အမိုင်နိုအက်ဆစ်သုံးရင် ဒီ (၄) မျိုး အကျိုးထူးရမယ်
အပင်အာဟာရအကြောင်းပြောကြတဲ့အခါ အမိုင်နိုအက်ဆစ်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာကတော့ ကျော်သွားတတ်ကြပါတယ်။
အပင်ဇီ၀ကမ္မဗေဒနဲ့ပတ်သတ်ပြီး အမိုင်နိုအက်ဆစ်ရဲ့အခန်းကဏ္ဍကို များများပြားပြား လေ့လာထားတာတွေ မရှိသေးပေမယ့် အမိုင်နိုအက်ဆစ်ဟာ အပင်အတွက်လိုအပ်တဲ့/ အပင်ကိုကျွေးရမယ့် အာဟာရဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။
အမိုင်နိုအက်ဆစ်ဟာ အပင်ဆဲလ်တွေ သန်စွမ်းဖို့၊ ရောဂါဒဏ်ခံနိုင်ရည်ရှိဖို့၊ အမြစ်တွေသန်မာဖို့ စတဲ့ အပင်ရဲ့ဆောင်ရွက်ချက်တွေအတွက် အဓိကအရေးကြီးသလို၊ ပန်းပွင့်ကြီးကြီးတွေပွင့်ဖို့ ၊ စံချိန်လွန် ဖရုံသီးတွေသီးဖို့နဲ့ အထွက်နှုန်းတွေ တန်ချီပြီးထွက်ဖို့ အရေးပါလှတဲ့ အာဟာရဓါတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
အပင်၊ မြေကြီးနဲ့ အဏုဇီ၀ပိုးမွှားတွေရဲ့ ဇီ၀ဖြစ်စဉ်တွေမှာလည်း များစွာအထောက်အကူပြုစေတဲ့ အမိုင်နိုအက်ဆစ်ဟာ မိတ်ဆွေရဲ့ ဥယျာဉ်အတွက် အဖိုးတန်အာဟာရဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။
မြေကြီးထဲမှာရှိတဲ့ အမိုင်နိုအက်ဆစ်ဟာ အပင်အကျိုးပြုဟော်မုန်းများကို ကပ်တွယ်မှုဖြစ်စေပြီး အပင်ကြီးထွားမှုဖြစ်စဉ်များကို အထောက်အပံ့ ဖြစ်စေပါတယ်။
ဒါ့အပြင် မြေကြီးထဲမှာရှိနေတဲ့ အပင်အကျိုးပြုသက်ရှိများ/ အဏုဇီ၀ပိုးမွှားတွေရဲ့ အပြင်ဘက်နံရံတွေကို ကျန်းမာသန်စွမ်းစေပြီး ကြမ်းတမ်းတဲ့အခြေအနေကို ခံနိုင်ရည်ရှိစေပါတယ်။
အမိုင်နိုအက်ဆစ်ရဲ့ နောက်အကျိုးကျေးဇူးတစ်ခုကတော့ ရာသီဥတုဒဏ်/ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော၊ ကျန်းမာသန်စွမ်းသော၊ အာဟာရစုပ်ယူမှု အားကောင်းသော အမြစ်များစွာကို ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။
အပင်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်ကို ရွက်ဖျန်းပေးခြင်းအားဖြင့် အပင်မှ အလွယ်တကူရရှိနိုင်ပါတယ်။
အမိုင်နိုအက်ဆစ်ဖျန်းပေးခြင်းအားဖြင့် အပင်အတွက် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါမယ်။
(၁) အပူချိန်မြင့်မားခြင်း/ စိုထိုင်းစ နိမ့်လွန်းခြင်း/ ဆီးနှင်းကျခြင်း/ ပိုးမွှားကျရောက်ခြင်း/ မိုးသီးမုန်တိုင်းတိုက်ခိုက်ခြင်း/ရေကြီးခြင်းတို့ရဲ့ နောက်ဆက်တွဲပြဿနာများကတော့ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပါတယ်။ ဒီလိုရာသီဥတုဒဏ်တွေ မတိုင်ခင်/ ရာသီဥတုဒဏ်တွေ ခံစားနေရချိန်/ ခံစားပြီးတဲ့နောက်ပိုင်းမှာ အပင်ကို အမိုင်နိုအက်ဆစ်ဖျန်းပေးမယ်ဆိုရင် ရာသီဥတုဒဏ်ကနေ ကာကွယ်ပေးနိုင်သလို အပင်ကို မြန်မြန်နလံပြန်ထနိုင်စေပါတယ်။
(၂) အမိုင်နိုအက်ဆစ်ဟာ အပင်အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်မှာ အရေးပါလှတဲ့ Chlorophyll လို့ခေါ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်းလေး ထုတ်ပေးဖို့အတွက်လည်း အဓိကနေရာမှာ ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်ဖျန်းပေးခြင်းဖြင့် Chlorophyll ပမာဏ များများထုတ်လုပ်ပေးနိုင်ပြီး အပင်ရဲ့ အစာချက်လုပ်နိုင်ခြင်းကို မြင့်မားစေနိုင်ပါတယ်။
(၃) အရွက်မျက်နှာပြင်ပေါ်ရှိ လေရှူပေါက်များ ဖွင့်ခြင်း၊ ပိတ်ခြင်းဖြစ်စဉ်များကို ပြင်ပမှ အလင်းရောင်၊ အပူချိန်၊ စိုထိုင်းစများအပြင် အမိုင်နိုအက်ဆစ်ကလည်း သက်ရောက်မှုဖြစ်စေပါတယ်။
(၄) အမိုင်နိုအက်ဆစ်ဟာ ဝတ်မှုန်များ သန္ဓေအောင်နှုန်းမြင့်မားစေပြီး မျိုးကူးခြင်းလုပ်ငန်းစဉ်အတွက် အရေးပါလှသော အာဟာရဓါတ်ဖြစ်ပါတယ်။ ဝတ်မှုန်များ အညှောင့်ပေါက်နှုန်းမြင့်မားစေပြီး၊ ဝတ်မှုန်ပြွန်တံများ ပိုရှည်စေပါတယ်။ အကျိုးဆက်အနေနဲ့ အသီးတင်မှု မြင့်မားစေခြင်း၊ အသီးဆဲလ်များ ပိုမိုသန်မာလာစေပြီး ကြာရှည်စွာအထားခံနိုင်ခြင်းနှင့် အနံ့အရသာပိုမိုကောင်းမွန်စေများလည်း ဖြစ်စေပါတယ်။
အပင်အတွက် ကောင်းကျိုးများစွာဖြစ်စေသော အမိုင်နိုအက်ဆစ်ကို တစ်ပတ်တစ်ခါ (သို့) ၃ ပတ်တစ်ခါ မြေကြီးမှာ လောင်းပေးနိုင်သလို/ ၅ ရက်တစ်ခါ (သို့) ၇ ရက်တစ်ခါ ရွက်ဖျန်းအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ နိုက်ထရိုဂျင်ဓါတ်ပါဝင်မှုမြင့်မားသော အမိုင်နိုအက်ဆစ်ဟာ နောင်တစ်ချိန်တွင် နိုက်ထရိုဂျင်မြေဩဇာအစားထိုးအဖြစ် အသုံးပြုနိုင်မည့် အပင်အာဟာရတစ်မျိုးပင် ဖြစ်ပါတော့သည်။
နန်းစုစံ(စိုက်ပျိုးရေး)
အာကာဖြိုး
လွန်ခဲ့သော ၃ နှစ် ကအမိုင်နိုအက်စစ်ကိုမွေးမြူရေးအစာတွင်အသုံးပြုလို့ရပါသလား
ကိုဖိုးချော
လွန်ခဲ့သော ၃ နှစ် ကလုပ်နည်းလေး သိလျင်မိ
ကိုဖိုးချော
လွန်ခဲ့သော ၃ နှစ် ကပဲပုတ်တွင် ငါးအမိုင်နို ကို ပန်းပွင့်တဲ့အချိန်မှာ ဖျန်းရင် ပန်းပွင့်ကြွေကျမှုဖြစ်နိုင်လား ကျွန်တော်သုံးတာ ပန်းပွင့် တအားကြွေနေလို့ အသီးမတင်ဖြစ်နေတယ်
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကသူရေးပေးထားတာအဲ့လေးမျိုးလေ သေချာလေးဖက်ပါဗျအဲ့ဒါမှစာရေးသူတွေကိုလေးစားရာရောက်မယ်လေ
နုနုလွင်
လွန်ခဲ့သော ၄ နှစ် ကကိုယ်တိုင်လုပ်ပါ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nan Su San
အားလုံး
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022