အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ အရည်

ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ အရည်

ဇီဝစူပါ အရွက်ဖျန်းမြေသြဇာ (Bio Super Foliar Fertilizer) ဆိုသည်မှာ မြေပဲဖက်၊ နှမ်းဖက်များကို အချဉ်ဖောက်ခြင်း (Fermentation) ကို အခြေခံ၍ ထုတ်လုပ်ထားပါသည်။ အဓိကနှင့် အနည်းလို အာဟာရဓာတ်များ ပါဝင်သော ရွက်ဖျန်းမြေသြဇာအရည်ဖြစ်ပါသည်။ ဗဟို စိုက်ပျိုးရေးသုတေသန၊ ရေဆင်းတွင် ၁၉၉၂-၁၉၉၃ မှစတင်၍ သုတေသန ပြုလုပ်ခဲ့ပြီး ၁၉၉၄-၁၉၉၅ ခုနှစ်တွင် စတင် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။

၁။ ပါဝင်သည့် အာဟာရဓာတ်များ

နိုက်ထရိုဂျင် ၃၀%
ဖော့စ်ဖရပ်စ် ၄%
ပိုတက်စီယမ် ၀.၀၂%
ကန့် ၀.၀၁%
သွပ် ၀.၀၁%
သံ ၀.၂၀%
ကြေးနီ ၀.၀၂%
မင်းဂနိစ် ၀.၀၂%
ဘိုရွန် ၀.၀၁%
မော်လစ်ဒီနမ် ၀.၁၀%

၂။ အသုံးပြုနိုင်သည့်သီးနှံ

သီးနှံအားလုံးတွင် အသုံးပြုနိုင်သည်။ အထူးသဖြင့် ပဲမျိုးစုံ သီးနှံအတွက် ဇီဝစူပါမြေသြဇာသည် ပိုမိုသင့်လျော် ကောင်းမွန်သည်။

၃။ အသုံးပြုရန် နှုန်းထား

စိုက်ပျိုးသီးနှံများအားလုံး တစ်ဧက တစ်ကြိမ်လျှင် ၅၀၀ စီစီဝင် တစ်ပုလင်းနှုန်းဖြင့် ၃-၅ ကြိမ်အထိ ပက်ဖျန်းပေးရန် ဖြစ်ပါသည်။

၄။ အသုံးပြုနည်း

၅၀၀ စီစီဝင် တစ်ပုလင်းသည် တစ်ဧကအတွက် တစ်ကြိမ် ဖျန်းရန် လုံလောက်သည်။ မြေသြဇာရည် ပုလင်းကိုကောင်းစွာလှုပ်၍ အချင်အတွယ် အမှတ်ပါသော အဖုံးဖြင့် ၂၅ စီစီချင်တွယ်ပြီး ရေတစ်ဂါလံနှုန်းဖြင့် ရောပါ။ သီးနှံပင်အရွက်၏ အပေါ်နှင့် အောက်မျက်နှာ နှစ်ဖက်စလုံးပေါ်သို့ ဖျန်းပေးပါ။ မြေသြဇာရည်ကိုစိုက်ပြီး ၂ ပတ်မှ ပန်းမပွင့်မီကြား ၃-၅ ကြိမ်အထိ နံနက်ပိုင်း သို့မဟုတ် ညနေပိုင်းတွင် ဖျန်းပေးပါ။

မှတ်ချက် - ပဲမျိုးစုံသီးနှံများတွင် စိုက်ပြီး ၂ ပတ်မှ သီးကင်းဝင်ချိန်အထိဖျန်းပေးနိုင်ပါသည်။ မြေသြဇာရည်ဖျန်းပြီး ၃ နာရီအတွင်း မိုးရွာပါက ထပ်မံ၍ ဖျန်းပေးရန် လိုပါသည်။ သုံးစွဲနေကျ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရော၍ အသုံးပြုနိုင်ပါသည်။

၅။ အကျိုးကျေးဇူး

သုံးစွဲရာတွင် လွယ်ကူပြီး ကုန်ကျစရိတ် သက်သာစေပါသည်။ သယ်ယူ ကိုင်တွယ်စရိတ် သက်သာသဖြင့် ဝေးလံဒေသမှ တောင်သူများအတွက် ပိုမိုအကျိုးရှိစေပါသည်။ သီးနှံများ အထွက်ပိုလာခြင်းနှင့် ဓာတ်မြေသြဇာချွေတာ သုံးစွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါသည်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri-mobile App)

ကိုးကား-စိုက်ပျိုးရေး ဦးစီးဌာန

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ထူးသန့်

ထူးသန့်

လွန်ခဲ့သော ၄ နှစ် က

ပြုလုပ်ပုံနည်းစနစ်လေးတင်ပေးပါအုံး

I Nyi

I Nyi

လွန်ခဲ့သော ၄ နှစ် က

ပြုလုပ်ပုံနည်းစနစ်လေးမျှဝေပေးပါ

Swe

Swe

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုအချင်ဖေါက်ရမလဲး

မင်းထွန်း

မင်းထွန်း

လွန်ခဲ့သော ၅ နှစ် က

အချဉ်ဖောက်နည်းမှ မပါဘဲ ဘယ်လိုလုပ်ပါ့

မြတ်စိုးဦး

မြတ်စိုးဦး

လွန်ခဲ့သော ၅ နှစ် က

အလိုအချဉ်ဖောက်ရမာလည်းဗျ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။