယူရေးလုပ်ငန်းတွင်အာဟာရဓာတ် ဖြည့်ဆည်းမှုအတွက် အေအမ်အက်ဖ်မှိုများသည် အမြစ်အဖွဲ့အစည်းမှ ကွာဝေးသောမြေထိ မှိုမျှင်မှ မြေအော်ဂဲနစ်ကွန်ပေါင်းများကို ထုတ်ပေးသည်။ 
  • သို့ဖြစ်၍ အေအမ်အက်ဖ်မှိုများ၏ ပြင်ပမှိုမျှင်များသည် ပူးတွဲမြေအော်ဂဲနစ်ပစ္စည်းရှိ ကာဖွန်လမ်းကြောင်းအတွက် အရေးကြီးသော လမ်းကြောင်းပတ်ဝေး (pathway) ဖြစ်သည်။

(ဃ) အောက်မြေလွှာကာဖွန်မွေးမြူရေးလုပ်ငန်းတွင် မြေသားဖွဲ့စည်းမှုအတွက် အေအမ်အက်ဖ် မှိုများသည် တည်ငြိမ်မှုမြင့်မားသော မင်နရယ်များဖြင့် စုစည်းထားသော အော်ဂဲနစ်မက်တာ အစိတ်အပိုင်းများကို ဖွဲ့စည်းမှု

  • အောက်မြေလွှာတွင်အမြစ်ထုသည် မြေနက်အထိ ထိုးဖောက်နေပါလျှင် ၇၀% သော ကာဖွန်ကို အမြစ်များမှ ထုတ်သည်။ အပင်၏ ကွဲပြားသော အမြစ်အဖွဲ့အစည်းနှင့် မိုက်ကိုရိုက်ဇာမျိုးကွဲများသည် အောက်မြေလွှာအော်ဂဲနစ်ပစ္စည်း၏ အဓိကအရင်းအမြစ်ဖြစ်သည်။ 

အောက်မြေလွှာရှိ အေအမ်အက်ဖ်မှိုများနှင့် ပြောင်းမြစ်များ၏ သဟဇီဝနဖြစ်စဉ် လေ့လာစမ်းသပ်တွေ့ရှိချက်များ

၁။ ဖြည်းဖြည်းပျော်လွယ်သောကျောက်မှုန့်ဖော့စဖိတ်မြေသြဇာနှင့် နွားချေးဆွေးကို သဘာဝမြေတွင်စိုက်ပျိုးထားသော ပြောင်းပင်များတွင် ထည့်ခြင်းဖြင့် သဘာဝအောက်မြေလွှာရှိ အေအမ်အက်ဖ်မှိုများ၏ ဖော့စပရပ်စုပ်ယူဖလှယ်မှု အားကောင်းစေသော အကျိုးပြုမှု

  • ဖြည်းဖြည်းပျော်လွယ်သော ကျောက်မှုန့်ဖော့စဖိတ်မြေသြဇာနှင့် နွားချေးဆွေးကို ရောသုံးသော ပြောင်းပင်များ၏ ဖော့စပရပ်ရရှိမှုနှင့်  ဒြပ်ခြောက်အလေးချိန်သည် စူပါဖော့စဖိတ်မြေသြဇာသာ ထည့်သော ပြောင်းပင်များထက် ပိုမိုခိုင်မာစွာ မြင့်မားသလို အောက်မြေလွှာရှိ အေအမ်အက်ဖ်မှို များနှင့် ပြောင်းမြစ်များ၏ သဟဇီဝနဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါသည်။ 

၂။  မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျနှင့် သီးညှပ်စိုက်ပျိုးရေးတွင် ထည့်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာမှိုမျိုးကွဲများ တိုးလာပြီး ထပ်ဆင့်အကျိုးအဖြစ် မြေစိုင်ခဲဖွဲ့စည်းမှု ကောင်းလာသည့် အကျိုးပြုမှု   

ပြောင်းနှင့် ပဲပုတ်သီးညှပ်စနစ်တွင် ပြောင်းပင်၌ အမျိုးမျိုးကွဲပြားသော အေအမ်အက်ဖ်မှို မှိုမျိုးကွဲ ကျဆင်းသော်လည်း ၎င်းမျိုးကွဲများ၏ စုဖွဲ့အကျိုးပြုမှုများလာသည်။ ပဲပုတ်တွင်မူ အမျိုးမျိုးကွဲပြားသော အေအမ်အက်ဖ်မှို မှိုမျိုးကွဲ များလာသလို စုဖွဲ့မှုလည်း ပိုမြင့်လာသည်။ 

ကိုးကား

Alsunuse B T.B et al. Effects of arbuscular mycorrhizal fungi on growth and phosphorus uptake of maize (Zea mays L.) at different levels of soil phosphorus and soil moisture Vol. 7(3), pp. 22-33, May 2021 DOI: 10.5897/JODA2020.0063

Sosa-Hernández MA, Leifheit EF, Ingraffia R and Rillig MC Subsoil Arbuscular Mycorrhizal Fungi for Sustainability and Climate-Smart Agriculture: A Solution Right Under Our Feet? Front. Microbiol. 10:744 (2019). doi: 10.3389/fmicb.2019.00744

Zhang R et al. Response of the arbuscular mycorrhizal fungi diversity and community in maize and soybean rhizosphere soil and roots to intercropping systems with different nitrogen application rates. Science of The Total Environment.Volume 740, 20 October 2020, 139810.

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

Arbuscular Mycorrhizal Fungi

Arbuscular Mycorrhizal Fungi

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။