ဘီယာကို ရွက်ဖျန်းဆေးလုပ်ဖျန်းတာ အကျိုးရှိလား?
အစိမ်းရောင်လမ်းမှာ ဒီလိုမေးခွန်းမျိုးလေးတွေ တက်လာလေ့ရှိတယ်။ နည်းလမ်းအသစ်လေးတွေကို အပင်နည်းနည်းမှာ စမ်းသပ်တာက ကောင်းပေမယ့် ကြားဖူးနားဝနဲ့ ပိုက်ဆံအကုန်ခံပြီး အများကြီးလိုက်လုပ်ရင်တော့ အကျိုးမရှိဘဲ ငွေကုန်ရုံသပ်သပ် ဖြစ်သွားတာ ဒါမှမဟုတ် ပိုဆိုးသွားတာမျိုး ဖြစ်မှာစိုးလို့ သေချာရှင်းပြချင်ပါတယ်။ ဘီယာကို ရွက်ဖျန်းဆေးအနေနဲ့ ဖျန်းဖို့စိတ်ကူးရှိရင် ဒီဆောင်းပါးကို ပြီးတဲ့အထိ ဖတ်ပေးပါ။
ကုန်တဲ့ပိုက်ဆံနဲ့ ထိရောက်မှုရှိလားဆိုရင် မရှိဘူးလို့ပဲ ပြောရမှာပါ။ ဘီယာမှာ သကြား (ကာဗွန်ဟိုက်ဒရိတ်)၊ အသားဓာတ် (နိုက်ထရိုဂျင်)၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အရက် နဲ့အခြားအနည်းလိုအဟာရဓာတ် (မပြောပလောက်) တဲ့ပမာဏပဲ ပါပါတယ်။ နောက် ဘီယာမှာ ၉၀ ရာခိုင်နှုန်း (၁၀ ပုံပုံရင် ၉ပုံ)က ရေပါပါတယ်။ ကဲ တစ်ခုချင်းစီ ကြည့်ရအောင်။
- သကြား (ကာဗွန်ဟိုက်ဒရိတ်) - ဘီယာမှာပါဝင်တဲ့ သကြားဓာတ်ကို အပင်ကတော့ ယူလို့မရပါဘူး။ မြေကြီးထဲက အဏုဇီဝပိုးလေးတွေအတွက်တော့ စားလို့ရချင်ရနိုင်ပါတယ်။ ဒါကလည်း အချိုးအရမ်းနည်းသလို ရွက်ဖျန်းဖြစ်တဲ့အတွက် ထိရောက်မှုက သိသာမှာမဟုတ်ပါဘူး။
- အသားဓာတ် (နိုက်ထရိုဂျင်) - ဘီယာမှာ အသားဓာတ်(နိုက်ထရိုဂျင်) အနည်းငယ် ပါဝင်ပါတယ်။ USDA (အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန) ကပြောတာတော့ ၁၂ ပေါင် (၃၄၀ ဂရမ်) မှာ အသားဓာတ်က (၀.၇) ဂ၇မ်ပဲ ရှိပါတယ်။ သဘောက အစတစ်ထောင်ပုံမှ ၂ ပုံလောက်ပဲ ပါတဲ့သဘောမျိုးပါ။ ဒါတောင် ဘီယာသီးသန့်ပဲ ပြောတာပါ။ တကယ်ဖျန်းမယ်ဆိုရင် ရေရောဦးမှာဆိုတော့ ဆင့်ပါးစပ် နှမ်းပက်ရုံပဲရှိပါတယ်။
- ကာဗွန်ဒိုင်အောက်ဆိုဒ် - ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပင်က လေထဲကနေ အသက်ရှုလိုက်တိုင်းကို ရနေတာကြောင့် ဘီယာကနေ အောက်ကျခံပြီး အပင်တွေက မယူပါဘူး။ ဒါကြောင့် ဒီအာဟာရအတွက် ဖျန်းရတာပါဆို အပင်တွေ စကားပြောတတ်ရင် အပင်ပန်းမခံပါနဲ့ ပြန်ပြောကြပါလိမ့်မယ်။
- အရက် - အပင်တွေအတွက် အရက် မလိုအပ်ပါဘူး။ အရက်ကိုတော့ အချို့ သဘာဝပိုးသတ်ဆေးတွေမှာ သုံးတာ တွေ့မိပါလိမ့်မယ်။ ဒါကလည်း ပိုးနှိမ်နှင်းဖို့အတွက်ထည့်တာပါ။
- ရေ - ရေအတွက်နဲ့တော့ ဘီယာမသုံးပါနဲ့တော့။
- အခြားအနည်းလိုအာဟာရဓာတ် - အရက်မှာ သံဓာတ်၊ ဇင့်ဓာတ်၊ ကောပါးဓာတ်တို့လိုမျိုး မမြင်သာလောက်တဲ့ ပမာဏနည်းနည်းလေးပါတယ်ဆိုပေမယ့် အကျိုးမထူးပါဘူး။

အစိမ်းရောင်လမ်းပေါ်မှာ ဘီယာအကြောင်းဖတ်ဖူးကြတာမျိုးရှိမှာပါ။ ဒါက ခရုတို့ ပက်ကျိတို့ထောင်ချောက်ဆင်ဖမ်းဖို့အတွက် ပြောထားတာပါ။ ဒီအတွက်ဆောင်းပါးက ဒီမှာ ဖတ်ပါ။ ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး
အဲဒီတော့ ပြန်အကျဉ်းချုံးရရင် ဘီယာကိုရွက်ဖျန်းအနေနဲ့သုံးတာ နားထောင်ကောင်းသလိုလိုရှိနေပေမယ့် ပိုက်ဆံကုန် လူပန်းပြီး ဘာတစ်ခုမှ အကျိုးမရှိတာမို့လို့ လိုက်မလုပ်ပါနဲ့လို့ အကြံပြုချင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
win ko thu
လွန်ခဲ့သော ၂ နှစ် ကအရက်ကဘယ်လိုပိုးမျိုတွေကိုနှိမ်နှင်းနိုင်ပါလည်ခင်ဗျာသိပရစေ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026