အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရွက်ချိုပင်စိုက်ပျိုးထုတ်လုပ်ရာတွင် ခဲမြေအစားသုံးသင့်သည့် တီမြေဆွေး

ရွက်ချိုပင်စိုက်ပျိုးထုတ်လုပ်ရာတွင် ခဲမြေအစားသုံးသင့်သည့် တီမြေဆွေး

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၄)

ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရော ဂလိုက်ကိုဆိုဒ်နှင့်အာဟာရဓာတ်ပါဝင်မှုတိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုစာဟောင်း (SMS) နှင့် မြေဆွေးများ အသုံးပြုခြင်း (အပိုင်း၁)

စတီးဗီယား ရွက်ချိုမှုန့်ပင်ထုတ်ရန် ကြီးထွားမီဒီယာတွင် ရိုးရိုးမြေအစား ဇီဝနှိုးဆွတီမြေဆွေးကို အစားထိုးသုံးသင့်သည်။

ဘာကြောင့် သုံးသင့်သလဲ

ရွက်ချိုမှုန့်ပင်သည် ဆေးဖက်ဝင်အစွမ်းမြင့်သဖြင့် ဆေးဖက်ဆိုင်ရာစက်ရုံများတွင် လိုအပ်ချက်မြင့်မားလာသည်။

စတီးဗီယားပင် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးတွင် မလွှဲမရှောင်သာသော အဓိကမျက်နှာစာတစ်ခုကတော့ အသုံးပြုသည့် ကြီးထွားမီဒီယာနှင့် ဖြည့်တင်းသည့်အာဟာရများ ဖြစ်သည်။ ထို့ပြင် ကုန်ကျစရိတ်သက်သာရေးအချက်သည်လည်း အမြန်လိုအပ်လာပြီဖြစ်သည်။

တီမြေဆွေးသည် ကြီးထွားမီဒီယာအတွက် လိုအပ်သောအရည်အချင်းများရှိသည်။ တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်း၊ နွားချေး၊ အော်ဂဲနစ်မြေဆွေး၊ ကြံမြှုပ်ချေး၊ ပါလိုက် (leaf mold, press mud, peat moss) များကို ဖြည့်စွက်သုံးပါက ကြီးထွားမီဒီယာတွင် အာဟာရဓာတ်ပါဝင်မှုကို မြင့်စေမည်ဖြစ်သည်။ 

ကြီးထွားမီဒီယာကောင်းတခုသည် 

  • ၁။ အပင်အတွက် လုံလောက်သော ထောက်ပံ့မှုပြုနိုင်ရမည်။
  • ၂။ ရေစီးဆင်းမှုကောင်းရမည်။
  • ၃။ လေဝင်လေထွက်ကောင်းရမည်။
  • ၄။ လုံလောက်သောရေထိန်းနိုင်စွမ်း (water holding capacity) ရှိရမည်။
  • ၅။ အမြစ်နှင့်ကြီးထွားမီဒီယာပြင်ပရှိ လေထုကြားတွင် ကောင်းသောဓာတ်လဲလှယ်မှု(good gaseous exchange mechanism) ရှိရမည်။
  • ၆။ အာဟာရဓာတ် အနေအထားမြင့်ရမည်။
  • ၇။ ပေါ့ပါးရမည်။ အပင်ကြီးထွားမှုအတွက် အရေးကြီးရမည်။
  • ၈။ ကြီးထွားမီဒီယာကောင်းမွန်မှုရှိမရှိကို နိုင်ထရိုဂျင်နှင့် ဖော့စဖောရပ်ကို အပင်မှအမြင့်ဆုံးစုပ်ယူနိုင်သော အဖြေရလဒ်များအရ မှတ်တမ်းယူသည်။

ဇယား- စတီးဗီးယားပြောင်းရွှေ့မစိုက်မီ ကြီးထွားမီဒီယာ၏ ရုပ်ပိုင်းနှင့်ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ 

သစ်သားကန်ဖြင့်တီကောင် မြေသြဇာပြုလုပ်နည်း (မြ ၂ဝ၂ဝ)

  • အဆင့် ၁ - ဗေဒါရိုး ငှက်ပျောဖတ်များထည့်သည်။
  • အဆင့် ၂ - တီကောင်များ ထည့်သည်။
  • အဆင့် ၃ - ရေလောင်းသည်။

ဘာကြောင့် အကျိုးရှိသလဲ..?

တီမြေဆွေးသည်လေဝင်လေထွက်ကောင်းသည်။

ဥယျာဥ်ခြံမြေနှင့် တီမြေဆွေးအရောသည် မြေအရည်အသွေးတိုးလာပြီး အပင်ဒြပ်ထုတိုးစေသည်။ ကလိုရိုဖီးမော်လီကျူး အစိတ်အပိုင်းများဖြစ်သော  နိုက်ထရိုဂျင်ရရှိမှုမြင့်မားသည်။ နေရောင်ဖြင့်အစာချက်မှု၊ အရောင်ခြယ်များပါဝင်မှုနှင့် သက်ဆိုင်သော မင်နရယ်ကြွယ်ဝသည်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယံကြွယ်ဝသည့် အရင်းအမြစ်ဖြစ်သည်။

သို့ဖြစ်၍ ကြီးထွားမီဒီယာအဖြစ် ခဲမြေအစား ဇီဝနှိုးဆွတီမြေဆွေး (သို့မဟုတ်) ဥယျာဥ်ခြံမြေနှင့်တီမြေဆွေးအရောများကို အစားထိုး သုံးသင့်ပါသည်။

ကိုးကား

မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ

Sardar.H. et al., Evaluation of different growing media based on agro-industrial waste materials for the morphological, biochemical and physiological characteristics of stevia. Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698 IN. Cleaner Waste Systems. Volume 3, December 2022, 100038.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Tun Win

Tun Win

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ခမျာ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 4 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။