အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၃)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၃)

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေး ကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် - အပိုင်း (၂)

ပုံ ၂.၁ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အမြစ်တွင် စွဲကပ်မှု (မြ ၂၀၁၆)

 

၂ .၁ အမြစ်နှင့်အမြစ်ဇုန်တွင် မှိုမျှင်များဖြစ်ပွားခြင်း (Sieverding ၁၉၉၀)

အမြစ်ထဲတွင် မှိုများထိုးဖောက်ဝင်ရောက်ပွားများခြင်းကို (၃) ပိုင်း ခွဲထားသည်။ 

(က) အစကနဦးအဆင့် ( initial phase ) တွင် မှိုသည်အမြစ်ထဲတွင် စတင်ထိုးဖောက်ဝင်ရောက်စွဲကပ်မှု အဆင့်ဖြစ်သည်။ 

(ခ) အရှိန်အဟုန်ဖြင့်ပွားများသောအဆင့် ( exponential phase ) တွင် မှိုမျှင်များသည် အမြစ်၏  ကော့တက်ချ်ဆဲလ်တွင်း ဆဲလ်ကြားတွင် လျင်မြန်စွာ ပျံ့နှံ့ပြီး အမြစ်နုများကို ထိုးဖောက်ဝင်ရောက်သည်။ ၄င်းအပြင် အမြစ်မျက်နှာပြင်တလျှောက်နှင့် အမြစ်များ ကြီးထွားမှုနောက်လိုက်၍ ဆက်လက်ပျံ့နှံ့ပြီး  ပြန်လည်ထိုးဖောက်ဝင်ရောက်သည်။

(ဂ)   အမြင့်ဆုံးအဆင့် ( plateau phase )တွင် မှိုမျှင်များ ပျံ့နှံ့မှု အမြင့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းအဆင့်သည် မှိုမျိုးထိုးသွင်းပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း တွေ့ရတတ်သည်။ အပင်အတွက် အကျိုးပြုမှိုမျှင်များ စတင်ထွက်ရှိပြီး အပင်အတွက် အကျိုးပြုကာလကို သိရှိ နိုင်သည် (ပုံ၂.၂ )။

၂.၂ ပြောင်း ( Sorghum bicola ) ပင်အမြစ်ထဲတွင်  အာဘာစကူလာမိုက်ကိုရိုက်ဇာ စွဲကပ်ကြီးထွားပုံအဆင့်ဆင့်

ပုံ ၂.၂ အာဘာစကူလာ မိုက်ကိုရိုက်ဇာ စွဲကပ်ကြီးထွားပုံအဆင့်ဆင့်  ( Siverding ၁၉၉၀)

 

၂.၃ အမြစ်ဇုန်မှတဆင့် မြေကြီးထဲသို့ မှိုပျံ့နှံ့ခြင်း

ပုံ ၂.၃ (က)ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၃၀ ရက်တွင် ပြင်ပနေ မှိုမျှင်များအဖြစ် ထိုးဖေါက်ပြီး အမြစ်ဇုန်ပေါ်တွင် ဝင်ရောက်နေရာယူ ဆက်သွယ်နေပုံ ( x ၄၀ဝ)

ပုံ ၂.၃ (ခ) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၄၅-၆၀ ရက်တွင် ပြင်ပနေ မှိုမျှင်များအဖြစ် ပြောင်းမြစ်ကို ထိုးဖောက်ထွက်လာပုံနှင့် နားနေစပိုးများဖြစ်ပေါ်နေပုံ ( x ၄၀ဝ )

      အမြစ်တွင်းနေ မှိုမျှင်များသည် မှိုထိုးသွင်းပြီး ၄၅-၆၀ ရက်တွင် အမြစ်ပတ်ဝန်းကျင်မှတဆင့် မြေကြီးထဲသို့ ပျံ့နှံ့သည်။ ၄င်း မှိုမျှင်များသည် ပြင်ပနေမှိုမျှင်များဖြစ်ပြီး မြေဖျော်ရည်ထဲမှ အာဟာရဓာတ်များကို စုပ်ယူရန်နှင့် အမြစ်သို့ အာဟာရဓာတ်များ အာဘာစကူးမျှင်များဖြတ်ပြီး ပို့ဆောင်ရန်အတွက် အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သည် (Siverding ၁၉၉၀)။ အေအမ်အက်ဖ် မှိုစီမံခန့်ခွဲရေးတွင်လည်း အရေးကြီးသော အဆင့်ဖြစ်သည်။ 

စိုက်ပျိုးရေး လုပ်ငန်းခွင်တွင်အသုံးချရေး ( Application ) နှင့် အကျိုးရှိစွာ အသုံးချနည်းများအတွက်အရေးကြီးသော မှိုစပိုးများအကြောင်းနှင့် သီးနှံပင်စိုက်မြေတွင် အေအမ်အက်ဖ်မှို လက်တွေ့ ထိုးသွင်းနည်းများကို ဆက်လက်ဆွေးနွေးပါမည်။

ကိုးကား

၁။  မြမြ (ဒေါ်) အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

၂။ Sieverding, E. Vesicular-arbuscular mycorrhiza management in tropical agrosystems. Technical cooperation, Federal republic of germany, Eschborn, pp. 23-36 (1990):

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

Arbuscular Mycorrhizal Fungi

Arbuscular Mycorrhizal Fungi

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။