အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးပင်တွင်ကယ်လ်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

စပါးပင်တွင်ကယ်လ်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

Green Way
Green Way • 26/07/2024

Ca ဓာတ်ချို့တဲ့လျှင် အမြစ်၏လုပ်ငန်းစဥ်များကို ထိခိုက်စေသဖြင့် အပင်ကို သံဓာတ်အဆိပ်သင့်မှု ဖြစ်ပေါ်စေသည်။ လယ်စပါးတွင် ဖြစ်ပွားမှုအလွန်နည်းပါးသည်။ တောင်ယာစပါးတွင် အဖြစ်များသည်။ Ca ချို့တဲ့မှုဖြစ်နိုင်သော အကြောင်းရင်းများမှာ-

  • မြေဆီလွှာတွင်းစုပ်ယူနိုင်သော Ca ဓာတ်အလွန်နည်းခြင်း ( သဲဆန်သောမြေ၊ အက်စစ်ပေါက်သောမြေ၊ အလွန်ပျက်စီးနေသာ မြေဆီလွှာများ)
  • ရေသွင်းစပါးကို နှစ်ရှည် ဆက်တိုက်စိုက်ပျိုးခြင်း
  • N (သို့) K မြေသြဇာ အလွန်အကျွံသုံးခြင်း
  • မြေငံများတွင် P မြေသြဇာ အလွန်အကျွံကျွေးခြင်းကြောင့် Ca Phosphate ဖြစ်ကာ အပင်မှ Ca ကို မစုပ်ယူနိုင်ခြင်း
  • Ca ချို့တဲ့မှုသည် အလွန်ပြင်းထန်မှသာ လက္ခဏာများကို မြင်တွေ့ရလေ့ရှိသည်။

လက္ခဏာ

ချို့တဲ့မှု မဆိုးရွားလျှင် စပါးပင်သည် ခပ်ပါးပါးဖြစ်နေသည်။ ဆိုးရွားလာပါက အပေါ်အရွက်များ ဖြူလိပ်ပြီး တွန့်လိမ်ကွေးနေသည်။ အရွက်ဟောင်းများ၏ရွက်လယ်ကြောတလျှောက်တွင် ရောင်မညီကွက်များဖြစ်လာပြီးနောက် တဖြေးဖြေးအရွက်များ အညိုရောင်ပြောင်းကာသေဆုံးသည်။ ကယ်လ်ဆီယမ်လိုအပ်မှုများလာပါက အပင်အရပ်ပုကာ အပင်ကြီးထွားမှု ရပ်တန့်ပြီး သေဆုံးသည်။ 

ပြုပြင်ရန် နည်းလမ်းများ

မြေဆီလွှာ အတွင်းမှ ကယ်လ်ဆီယမ် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် သစ်ပင်အမှိုက်သရိုက် မြေဆွေးများနှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ခြင်း ၊ မီးရှို့ ထဲ့သွင်းခြင်းပြုလုပ်ပါ။

ရရှိနိုင်ပါက Single Superphosphate (13−20% Ca) (သို့)  triple superphosphate (9−14% Ca) ကိုထည့်သွင်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ကယ်လ်ဆီယမ်ဓာတ်

ကယ်လ်ဆီယမ်ဓာတ်

2
သူရသန်းရွေ

သူရသန်းရွေ

လွန်ခဲ့သော ၂ နှစ် က

မျိုးခင်းရေမြုပ်ပြီးနုတ်လိုက်ရင်မတ်မနေပဲဂုတ်ကျိုးကျနေပါတယ်အမျိုးတို့ရေဆေးသုံးလို့ရရင်ကူညီကြပါအုံး

win ko thu

win ko thu

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။