မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၅)
- ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ..
- မြန်မာနိုင်ငံမှာ ဘယ်လိုအေအမ်အက်ဖ်မျိုးတွေက လက်တွေ့ထိုးသွင်းပြီး အသုံးချနိုင်လဲ..
- ဘယ်လိုအေအမ်အက်ဖ်မျိုးတွေကို ဘယ်လောနှုန်းနဲ့ ကွင်းထဲမှာအသုံးချနိုင်သလဲ..
ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် ဂေဟစနစ်လုပ်ငန်းများနှင့်အကျိုးပြုသော ဆက်နွှယ်မှု ကောင်းသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် အပိုင်း (၄)
ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ
အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို မှိုမှီခိုမှုကောင်းသော ကော်ဖီပျိုးပင်များနှင့် ပဲပင်များ (မြ /၂၀၁၆) တွင် ထိုးသွင်းအသုံးပြုပါက အကျိုးပြုမှုကောင်းကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများကိုယ်တိုင် နားလည်စေရန် ဖေါ်ပြလိုပါသည်။
မြန်မာနိုင်ငံတွင် ဘယ်လိုအေအမ်အက်ဖ်မျိုးတွေက လက်တွေ့ ထိုးသွင်းပြီး အသုံးချနိုင်လဲ
ဇယား ၄.၁ (က) ကွင်းစိုက်သီးနှံများ၏ အေအမ်အက်ဖ်အပေါ် တုံ့ပြန်မှု
OBL = Obligate ထာဝရလက်ခံပင်၊ FAC= Falcaltative ရံဖန်ရံခါ လက်ခံပင်
* မြေအခြေခံမှိုမျိုးစ - စပိုးများ၊ မှိုစွဲအမြစ်နှင့်မှိုမျှင်များပါဝင်သောမြေ
* ကိုးကားစာရင်း - မြမြ ဒေါ် (၂၀၁၆) (မြင့် နှင့်အဖွဲ့ ၂၀ဝ၁၊ ဝင်းနှင့်မြ ၂၀ဝ၃၊ ၂၀ဝ၉)
ဘယ်လိုအေအမ်အက်ဖ်မျိုးတွေကို ဘယ်လောက်နှုန်းနဲ့ ကွင်းထဲမှာအသုံးချနိုင်သလဲ
ဇယား ၄.၁(ခ) *စပိုးများ၊ မှိုစွဲအမြစ်နှင့်မှိုမျှင်များပါဝင်သောမြေကို ကွင်းမြေနှင့်ရောပြီး စိုက်ကွင်းထဲထည့်သွင်းခြင်း

၄.၂ ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ
၄.၂.၁။ လက်ရှိနည်းပညာ ဖွံ့ဖြိုးမှုအခြေအနေအရ မိုက်ကိုရိုက်ဇာမှို ထိုးသွင်းအသုံးပြုခြင်းကို ပျိုးထောင် ပြောင်းရွှေ့ပင်များ၊ သဘာဝမိုက်ကိုရိုက်ဇာမှိုများ လျော့နည်းသော အခြေအနေရှိသည့်နေရာများနှင့် သွင်းအားစု တည့်သွင်းမှု လျှော့ချထားသော သဘာဝမြေများတွင် အသုံးပြုပါက အကျိုးပြုမှုပိုထိရောက်သည်။
၄.၂.၂။ အေအမ်အက်ဖ်မှိုကို သက်တမ်းတိုအပင်များ၊ ပြောင်းရွှေ့စိုက်ပျိုးခင်းများတွင် အသုံးပြုလျှင် အကျိုးပြုမှု ပိုထိရောက်သည်။
၄.၃။ အသုံးပြုနိုင်သော မှိုမျိုးစေ့များ၏ အရည်အသွေးကောင်းများ
၄.၃.၁။ သဘာဝအလျောက်ရှိသည့် အချို့သော မိုက်ကိုရိုက်ဇာမှို မျိုးကွဲ ( native indigenous AMF ) များ သည် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးများဖြစ်ကြသဖြင့် ထိရောက်စွာ အသုံးပြုနိုင်သည်။ Native indigenous AMF မျိုးကွဲများသည် ဂေဟစနစ်လုပ်ငန်းများနှင့်လည်း အကျိုးပြုသော ဆက်နွှယ်မှု (AM fungal biodiversity–ecosystem function relationships) ရှိသည် (Powell and Rillig 2018)။
၄.၃.၂။ အေအမ်အက်ဖ်မှိုကို သက်တမ်းရှည်အပင်များတွင် ထိုးသွင်းအသုံးပြုလိုပါက မှီခိုအားကောင်းသော အပင်များတွင် အကျိုးရှိသောအေအမ်အက်ဖ်မှိုကို ကြိုတင်ထိုးသွင်းလျှင် အကျိုးပြုမှု ပိုထိရောက်သည်။
၄.၃.၃။ စိုက်ပျိုးရေးတွင် မိုက်ကိုရိုက်ဇာမှိုကို ထိရောက်ကျယ်ပြန့်စွာအသုံးပြုမှုသည် သီးနှံပင်ကြီးထွားမှုကို အားပေးပြီး သဘာဝမြေတွင်းရှိ မိုက်ကိုရိုက်ဇာမှိုကွဲများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းသော ဈေးကွက်ဝင် အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှိုမျိုးကွဲများ ထွက်ပေါ် လာရေး၊ မှိုမျိုးကွဲများ၏ ဂေဟစနစ်လုပ်ငန်းများနှင့်လည်းအကျိုးပြုသော ဆက်နွှယ်မှု ရှိခြင်းသည် အဓိကဖြစ်သည်။
နောက်ထပ်အပိုင်းများတွင် မှီခိုအားကောင်းသော အပင်များ၊ အကျိုးရှိသော အေအမ်အက်ဖ်မှိုများအကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
2/ Neera G. and Chandel S. Arbuscular mycorrhizal networks: process and functions. A review Agron. Sustain. Dev. 30 (2010) 581–599. DOI: 10.1051/agro/2009054
3/ Powell J R. and Rillig MC. Biodiversity of arbuscular mycorrhizal fungi and ecosystem function. New Phytologist TrustNew Phytologist(2018)220 (4):1059–1075. https://doi.org/10.1111/nph.15119
4/Verbruggen EM, van der Heijden GA, Rillig MC and Kiers E T Mycorrhizal fungal establishment in agricultural soils: factors determining inoculation success: New Phytologist (2012). doi: 10.1111/j.1469-8137.2012.04348.x
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
Arbuscular Mycorrhizal Fungi
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....