အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အော်ဂဲနစ်မြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းဖြင့် သီးနှံ အရည်အသွေးတိုးစေခြင်း (၂)

အော်ဂဲနစ်မြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းဖြင့် သီးနှံ အရည်အသွေးတိုးစေခြင်း (၂)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၅ဝ)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံ အရည်အသွေးတိုးစေသည် (၂)

အော်ဂဲနစ်မြေသြဇာ (မြေဆွေး) နှင့် အေအမ်အက်မှို ပူးတွဲသုံးပါက စတီးဗီယား ရွက်ချိုမှုန့်ပင်အရွက်ထွက် အားကောင်းစေသည် 

ဘာ့ကြောင့်အသုံးပြုသင့်တာလဲ?

ဘာကြောင့်ကောင်းတာလဲ?

၁။ အေအမ်အက်မှိုသည် ဂလိုမာလင်း (ဂလိုက်ကိုပရိုတင်း) နှင့် ဖိုက်တိုဟော်မုန်းဓာတ် ထုတ်သည်။

၂။ ဂလိုမာလင်းသည် မြေဖွဲ့စည်းမှုကောင်းစေသည်။ အပင်သည် ဇီဝနှင့်အဇီဝဖိနှိပ်မှုဒဏ် (သက်ရှိများကြောင့်ဖြစ်သည့်ဒဏ်နှင့် သက်ရှိမဟုတ်သည့်ပတ်ဝန်းကျင်ကြောင့်ဖြစ်သည့်ဒဏ်) တွန်းလှန် မှု တိုးစေသည်။ 

၃။ ဟော်မုန်းဓာတ်သည် ပူးတွဲသုံးသော အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြု စွမ်းရည်ကို နှိုးဆော်သည်။

၄။ ကောက်ရိုးနှင့်အကျိုးပြုသက်ရှိပါဝင်သော ရက် ၉ဝ သားရှိသည့် လုံးဝဆွေးသော မြေဆွေးတွင် ဟူးမစ်အက်ဆစ်သည် ၁ ဂရမ်တွင် ၉၁-၁၁ဝ မီလီဂရမ်ပါသည်။ ဖူးဗစ်အက်ဆစ်သည် မြေဆွေး ၁ ဂရမ်တွင် ၃-၂၃ မီလီဂရမ် ပါဝင်သည်။ ကောက်ရိုးကို ဇီဝဓာတ်ငွေ့အနှစ်များဖြင့် ပြုလုပ်ခြင်းသည် နွားချေးဖြင့်ရသော မြေဆွေးများထက်  နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယံ၊ ဟူးမစ်အက်ဆစ်၊ ဖူးဗစ်အက်ဆစ် ပါဝင်မှုပိုများသည်။

ဘိုကာရှီကောက်ရိုးမြေဆွေး

ကောက်ရိုးမြေဆွေးတွင်ပါဝင်သောပစ္စည်းများ

အေအမ်အက်ဖ်မှို (Rhizophagus intraradices) ဇီဝမြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာ  ပူးတွဲသုံးခြင်း

 

စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်)

တွေ့ရှိချက်

၁။ ဇီဝမြေသြဇာ အေအမ်အက်မှို  (Rhizophagus intraradices) ကို အော်ဂဲနစ်မြေသြဇာဖြစ်သော ဘိုကာရှီ မြေဆွေးနှင့်ပူးတွဲသုံးခြင်းသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) အများဆုံးဖြစ်သည်။ 

၂။ အေအမ်အက်မှိုသည် အော်ဂဲနစ်မြေသြဇာများနှင့် ပူးတွဲသုံးရန် ကောင်းသည်။

ဇီဝမြေသြဇာ အေအမ်အက်မှိုမပါဘဲ သိုးချေး၊ ဘိုကာရှီ၊ ကြက်ချေးစသည်ဖြင့် သီးခြားစီသုံးခြင်းသည် စတီးဗီးယားပင်၏   အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) နည်းသည်။

၄။  ဇီဝမြေသြဇာအေအမ်အက်မှိုနှင့် အော်ဂဲနစ်မြေသြဇာကို တစ်မျိုးတည်း(သို့မဟုတ်) ပူးတွဲသုံးပါက စတီးဗီးယားပင်၏ အပင်ထွက်ကောင်းသည်။

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

  • ၁။ စတီးဗီယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော ကောက်ရိုးမြေဆွေး ထဲတွင် အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့် နိုက်ထရိုဂျင် အချိုး (< ၂၀)နှင့် ပီအိပ်ချ်ကို ဖော်ပြထားသည်။ တောင်သူများသည် မိမိတို့စိုက်ပျိုးနေသောသီးနှံစုံတွင် အသုံးပြုသင့်သော မြေဆွေးများ၏ အာဟာရတန်ဖိုးများကို ကြိုတင်နားလည်စေရန် စတီးဗီယားပင်တွင် အသုံးပြုမှုကို စံအဖြစ်ထားပြီး ဖော်ပြရှင်းလင်းထားပါသည်။ 
  • ၂။ ကြီးထွားမီဒီယာတွင် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးဆွေးများ၊ သဘာဝမြေသြဇာများနှင့် ဇီဝမြေသြဇာများကို ဖြည့်စွက်သုံးခြင်းဖြင့် စတီးဗီယားရွက်ချိုမှုန့်ပင် ဒြပ်ထု တိုးအောင် ဆောင်ရွက်သင့်သည်။ ၎င်းမှတဆင့် စတီးဗီရိုဆိုက်ပုံစံနှင့် စတီးဗီးယား စစ်ထုတ်ပစ္စည်းများ တိုးလာမည်ဖြစ်သည်။

ကိုးကား

Goyal S. and S.S. Sindhu, 2011. Composting of Rice Straw Using Different Inocula and Analysis of Compost Quality. Microbiology Journal, 1: 126-138.DOI: 10.3923/mj.2011.126.138

Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065

  ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

အပင်အာဟာရဓာတ်များ

အပင်အာဟာရဓာတ်များ

2
pan pan

pan pan

လွန်ခဲ့သော ၃ နှစ် က

အေအမ်အက်မှို နှင့် ဘိုကာရှီ ဆိုတာဘာကိုပေ​ြာတာလဲဗျာ.ရှင်းပ​ြပေးပါလား.please

ဇွဲခန့် ပိုင်

ဇွဲခန့် ပိုင်

လွန်ခဲ့သော ၃ နှစ် က

အေအမ်အက် မှို ဆိုတာကို နားမလည်ဘူးဗျ၊အီးအမ်ကိုပြောတာလား တကယ်မသိလို့ပါ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 4 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။