အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျပန်အီးအမ်အစစ် (Kyusei EM )နှင့် လက်ဖြစ်အီးအမ်ဘာတွေကွာသလဲ..

ဂျပန်အီးအမ်အစစ် (Kyusei EM )နှင့် လက်ဖြစ်အီးအမ်ဘာတွေကွာသလဲ..

Green Way
Green Way • 06/04/2023

အီးအမ်နဲ့ပတ်သက်လို့ သိသင့်တာလေးတွေ နည်းနည်းပြောချင်ပါတယ်။

အီးအမ်ကို တောင်သူများ သိနေကြပြီဆိုပေမဲ့ အများစုက အရပ်လက်ဖြစ်အီးအမ်နည်းပညာကိုသာ သိနေကြတာများပါတယ်။

Kyusei EM ဆိုတာ အဆင့်မြင့်သိပ္ပံပညာတစ်ခုဖြစ်တဲ့ mixture technology ကို အခြေခံပြီး sterilization လုပ်ထားတဲ့ ဓာတ်ခွဲခန်းမှာအစပျိုးလုပ်ယူထားတာပါ။ လေဟာနယ်မှာ လုပ်နေတဲ့ လက်ဖြစ်အီးအမ်တွေနဲ့ နည်းပညာအဆင့်အတန်း နိုင်းယှဉ်လို့မရအောင်ကွာသလို အာနိသင်လည်း အဆပေါင်းများစွာ ကွာပါတယ်။

ဂျပန်အီးအမ်ဟာ လက်မှတ်ရကျွမ်းကျင် အလုပ်သမားများကို ခေါင်းဆောင်အဆင့်ဆင့်ဖြင့် စနစ် တကျ ဖွဲ့စည်းထားသော အင်အားကြီးသော အလုပ်သမားတပ်ဖွဲ့ကြီးကဲ့သို့ဖြစ်ပြီး လက်ဖြစ်အီးအမ်ကတော့ ဒေသတွင်းရှိ အလုပ်မရှိသော အလုပ်လိုချင်သော အလုပ်သမားများကို စုစည်းထားတဲ့ သေးငယ်သော အလုပ်သမား အစုအဝေးတစ်ခုနှင့် တူပါတယ်။

ဒါကြောင့် အာနိသင်ချင်း အဆမတန်ကွာခြားပါတယ်။ သူတို့လည်း အလုပ်လိုချင်သူများ ဖြစ်လို့ အနည်းအကျဉ်း အလုပ်လုပ်နိုင်ပေမဲ့ လက်မှတ်ရဂုဏ်သရေရှိ အလုပ်သမားများ မဟုတ်လို့ အလုပ်ရှင်ကို ပြန်လည်ရန်ပြုနိုင်သော အခွင့်အလမ်းများလည်းရှိပါတယ်။ ထို့ကဲ့သို့ပင် လက်ဖြစ်အီးအမ်များဟာ အနည်းအကျဉ်း အလုပ်ဖြစ်ပေမဲ့း ပြုလုပ်ရာမှာ သန့်ရှင်းမှု စနစ်ကျမှု အားနည်းလျှင်နည်းသလို သီးနှံပင်ကို ပြန်လည်ရန်ပြုမဲ့ရောဂါပိုးများ ပါဝင်လာပြီး ပွားများဒုက္ခပေးနိုင်ပါတယ်။

ကျွန်တော်ရေးတဲ့ အီးအမ်စာအုပ်ထဲက အီးအမ်သီအိုရီတွေ အယူအဆတွေက EMRO (EM Research Organization) ကထုတ်တဲ့ Kyusei EM နဲ့ပဲ ဆိုင်ပါတယ်။ တချို့က ပုံတူကူးချပြီး ဘာတွေပါမှန်းပင်မသိရသောလက်ဖြစ်အီးအမ်တွေနဲ့ ဒီသီအိုရီတွေကို ရောရေးနေကြပါတယ်။ မဖြစ်သင့်ပါဟု ပြောလိုပါတယ်။ တကယ်တော့ EM ဟာ Kyusei ရဲ့ trade mark ပါ။ တခြားသူတွေ ဒီနာမည်ကို trade mark အနေဖြင့် သုံးမရပါ။

လက်ဖြစ်အီးအမ်လုပ်နည်းများကို ကျွန်တော်တို့ကိုယ်တိုင်လည်း တောင်သူများကို သင်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ Kyusei EM နဲ့ မတူကြောင်းတော့ သင်ပေးရပါတယ်။ ကျွန်တော်တို့ကတော့ အဲဒါတွေကို အီးအမ်လို့ မခေါ်ပါဘူး။ IM (Indigenous Microorganism )လို့ပဲ ခေါ်ပါတယ်။ ယခင်က Kyusei EM ဝယ်ရခက်ခဲလို့ ဝယ်မရသော အစွန်းအဖျားဒေသများအတွက် သင်ပေးခြင်းဖြစ်ပါတယ်။ ယခုအခါ စက်ရုံထုတ် အီးအမ်အစစ်ကို တင်သွင်းရောင်းချနေသူ အများအပြားရှိနေပြီဖြစ်ပါတယ်။

ဂျပန်အီးအမ်အစစ်တွင် လေမဲ့စနစ်ဖြင့်သာ မွေးမြူ၍ရတဲ့ pure anerobic Photosynthetic Bacteria များပါဝင်ပြီး ၎င်းတို့ဟာ ပျားဘုရင်မကဲ့သို့ အီးအမ် အဏုဇီဝအားလုံးကို ထိန်းချုပ်အလုပ်လုပ်ပေးပါတယ်။ ၎င်းတို့မပါလျှင် အီးအမ်အဏုဇီဝများ ကောင်းစွာအလုပ်မလုပ်နိုင်ပါ။ လေဟာပြင်ထဲတွင် အထိန်းအချုပ်မဲ့ လုပ်ရသော လက်ဖြစ်အီးအမ်အများစုမှာတော့ Photosynthetic Bacteria မပါ ပါ။ ပါလျှင်လည်း Facultative anaerobic (ရံဖန်ရံခါ လေမဲ့) အဆင့်လောက်သာ ပါမှာဖြစ်ပါတယ်။

တကယ်တော့ ဂျပန်အီးအမ်အစစ်ဟာ အဆင့်ဆင့် အဆများစွာပွားနိုင်သောကြောင့် လက်ဖြစ်အီးအမ် ထက်ပင် ဈေးသက်သာပါတယ်။ လက်ဖြစ်အီးအမ်များကတော့ ထိုသို့ မပွားနိုင်ပါ။ ပွားလျှင်လည်း ရေထဲမှ အခြားအဏုဇီဝများကိုယှဉ်ပြိုင်မပွားနိုင်သောကြောင့် မလိုအပ်သော အခြားအဏုဇီဝများ ပါလာတဲ့ အာနိသင်အလွန်နည်းသော မသန့်ရှင်းသောအီးအမ်သာရမှာဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူအနေဖြင့် မြန်မာပြည်တွင် လုပ်နေသော လက်ဖြစ်အီးအမ်များအစား စက်ရုံထုတ် ဂျပန်အီးအမ် အစစ်ကိုသာ ဝယ်ယူသုံးစွဲသင့်တယ်လို့ အကြံပြုလိုပါတယ်။

ကျွန်တော့အနေဖြင့် Kyusei EM (ဂျပန်အီးအမ်အစစ်) အကြောင်း အတော်များများပြောဖူးပါတယ်။ ကျွန်တော်ရေးသားပြောဆိုနေသော အီးအမ်နှင့် ပတ်သက်သော အကြောင်းအရာများဟာ မြန်မာပြည် အနေအထား၊ မြန်မာတောင်သူများအတွက် အသင့်တော်ဆုံးပုံစံများကိုသာ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ထိုအကြောင်းအရာများဟာလည်း ဂျပန်များ မြန်မာပြည်လာရောက်စဉ်က ကျွန်တော့ကို သင်ကြားပေးခဲ့သော အချက်အလက်များ အတိအကျပင်ဖြစ်ပါတယ်။ ကျွန်တော့သဘောနှင့် ပြုပြင်ထားခြင်းမရှိပါ။

အကယ်၍ မြန်မာလူမျိုးတစ်ယောက်ဟာ ဂျပန်ရောက်၍ဖြစ်စေ၊ ဂျပန်များပေးသောအီးအမ်သင်တန်းများကို နိုင်ငံခြားတွင် လေ့လာဆည်းပူးလျှင်ဖြစ်စေ ကျွန်တော့်ရဲ့ပြောဆိုဆွေးနွေးမှု နှင့် ကွာဟချက်အနည်းငယ်တွေ့ရပါမယ်။ ထိုသို့ဖြစ်ရခြင်းမှာ ဂျပန်များအနေဖြင့် မိမိတို့ရဲ့နည်းပညာဖြန့်ဝေမှု အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိသွားပြီဖြစ်လို့ Scientific approach မှ Market approach သို့ ပြောင်းလဲလုပ်ကိုင်လာတာကြောင့် နည်းစနစ်အချို့ကို ပြုပြင်ထားလို့ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်ရဲ့ပြောဆိုရေးသားမှုများဟာ မြန်မာနိုင်ငံနှင့် မြန်မာတောင်သူများအတွက် ပို၍ သင့်တော်ပါတယ်။ ငွေကြေးပြည့်စုံပြီး ကုန်ကျစရိတ်ကို ထည့်မတွက်သူများအနေဖြင့် ဂျပန်ပြည်မှနည်းလမ်းကိုမှ သုံးလိုလျှင်လည်း မိမိ ဆန္ဒအတိုင်းသာ ရွေးချယ်လုပ်ကိုင်နိုင်ပါတယ်။

(ဆရာကြီးဒေါက်တာမြင့်လွင်၏ခွင့်ပြုချက်အရ Facebook post ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

မူရင်းလင့်>>> https://www.facebook.com/myint.lwin.904/posts/pfbid0gWFKwqMcM7rhFSGFBECyJc4AB1Hm3xDSfZt3xeuCYmxbYFpPdzb999F8GJpGU8JPl

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

7
zaw

zaw

လွန်ခဲ့သော ၁ နှစ် က

ဘယ်က်ိုဆက်သွယ်ပြီးဝယ်ယူမှာယူလို့ရနိုင်ပါသလဲဆရာတို့

သက်မင်းကို

သက်မင်းကို

လွန်ခဲ့သော ၁ နှစ် က

ဂျပန်အီးအမ် ဘယ်လိုလုပ်ရပါသလဲ ဆရာတို့

Min Maung

Min Maung

လွန်ခဲ့သော ၂ နှစ် က

ဂျပန်EM1ကိုအစစ်အတုဘယ်လိုသိနိုင်မလဲ ဆရာအကြံရယူချင်ပါတယ် အစစ်တံဆိပ်တွေဘာနမ်မည်တွေနဲရှိပါသလဲ အလင်းပြပါ

jackson oo

jackson oo

လွန်ခဲ့သော ၃ နှစ် က

EM1 ဘယ်မှာ ဝယ်လို့ရနိူင်လဲ ဆက်သွယ်ရမည့် လိပ်စာ ဖုန်းနံပါရိှလျှင် သိချင်ပါတယ်ဗျ

aungmyo

aungmyo

လွန်ခဲ့သော ၃ နှစ် က

ဝယ်ချင်တယ် ဘယ်မှာဝယ်လို့ရလည်းဗျာ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။