ရွက်ချိုမှုန့်ပင်မှာ အချိုဓာတ်နဲ့ ကျန်းမာရေးအာဟာရဓာတ်တိုးစေတဲ့ အေအမ်အက်ဖ်
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၃)
စတီးဗီရားရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဆိုက်(စတီးဗီရောဂလိုက်ကိုဆိုဒ်)နှင့် အာဟာရဓာတ် ပါဝင်မှုတိုးစေသည့် ဇီဝနှိုးဆွအေအမ်အက်မှို
စတီးဗီးရားရွက်ချိုမှုန့် ဆေးဖက်ဝင်အပင်သည် နှစ်ရှည်ပင်ဖြစ်သည်။ နေကြာမျိုးရင်းတွင်ပါဝင်သည်။ ပါရာဂွေးနှင့် ဘရာဇီး ဒေသမျိုးဖြစ်သည်။ အရွက်များသည် စတီးဗီရောဂလိုက်ကိုဆိုဒ် ကြွယ်ဝသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ် ပါဝင်သဖြင့် စူးခရိုးစ် သကြားရည်ထက် အဆ ၃ဝဝ ပိုချိုသည်။
ရွက်ချိုမှုန့်ပင်၏ ဆေးဖက်ဝင်အရည်အသွေးများ
ရွက်ချိုမှုန့်ပင် Sweetleaf/ sugar leaf
Stevia rebaudiana
- ရွက်ချိုမှုန့်ပင်၏ ချိုသောအရသာတွင် စတီးဗီရော ဂလိုက်ကိုဆိုဒ်များပါဝင်သည်။
- သကြားထက် အဆ ၃ဝ မှ ၁၅ဝ အထိချိုသည်။
- ကယ်လိုရီ လုံးဝမပေးပါ။
- သကြားအစားထိုး အချိုပစ္စည်းအဖြစ် သုံးစွဲသော အိမ်သုံးပစ္စည်းဖြစ်သည်။
- အပူဒဏ်ခံနိုင်ခြင်း၊ ပီအိပ်ချ်အပြောင်းအလဲဒဏ်ခံနိုင်ခြင်းနှင့် ဓာတ်ပြောင်းလဲမှုမရှိခြင်းကြောင့် ကြာရှည်အထားခံသော ဓာတ်ပစ္စည်းဖြစ်သည်။
ကိုးကား ဒေါက်တာခင်မောင်လွင် FAME 6.12.2022
စတီးဗီရားရွက်ချိုမှုန့်ပင်တွင် သဘာဝဇီဝနှိုးဆွ သက်ရှိအေအမ်အက်ဖ်မှိုထိုးသွင်းခြင်း

အေအမ်အက်ဖ်မှိုထိုးသွင်းခြင်း အကျိုးပြုမှု

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ဖ်နှင့်အတူ ဖော့စဖောရပ် ဖြည့်စွက်ထည့်ပေးခြင်း

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ထိုးသွင်းခြင်းသည် ကျန်းမာရေးကောင်းစေသော ဘိုင်အိုအက်တစ်ကွန်ပေါင်းများတိုးလာခြင်း
အသုံးပြုသော အေအမ်အက်မှို Rhizophagus irregularis
တွေ့ရှိချက်
- အေအမ်အက် ထိုးသွင်းခြင်းသည် စတီးဗီရား ရွက်ချိုမှုန့်ပင်၏ ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးလာသည်။
- အေအမ်အက် သဟဇီဝနဖြစ်စဥ်သည် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဂလိုက်ကိုဆိုက်(SV glys)၊ ရီဘောင်ဒီရိုဆိုက်များပါဝင်မှုတိုးစေသည်။
- ဖော့စဖောရပ် ဖြည့်စွက်ခြင်းသည် အရွက်ကြီးထွားကာလတွင် အန်တီအောက်ဆီးဒန့် နှင့်အတူ ဖီနောနှင့် ဖလေဗိုနွိုက် စုစုပေါင်း အမြင့်ဆုံးဖြစ်လာသည်။
- ဖြည့်စွက်ဖော့စဖောရပ် နှုန်းအနိမ့် ၂ဝ-၂ဝဝ μM KH2PO4 တွင် အေအမ်အက် စွဲကပ်မှုကောင်းပြီး၊ သဟဇီဝန ဖြစ်စဥ်ကောင်းသည်။ အပင်ကြီးထွားမှု အားပေးသည်။ အရွက်အပြည့်အစုံထွက်ချိန်သည် ရိတ်သိမ်းချိန်ဖြစ်သည်။ မှန်ကန်သောရိတ်သိမ်းချိန်ဖြစ်ရန်လိုအပ်သည်။ အသင့်လျော်ဆုံးအချိန်တွင် ရိတ်သိမ်းပါက ဆေးဖက်ဆိုင်ရာ တန်ဖိုးများသော ကုန်ကြမ်းတိုးလာသည်။ တစ်ဆက်တည်း အစားအစာ၊ ဓာတ်စာနှင့် ကော်စမက်တစ်(အလှကုန်ပစ္စည်း)များအတွက်ဖြည့်စွက်ပစ္စည်းများ ရနိုင်မည်ဖြစ်သည်။ Tavarini S. et al.,2020?
ကိုးကား
Sarmiento-López LG et al. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different
phosphate concentrations. PeerJ 8: 2020 e10173 http://doi.org/10.7717/peerj.10173
Sarmiento-López L.,et al Arbuscular mycorrhizal symbiosis in Stevia rebaudiana increases trichome development, flavonoid and phenolic compound accumulation. Biocatalysis and Agricultural Biotechnology. Volume 31, January 2021, 101889
Tavarini S. et al., Health-Promoting Compounds in Stevia: The Effect of Mycorrhizal Symbiosis, Phosphorus Supply and Harvest Time. Molecules 2020, 25(22), 5399; https://doi.org/10.3390/molecules25225399
ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Kyi Myint
လွန်ခဲ့သော ၃ နှစ် ကမျိုးစေ့ဝယ်လို့ရပါသလားဘယ်မှာဝယ်ရမလဲ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024